Porsche အနေနဲ့ Sports Car တွေထဲမှာ ပစ္စည်း ဖွက်သိမ်းထားစရာ နေရာသစ်တစ်ခုကို ဖန်တီးထားတဲ့ ဒီဇိုင်းနမူနာ ကို ဖန်တီး လာခဲ့ပါတယ်။ အဆိုပါ ဒီဇိုင်းပုံကိုတော့ DPMA ဆိုတဲ့ ဂျာမနီမူပိုင်ခွင့် မှတ်ပုံတင်ရုံး ကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး အဆိုပါ နေရာလေးကတော့ ကားတံခါးနဲ့ အတွင်းခုံအကြားက တံခါးဘောင် နေရာလေးမှာ ဖြစ်ပါတယ်။ အခု ပုံကြမ်းတွေ အရတော့ ပစ္စည်း ထည့်စရာ အစိတ်အပိုင်းလေးရဲ့ အပိုင်းကို ဖုံးပေးထားမယ့် အဖုံးတစ်ခု ထပ်ပါလာမှာ ဖြစ်ပြီး တစ်ဖက်တစ်ချက်ဆီမှာ သေချာဖုံးပေးထားလို့ တော်ရုံဆို ဆွဲထုတ်လို့ ရတယ်ဆို‌တာတောင် မသိနိုင်လောက် ပါဘူး။ ဒါ့အပြင် ကားကို သေချာ Lock ချထားမယ် ဆိုရင်တော့ တံခါးထဲက ထွက်လာမယ့် အဆိုပါ အံဆွဲလို အပေါက် လေးကို သေချာပိတ်ပေးထား မှာပါ။ ဒီဇိုင်း ပုံတွေအရတော့ အခု အထဲကို ထည့်ဝှက်ထားလို့ရတဲ့ အံဝှက်လေးက အ‌နည်းဆုံး ၄ လက်မ ကနေ အများဆုံး ၁၂ လက်မလောက် အထိကို အရှည် ရှိနိုင်ပါတယ်။ ထူးခြားတာ တစ်ခုကတော့  နမူနာ ပြတာကို Porsche တို့က A 4 စာရွက်နဲ့ ပြထားတာကြောင့် အရေးကြီး စာရွက်စာတမ်းတွေ အပြင် စိန်လိုမျိုး တန်ဖိုး ကြီးတဲ့ လက်ဝတ်လက်စားတွေကိုလည်း ဝှက်ထားလို့ ရပါသေးတယ်။

Photo Credit: CARBUZZ

အခုလိုမျိုး ကားအတွင်း ပစ္စည်းဝှက်ထားလို့ရတဲ့ လျှို့ဝှက်နေရာတွေ ဖန်တီးတာကတော့ အဆန်းမဟုတ် တော့ပဲ ယခင် တုန်းက Chevrolet Orlando ကားမှာဆိုရင်လည်း Infotainment Buttons တွေရဲ့ အနောက်မှာ နေရာဝှက် တစ်ခု ထည့်ပေး ခဲ့ဖူးပါတယ်။ Rivian R1T အသစ်မှာတောင်မှ အနောက်ဘက် Bed နဲ့ ခရီးသည် ထိုင်တဲ့ အနောက်ခုံတို့ အကြား နေရာ လွတ်လေးမှာ ပစ္စည်းတွေ ထားလို့ ရနိုင်သေးအောင် စီစဉ်ပေးထားသလို တံခါးထဲမှာလည်း Flashlight သေးသေးလေး တစ်ခုကို လျှို့ဝှက်သုံးလို့ ရအောင် ထည့် ပေးထားပါသေးတယ်။ Rolls-Royce ကတော့ သူ့ရဲ့ ဇိမ်ခံ အပြည့်နဲ့ ပိုင်ရှင်တွေကို နေမပူ ၊ မိုးမစိုစေဖို့ အတွက် အမြဲတမ်း ထီးတစ်ချောင်းရအောင် ထည့်ပေးထားလေ့ရှိတာ ဖြစ်ပြီး အခုလို လျှို့ဝှက်နေရာတိုင်း ကတော့ Porsche မှာ မရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

McLaren ကားကလည်း သူတို့ရဲ့ F 1 ကား အနောက်ဘက် တံခါးနောက်ကို ပစ္စည်းထည့်ဖို့ နေရာအဖြစ် ပြောင်းလဲ ပေးထားကာ အနောက်ဘက် Fender ထဲကို ဆိုရင်လည်း လက်ဆွဲအိတ်တစ်လုံး ကောင်းကောင်း ထည့်လို့ရအောင် လုပ်ပေးထားပါတယ်။ အဆိုပါ Concept ကိုတော့ Gordon Murray ကလည်း T.50 ကားမှာ အသုံးပြုခဲ့ ဖူးတာပါ။ အခု Porsche ရဲ့ ပုံစံဒီဇိုင်းအသစ်ကတော့ ရိုးရှင်းလွန်းပြီး တံခါးဖွင့်မှသာ အတွင်းမှာမြင်ရမယ့် လျှို့ဝှက်နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် လက်တွေ့ဘဝက ရုပ်ရှင် မဟုတ်တာကြောင့် ဒီနေရာကို သိသွားမယ့် စပိုင် တစ်ယောက်ယောက် ဆိုရင်လည်း ဒီနေရာမျိုးကို ရအောင် ရှာပါလိမ့်မယ်။ ဒီ နည်းပညာနဲ့ ဆိုရင်တော့ နောက်ဆိုရင် Porsche 911 Turbo လို ကားမျိုးမှာ နာရီ ထည့် စရာတို့ အခြားအရေးကြီးတဲ့ Accessories တွေကိုပါ ကားထဲမှာ စိတ်ချ လက် ချသိမ်းပြီး ယူသွားလို့ ရနိုင် မှာပါ။ ဘယ်လိုပဲဆိုဆို ကားဝယ်ယူသူအများစု ကြိုက်နှစ်သက်လေ့ရှိတဲ့ အခုလို နည်းပညာတွေ ထည့်ပေး လာတာကိုတော့ ကြိုဆိုရမှာပဲ ဖြစ်ပါတယ်။

Ref:  https://carbuzz.com/news/porsches-new-storage-solution-is-a-drug-dealers-dream