ကျောက်တောင်တွေ ထူထပ်ပြီး ကားသစ်တွေအတွက် စမ်းသပ်ရာ နေရာကောင်းတစ်နေရာဖြစ်တဲ့ Moab ဒေသကတော့ လမ်းကြမ်းမောင်းနိုင်တဲ့ ကားတွေအတွက် မှတ်ကျောက်တင်လို့ အကောင်းဆုံး နေရာ ဖြစ်ပါ တယ်။ ကားတစ်စီးကို လမ်းကြမ်း မောင်း စွမ်းဆောင်ရည် ကောင်းစေဖို့အတွက် ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပုံစံပြောင်း အဆင့်မြှင့်လို့ ရတယ် ဆိုပေမယ့် အခု ပထမဆုံးမျိုးဆက် Porsche Cayenne ကတော့ ဘာမှ မပြင်မဆင်ရသေးပဲနဲ့ကို All-Terrain တာယာတွေနဲ့ ကောင်းကောင်း မောင်းပြသွားနိုင်ခဲ့ပါပြီ။ အင်ဂျင် ၊ Transmission ၊ Suspension နဲ့ ကားရဲ့ အမြင့်တွေ အကုန်လုံးကလည်း လုံးဝကို မူလအတိုင်း ဘာမှ မပြောင်းလဲထားသေးတာ ဖြစ်ပါတယ်။

အခု Video ထဲမှာ Cayenne ကား မောင်းပြသွားတဲ့လမ်းက Acura MDX ကားအမြင့် အမျိုးအစား မောင်းသွားတဲ့ လမ်းကြောင်းနဲ့ အတူတူပဲလည်းဖြစ်လို့ ကြည့်လိုက်ရင်တော့ မြင်ဖူးသလိုလို ဖြစ်နေလောက်ပါ တယ်။ အခုကား ပိုင်ရှင်ရဲ့ ပြောကြားချက် အရတော့ အဆိုပါကားဟာ သူတို့ရဲ့ ဒုတိယမြောက် 2008 model Porsche ကားဖြစ်ပြီး မနှစ်က တုန်းကလည်း သူ့ရဲ့ ပထမဆုံး Porsche ကားကို အခုလိုပဲ စမ်းသပ်ခဲ့ပါ သေးတယ်။ ဒါပေမယ့် အဆိုပါ ကားတုန်းကတော့ Rooftop Tent နဲ့ အဆင့်မြှင့်ထားတဲ့ Suspension အပိုင်းတို့ ပါဝင်လာခဲ့ပါသေးတယ်။ အခုတစ်ခေါက် Cayenne မှာ ကတော့ အဆိုပါ အစိတ်အပိုင်းတွေလည်း လုံးဝမပါဝင်လာခဲ့ပဲ Utah ဒေသရဲ့ အကြမ်းဆုံးနဲ့ စိန်ခေါ်မှု အမြင့်ဆုံး လမ်းကြမ်း အပိုင်းကို မောင်းပြသွားခဲ့တာ ဖြစ်ပါတယ်။ ၆ မိုင် ခွဲအထိရှိတဲ့ အဆိုပါ လမ်းကြောင်းမှာတော့ ကျောက်တောင်တွေ အတော်များ ပြီး လမ်းကြောင်း ပုံစံကလည်း အစုံဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်တောင် ၂ ခု အကြားမှာ ဖြတ်မောင်းရပြီး ယာဉ်မောင်း အတွက်အတော်လေးကို ခက်ခဲစေတဲ့သေမင်းတမန် လမ်းပေါက်ဝ နေရာဆိုတာလည်း ပါဝင် ပါသေးတယ်။ သာမန် လမ်းမ တွေထက်က မြန်နှုန်းတွေနဲ့ပဲ နာမည်ရထားတဲ့ အဆိုပါ Cayenne ကားလေးကတော့ အခု လမ်းကြမ်းပိုင်းမှာ ထင်မှတ်မထား လောင်အောင် လွယ်လွယ်ကူကူ မောင်းပြသွားတာဖြစ်ပြီး ယာဉ်မောင်းကလည်း အတော်လေးကို အတွေ့အကြုံ ရှိပြီးသားလမ်းကြမ်း မောင်းသမား တစ်ယောက် ဖြစ်တာကြောင့် ရှေ့ဘီး နောက်ဘီးတွေ အကုန်လုံးကို စနစ်တကျ ထိန်းကာ ကောင်းကောင်း မောင်းပြသွားနိုင် ခဲ့ပါတယ်။

Photo Credit: motor 1.com

အဆိုပါ လမ်းကြောင်းရဲ့ အခက်ဆုံး သေမင်းတမန် လမ်းပေါက်ဝသာမက လမ်းကြောင်း တစ်ခုလုံးကိုပါ အထိ အခိုက်အနည်းငယ် လေးနဲ့ပဲ မောင်းပြသွားတာ ဖြစ်ပါတယ်။ အထိ အခိုက်လေးတွေကလည်း အတော် နည်းပြီး အရှေ့ဘက် Fascia အောက်ဘက်မှာ ခြစ်မိသွားတာတွေ ၊ Fender Liner အပိုင်းနည်းနည်း ပိန်သွားတာတွေနဲ့ Panel ပိုင်းကို ကျောက်သားနဲ့ ခြစ်မိသွားတာတွေလောက်ပဲ ရှိတာတွေ့ရမှာပါ။ ဘီးတွေဆိုရင် ဘာမှကို အထိအခိုက် မရှိခဲ့ပေမယ့် သေမင်းတမန်နေရာကို ဖြတ်သန်းတုန်းကတော့ တာယာတွေရဲ့ ဘေးသားတွေကို အဓိက အားပြုမောင်းနှင်ရတာကြောင့် ဘီးနဲ့ ကပ်သွားတဲ့ တစ်ချက်တော့ တွေ့ရပါတယ်။ အခုလို စိန်ခေါ်မှုကို ကောင်းကောင်းလုပ်နိုင်ဖို့အတွက် တကယ်တော့ တာယာတွေကို သာမန်ထက် လေအနည်းငယ်ပဲ လျှော့ထိုးခဲ့ရတာဖြစ်ပြီး ဘီးတွေနဲ့ အတော်လေး လိုက်လျောညီထွေ ဖြစ်အောင် မောင်းနိုင်ဖို့ အားစိုက်ခဲ့ ရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com