ဂျာမနီ အခြေစိုက် နာမည်ကြီးကား Tuner Manhart တို့ကတော့ Manhart Performance CRT 800 ဆိုတဲ့ ကားအသစ် တစ်စီးကို နောက်ဆုံးချပြလာ ခဲ့ပါတယ်။ အဆိုပါ ကားကတော့ Porsche Cayenne Coupe Turbo ကို အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်း ကတော့ အံ့အားသင့်စရာ အဖြစ် 796 hp နဲ့ 804 lb-ft Torque အထိကို ရှိလာခဲ့တာပါ။ ကားရဲ့ မူလ စွမ်းဆောင်ရည်တွေ ကတော့ 541 hp နဲ့ 567 lb-ft Torque ဖြစ်တာကြောင့် သိသိသာသာ တိုးတက် လာတာကတော့ ငြင်းမရတာ အမှန်ပါပဲ။ အခုလို စွမ်းဆောင်ရည် ပိုကောင်းသွားစေဖို့ အတွက် ကားကို ပြင်ဆင်မှုတွေ လုပ်ခဲ့ကြရာမှာတော့ Turbo အသစ်တွေနဲ့ Intercooler အသစ်တစ်လုံးတို့အပြင် ပိုကောင်းတဲ့ ECU Software ပိုင်း နဲ့ ပြင်ဆင်မှုတွေပါ လုပ်ဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အိတ်ဇောစနစ်ကိုလည်း Valve တစ်ခု ထပ်ထည့်ပြီး အသံပါ ပြောင်းစေခဲ့သလို အိတ်ဇောပိုက်တွေ ကိုလည်း ၃.၉၄ လက်မရှိတဲ့ ပိုက်တွေအဖြစ် ပြောင်းတပ် ပေးခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ပိုက်ကို ဝယ်ယူရာ မှာလည်း Ceramic အသားနဲ့ ပိုက်လား၊ ဒါမှမဟုတ် Carbon အုပ်ထားတာကို ယူမလားဆိုပြီးလည်း ရွေးနိုင် ပါသေးတယ်။ ဒါတင်မက သေးပဲ Downpipe တွေမှာလည်း 200-Cell Catalytic Converter တွေနဲ့ OPF အစားထိုး ပိုက်တွေပဲ သုံးပေးထားတာပါ။ ဒါပေမယ့် ဒီပစ္စည်းတွေကတော့ ဂျာမနီရဲ့ စံနှုန်းနဲ့ မကိုက်ညီတာ ကြောင့် နိုင်ငံတွင်း လိုချင်သူတွေ အတွက်တော့ အဆင်မပြေပဲ အခြားဈေးကွက်တွေဆီကို တင်ပို့ ရောင်းချ ပေးနိုင်မှာ ဖြစ်ပါတယ်။ ကားရဲ့ Suspension ပိုင်းကိုလည်း ယခင်ထက် ၁.၃၈ လက်မ လောက် ပိုနှိမ့်ပေး ထားကာ စက်ရုံထုတ် နဂို Air Suspension ကိုတော့ ဆက်သုံးထားပြီး Coupling Rods တွေကိုတော့ အသစ်လဲထားလိုက်တာပါ။ ဒီဇိုင်းပိုင်း ကလည်း ထူးခြားပြီး တစ်စီး လုံး အနက်ကိုမှ ရွှေရောင် လိုင်းလေးတွေ ကိုအင်ဂျင်စက်ဖုံးနဲ့ ကားကိုယ်ထည်ဘေးဘက်တို့မှာ ထည့်ပေးထားပါသေးတယ်။ ဒါ့အပြင် အဆိုပါရွှေရောင် အလှလေးတွေကို အရှေ့ဘက် Fascia ၊ ဘီးတွေ၊ ဘရိတ် Calipers တွေနဲ့ အနောက်ဘက်က Diffuser တွေမှာလည်း မြင်ရဦးမှာပါ။

Photo Credit: motor 1.com

ဒါ့အပြင် Manhart ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ကာဗွန်ဖိုက်ဘာ အရှေ့ဘက် Spoiler နဲ့ အနောက်ဘက် Diffuser တွေ ကိုလည်း သီးသန့်ဖန်တီး ပေးထားပါသေးတယ်။ ဘီးတွေကတော့ ၂၂ လက်မ 10-Spoke အမျိုးအစားတွေ သုံးပေးထားပြီး အရှေ့ဘက်မှာတော့ ၁၀.၅ လက်မ အကျယ်ရှိကာ အနောက်ဘက်မှာတော့ ၁၁.၅ လက်မ အထိကို အကျယ် ရှိပါတယ်။ ဘီးတွေကလည်း အနက်နဲ့ ရွှေရောင်တို့ကိုပဲ သုံးကာ အလှဆင် ထားပြီး တစ်ခြားအရောင်တွေ လိုချင်သေးရင်လည်း ရပါသေးတယ်။ Manhart ရဲ့ ဖန်တီးမှုအရ နောက်ထပ် ကြိုးစားနေတဲ့ ကားတစ်စီး ကတော့ Cayenne Turbo GT ဆိုတာပါပဲ။ အဆိုပါ ကားမှာဆိုရင်တော့ 4.0 Liter Twin-Turbo V8 ကြောင့် နဂိုအတိုင်းကိုပဲ 631 hp နဲ့ 626 lb-ft Torque အထိ စွမ်းဆောင် ထားနိုင် မှာပါ။ အင်ဂျင်ကတော့ Crankshaft တွေ ၊ Piston တွေ ၊ အဆက်တွေနဲ့ အခြားသော Timing Chain တွေနေရာမှာလည်း ပစ္စည်းသစ်တွေ သုံးလာမှာဖြစ်ကာ ပြန်လည် ပြင်ဆင် ပေးထားတဲ့ Eight-Speed Automatic Gearbox ကလည်း အတော်လေး အဆင်ပြေစေဦးမှာပါ။ Turbo GT မှာ ကတော့ ၀.၇ လက်မ လောက် ပိုနိမ့်တဲ့ Air Suspension စနစ်ကို သုံးပေးထားပြီး ၂၂ လက်မ ဘီးတွေကိုလည်း အရှေ့ ဘက်မှာ ၁ လက်မ လောက် ပိုကျယ်အောင် တပ်ဆင်ပေးထား ပါတယ်။ ကားရဲ့ ဘရိတ်တွေကလည်း Ceramic- Composite အမျိုးအစားတွေ ဖြစ်တာကြောင့် အတော်လေးကို မာကျောစိတ်ချရတဲ့ ပစ္စည်းတွေ ချည်းပဲ သုံးပေးထားတာ ဖြစ်ပါတယ်။

Ref: motor 1.com