ကားသစ်တွေ ထွက်လိုက်တိုင်း တစ်နှစ်ထက် တစ်နှစ် အဓိကအခြေခံ ထားတဲ့ အရောင်တွေကတော့ အဖြူ ၊ အနက် နဲ့ မီးခိုး စတဲ့ အရောင်တွေပါပဲ။ ဒါပေမယ့် အနက်ကိုမှ လုံးဝကို နက်မှောင်ပြီး ကမ္ဘာ့အနက်ဆုံး အရောင်တွေနဲ့ ခပ် ဆန်းဆန်း မြင်ချင်တယ် ဆိုရင်တော့ ဂျပန် ကားဈေးကွက်ဘက်ကို လှည့်ကြည့်သင့်ပြီး အထူးသဖြင့် Koyo Orient Japan နဲ့ သူတို့ရဲ့ Musou Black ဆိုတဲ့ အနက်ရောင်တွေကိုပဲ ဖြစ်ပါတယ်။ အဆိုပါ အနက်ရောင် ကတော့လက်ရှိ ကမ္ဘာပေါ်က အနက်ရောင်တွေထဲ အနက်ဆုံး‌လို့တောင် ဆိုနိုင်တဲ့ ‌ရေဆေး အခြေပြု Acrylic Paint ကို သုံးထားတာပါ။ အခု မြင်ရတဲ့ Video ထဲမှာ ဆိုရင်တော့ အဆိုပါ Musou Black အနက်ရောင်ကို Porsche 911 ကားတစ်စီးမှာ ခြယ်သ ထားလိုက်ပြီး Koyo Orient ရဲ့ Pit One ဆိုတဲ့ အဖွဲ့က ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အနက်ရောင်ကတော့ အလင်းကို ၀.၆ % သာ အလင်းပြန်စေတာဖြစ်ပြီး ကျန်တဲ့ အလင်း ပမာဏ တွေ အကုန်လုံးကို စုပ်ယူထားလိုက်နိုင်တာကြောင့် တော်တော်လေးကို နက်မှောင်သွားတော့တာပါ။ အခုလို နက်မှောင်လွန်းသွားတဲ့ အတွက် ကားရဲ့ အသေးစိတ်တွေကိုပါ ပျောက်သွားစေခဲ့ ပြီး 2D ပုံရိပ် တစ်ခုခုလို ဒါမှမဟုတ် တစ်ခုခုရဲ့ အရိပ်ကြီးပဲကျနေ သလိုလိုကို ကားကို ခပ်ဆန်းဆန်း မြင်ရပါတော့တယ်။ ပွင့်ပွင့်လင်း လင်း ပြောရမယ်ဆိုရင်တော့ ကားက လုံးဝကို ကားနဲ့ မတူတော့ပဲ ဟုတ်ရဲ့လားလို့တောင် ပြန်ကြည့်ရမှာဖြစ် ကာ အကောင်းဆုံး ကတော့ညဘက် မမောင်းတာပဲ ဖြစ်မှာပါ။ ဒါပေမယ့် အခုလိုမျိုး နက်မှောင်နေတဲ့ Musou Black အနက်ရောင်ကို ကားမှာ ခြယ်သခဲ့တာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်တော့ပဲ ယခင် ဒီဇင်ဘာ ၂၀၂၀ တုန်းကလည်း Mitsubishi Lancer မှာ ဖန်တီးပေးခဲ့ ဖူးပါသေးတယ်။ အဆိုပါ ကားတုန်း ကလည်း ကြည့်ရတာ အတော်ကို ထူးထူးဆန်းဆန်းကြီး ဖြစ် နေခဲ့တာပါပဲ။ အဆိုပါ အရောင်ကိုတော့ ပြီးခဲ့ တဲ့ စက်တင်ဘာ ၂၀၂၀ တုန်း Koyo Orient က နေ ကိုယ်ပိုင်ဖန်တီး ပေးထား ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခုအရောင် မတိုင်ခင် BMW တို့ကလည်း Vantablack လို့ အမည်ပေးထားတဲ့ အနက်မှောင်ဆုံး သော အနက်ရောင်ကို စတင် မိတ်ဆက်ပေးခဲ့ ဖူးပါသေးတယ်။ အဆိုပါ အရောင်မှာတုန်းကလည်း အလင်း ရောင် ရဲ့ ၉၉.၉၆ % အထိကို စုပ်ယူ ထားနိုင်စွမ်းရှိတာကြောင့် အနက်မှောင်ဆုံး အရောင်အဖြစ် သတ်မှတ်ခံ ခဲ့ ရသေးတာ ဖြစ်ကာ Aerospace အာကာသ အပိုင်းတွေနဲ့ တိုက်ပွဲတွေမှာ ပိုပြီး လက်တွေ့ အသုံးကျခဲ့ကြ ဖူးပါတယ်။ ဒါကြောင့် စထွက်လာ ကတည်းက အဆိုပါ အပိုင်းတွေမှာပဲသုံးခဲ့ပြီး အများပြည်သူ သုံးဖို့အတွက် တော့ အရောင်ကို မရခဲ့ပါဘူး။ Vantablack ကိုတော့ ဖရန့်ဖတ် ကားပြပွဲကြီး အတွင်းက BMW X6 မှာ ဖန်တီး ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Vantablack အရောင်ကို ဖန်တီးခဲ့သူဟာ Surrey Nano System နဲ့ Creative Agency Levitation 29 တို့ ဖြစ်ပြီး ၂၀၂၀ တုန်းက အဆိုပါ X 6 ကားကို သေချာပေါက် တစ်မူထူးစေခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com