ပြီးခဲ့တဲ့ နိုဝင်ဘာလ လော့အိန်ဂျလိပ်စ် ကားပြပွဲကြီးမှာ ချပြခဲ့တဲ့ Porsche 911 Dakar ကားသစ်ကိုတော့ အခုချိန်မှာ စမ်းသပ်မှုတွေ စတင် ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ အခုလို စမ်းသပ် မောင်းနှင်နေတာကို ရိုက်ကူးထားတဲ့ Spy ပုံရိပ် တွေကနေ တစ်ဆင့် ကားရဲ့ ငွေရောင်ပုံရိပ်လေးကို မြင်နေရတာပါ။ ဖြစ်နိုင်တာ ကတော့ အခုစမ်းသပ်နေတဲ့ ကားက မထုတ်လုပ်ခင်အတွက် Pre-Production ကားဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မြင်ရသလောက်ကတော့ ကားရဲ့ အမြင့်ကို Sports ကားတွေအတိုင်း ၂ လက်မ အထိ ထားထားတာကြောင့် လမ်းကြမ်းပိုင်း အတွက်ကိုပါ ရည်ရွယ်ဖန်တီးနေပုံ ရပါတယ်။ 

Photo Credit: Carscoops

ဒါတင်မကသေးပဲ သိထားရသလောက်ကတော့ စတီယာတိုင်မှာ ပါဝင်လာမယ့် Rotary Switch ခလုတ် လေးကနေ High Level ဆိုတဲ့ Mode နဲ့ ကားကို နောက်ထပ် ၁.၂ လက်မ လောက်အထိ ပိုမြင့်လာအောင်လုပ်လို့ရပါသေးတယ်။ အခုကားသစ်ကိုတော့ 3.0 Liter Twin-Turbocharged Flat-Six အင်ဂျင် သုံးပေးလာနိုင်တာဖြစ်ပြီး 911 Carrera 4 GTS ကားတုန်းကလိုပဲ ဖြစ်ပါတယ်။ 

Photo Credit: Carscoops

အဆိုပါ အင်ဂျင်ကိုမှ Eight-Speed PDK Gearbox နဲ့ တွဲဖက်ထားမှာ ဖြစ်တာကြောင့် 473 hp နဲ့ 420 lb-ft Torque အထိကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ Porsche 911 Dakar ကားသစ် ကတော့ ၃.၂ စက္ကန့် လောက် အတွင်းမှာ တင် ပဲ တစ်နာရီ မိုင် ၆၀ ပမာဏကို မြန်နှုန်းတင်နိုင်မှာဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းက တစ်နာရီ ၁၅၀ မိုင် အထိရှိလာ နိုင်ပါတယ်။ လမ်းကြမ်းပိုင်းတာယာတွေလည်း ပါဝင်လာမှာဖြစ်တဲ့ အဆိုပါ ကားသစ်ကတော့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေပြီးမကြာမီ တရားဝင် ထုတ်လုပ်လာတာကို မြင်ရတော့မှာ ဖြစ်ပါတယ်။ 

Ref: AllAutoExperts