Porsche Club Of America (PCA) နဲ့ Porsche Classic ဆိုတဲ့အဖွဲ့ ၂ ဖွဲ့ ပူးပေါင်းပြီးအမေ့ခံ ကားကောင်း လေး တစ်စီးဖြစ်တဲ့ Porsche 1998 996 991 ကားကို တစ်စီးတည်းသော အလန်းစားကားအဖြစ် ပြောင်းလဲ ဖန်တီး လိုက်ကြပါတယ်။ အခု မြင်လိုက်ရတဲ့တစ်ကျော့ ပြန်ကားသစ် မှာတော့ 911 GT 3 ရဲ့ အင်ဂျင်ကို ပြန်လည်သုံးထားပြီး အခြားသော အသေးစိတ် ပြင်ဆင်မှု‌လေးတွေကိုပါ ထည့်သွင်း ပေးထားပါသေးတယ်။ PCA ရဲ့ အဆိုအရတော့ အခု ကား ပြင်ဆင်နိုင်ဖို့ အတွက် Porsche Classic နဲ့ PCA ရဲ့ တာဝန်ရှိသူတွေ ၂၀၁၈ ကတည်းက တွေ့ဆုံပြီး စတင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ကားကို သေချာပြင်ဆင်နိုင်ဖို့ အတွက် 1998 Black 966 911 ကားကို ဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျာမနီ နိုင်ငံ ၊ Stuttgart-Zuffenhausen ရဲ့ Porsche Classic ဆီကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အချိန်ကစလို့ အဲ့ဒီနေ ရာမှာပဲ အခြေစိုက်ပြီး ကားတစ်စီးလုံးကို ပြုပြင် ပေးခဲ့တာပါ။

 

အခု ပြန်လည် ပြင်ဆင်ပေးခဲ့တဲ့ ကားလေးကတော့ အမေရိက ဈေးကွက် ထဲကိုတောင် မရောက်လာ ခဲ့ဖူးတဲ့ Limited Run 2010 997 911 Sport Classic အခြေခံ ကားလေးပဲ ဖြစ်ပါတယ်။ မူလ အင်ဂျင်တစ်ခုလုံးကို ပြန်ဖြုတ်ပြီး Porsche Classic တို့ကတော့ 996.2 GT 3 ဆီ က အင်ဂျင်နဲ့ကို အစားထိုး လိုက်တာပါ။ ဒါကြောင့် အဆိုပါ 3.6 Liter Flat-6 Engine အနေနဲ့ 381 hp နဲ့ 284 lb-ft Torque အထိ ကို စွမ်းဆောင် ပေးလိုက် နိုင်တာ ဖြစ်ပါတယ်။ အင်ဂျင် တင် မက ပဲ 996.2 GT 3 ဆီက Chassis နဲ့ ဘရိတ်အပိုင်းတို့ကိုပါ ထည့်သွင်းပေးခဲ့ကာ စွမ်းဆောင်ရည်ကို ပိုကောင်းအောင် သေချာ ဖန်တီးပေးလိုက် ပါတယ်။ အပြင်ပိုင်း ကားဒီဇိုင်းကိုလည်း Special Project တွေရဲ့ Porsche Director ဖြစ်သူ Grant Larson က ဦးဆောင် ပြုလုပ်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပြီး 986 Boxster နဲ့ Carrera GT တို့ရဲ့ ဒီဇိုင်း တွေကို အဓိက ဖန်တီး ပေးခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ Larson ရဲ့ ဒီဇိုင်း ပိုင်းမှာတော့ 1973 911 Carrera RS 2.7 ဆီက Icon ဖြစ်ခဲ့တဲ့ Ducktail ပုံစံ Spoiler ကို ပြန်သုံးပေးထားခဲ့ပြီး Motorsport ပိုင်း အရသာခံစားနိုင်စေဖို့ အတွက်လည်း Double Bubble အမိုးကို ပြောင်းလဲပေး ထားခဲ့ပါတယ်။

Photo Credit: motor 1.com

ဒါ့အပြင် ၁၈ လက်မ အရွယ် Forged Fuchs ဘီးတွေကိုလည်း ထူးခြားပြီး လှပတဲ့ Club Blau Accent အနေနဲ့ ထည့်ပေးထား ပါတယ်။ ကားရဲ့ အပြင်ပိုင်း မှာဆိုရင်တော့ Club Blau Accent အရောင် တွေကိုမှ ပေါင်းစပ်ဖန်တီး ပေးထားတာကြောင့် တော်တော်လေးကို လှပကောင်းမွန်နေပါတော့တယ်။ ကား တစ်စီး လုံးကိုတော့ ကိုယ်တိုင် ပြင်ဆင်ထားတဲ့ မီးခိုးရောင်လေးဖြစ်အောင် ဖန်တီးထားပြီး လက်မှု နဲ့ပဲ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ထိုင်ခုံ Pattern ‌တွေ ၊ တံခါးကဒ်တွေကိုလည်း မြင်နေရပါသေးတယ်။ Porsche Classic ကတော့ အခု ကားလေးကို ပိုပြီး ခေတ်မှီ ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး Touchscreen Infotainment Display ကို ထည့်ပေးထားကာ Apple CarPlay နဲ့ Android Auto စနစ်တို့ ကိုလည်း ထည့်သွင်း ထားပါ တယ်။ အဆိုပါ ပြန်လည် ပြင်ဆင်ထားတဲ့ ကားလေးကိုတော့ အခုနှစ် Porsche ရဲ့ 911 Classic Club Coupe မှာ ပွဲထုတ်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com