Porsche လို့ဆိုလိုက်တိုင်း လူတိုင်းကတော့ GT3 ဒါမှမဟုတ် Turbo တွေနဲ့ ပြိုင်ကားတွေကိုပဲ လိုချင်ကြမှာ မဟုတ်တာ သေချာပါတယ်။ ဒါကြောင့်လည်း Porsche ဘက်ကနေ ၂၀၁၇ ကတည်းက 911 ကားအသစ်ကို T Series တွေ အနေနဲ့ ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ၂၀၁၉ လောက်ကစကာ 718 Boxster နဲ့ Cayman တို့ ဆိုပြီး တော့ထပ်မံ ထုတ်လုပ်ပေးလာ ခဲ့ပါတယ်။ အခု ဆိုရင်တော့ သူတို့ရဲ့ နာမည် ကျော်လာခဲ့တဲ့ T Series အမှတ်တံဆိပ်ကို SUV တွေပေါ်မှာ ပထမဆုံး အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခု အသစ် မိတ်ဆက် ပေးလာ ခဲ့တာကတော့ ပေါ့ပေါ့ပါးပါး နဲ့ မိသားစုစီး အသေးဆုံးသော Crossover တစ်စီးဖြစ်တဲ့ 2023 Porsche Macan T ကားသစ်ပါပဲ။ အခု ကားသစ်ကလည်း အခြားသော T Series တွေတုန်းကလိုပဲ အင်ဂျင်ပါဝါ ကောင်းကောင်းနဲ့ ကား တစ်စီးအဖြစ် ထွက်ပေါ်လာတာဖြစ်ပြီး 2.0 Liter Turbocharged Four-Cylinder Engine နဲ့ အတူ 261 hp နဲ့ 295 lb-ft Torque အထိ စွမ်းဆောင် ထားနိုင်‌တာ တွေ့ရပါတယ်။ ဒါ့အပြင် Standard Macan ကားတုန်းက လိုပဲ Four Wheel Drive စနစ် ပါဝင်လာတဲ့အပြင် Seven-Speed PDK Dual-Clutch Transmission စနစ်ကိုလည်းထည့်သွင်းပေါင်းစပ် ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် အခုကားကတော့ 2.9 Liter Twin-Turbo V 6 အင်ဂျင်သုံးထားတဲ့ 375 hp ရှိ Macan S နဲ့ 434 hp ရှိ Macan GTS တို့ထက်တော့ စွမ်းဆောင်ရည် လျော့နည်းလာတာ သိသာပါတယ်။ လက်တွေ့မှာက တော့ အခုကားသစ် Macan T က အရှေ့ဘက် ဝင်ရိုးမှာတင် ၁၂၉ ပေါင်လောက် အထိ ပိုမိုပေါ့ပါးလာတာ ဖြစ်ပြီး Porsche ကတော့ ကားကို ထိန်းချုပ်ရတဲ့ စွမ်းဆောင်ရည်တွေလည်း ပိုကောင်း လာလိမ့်မယ်လို့ သိရ ပါတယ်။ အခု Macan T မှာ ထူးခြားတာ ကတော့ Sport Chrono Package အသစ်ပါဝင်လာတာဖြစ်ပြီး အဆိုပါ Package မှာ ဆိုရင်တော့ Sport Response Button နဲ့ Mode အပြောင်းအလဲ လုပ်လို့ရတဲ့ ခလုတ် တွေလည်း စတီယာတိုင်တွေမှာ ပါဝင်လာတာပါ။ Porsche ကတော့ အခု ကားသစ်က တစ်နာရီ မိုင် ၆၀ နှုန်း အထိအရှိန်တင်မောင်းနှင်နိုင်ဖို့ အတွက် ၅.၈ စက္ကန့် လောက် အထိ ပဲ အချိန်ယူရမှာဖြစ်ကာ အမြင့်ဆုံး မြန်နှုန်းဆိုရင် ၁၄၄ မိုင်အထိ ရှိမယ်လို့  ဆိုထားပါတယ်။ သူတို့ရဲ့ Base Model အတွက်ဆိုရင်တော့ တစ်ချို့ သော လုပ်ဆောင်ချက်တွေကို ရွေးချယ်ဝယ်ယူနိုင်အောင်ပဲ စီစဉ်ပေးထားပြီး အဆိုပါ လုပ်ဆောင်ချက်တွေ ထဲမှာ ဆိုရင်တော့ Porsche Active Suspension Management ( PASM ) စနစ် ၊ Porsche Torque Vectoring Plus စနစ်နဲ့ အခြားသော Air Suspension စနစ်တွေလည်း ပါဝင်နေပါတယ်။ အခု ကားရဲ့ အပြင် ပိုင်းကတော့ သာမန် Macan Trim တွေနဲ့ အနည်းငယ်ကွဲပြားတာ တွေ့ရပါတယ်။ အထူးသဖြင့် Agate Grey Metallic Accents တွေကို အရှေ့ဘက် Trim ၊ ဘေးဘက်ကြည့်မှန်တွေနဲ့ ဘေးဘက် Blades နေရာတွေ ၊ အမိုး Spoiler တွေနဲ့ အနောက်ဘက် Logo တွေမှာပါ မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင် Macan S Design မှာ မြင်ခဲ့ရတဲ့ လက်မ ၂၀ အရွယ် ဘီးတွေကလည်း အခုကားသစ်ရဲ့ Standard Version မှာကစလို့ ၁ လက်မတောင်ပိုကြီးလာတာ ဖြစ်ပြီး အထူး ဖန်တီးထားတဲ့ အနက်ရောင် Dark Titanium သတ္တုသားနဲ့ပါ ပေါင်းစပ် ထားတာပါ။

Photo Credit: CARBUZZ

အဆိုပါ Macan T ကားသစ်ကိုဝယ်ယူမယ့် သူတွေကတော့ စုစုပေါင်းအရောင် ၁၃ မျိုး လောက်ကနေစိတ် ကြိုက် ရွေးချယ်နိုင်ပါလိမ့်မယ်။ အတွင်းခန်းကတော့ Standard အနေနဲ့ ၈ မျိုး အထိ ပုံစံပြောင်းနိုင်တဲ့ Heated Sports ထိုင်ခုံတွေကို မြင်ရမှာ ဖြစ်ပြီး Sport-Tex Stripe Pattern လေးတွေကိုလည်း အသုံးပြု ပေးထားသေးကာ ထိုင်ခုံရဲ့ ခေါင်းပိုင်း နောက်မှီမှာလည်း Porsche ရဲ့ Logo လေးတွေ ထည့်ပေး ထားပါ တယ်။ Porsche ကတော့ အခုကား အတွက် ရွေးချယ်စရာတွေ အတော်များများ ထည့်ပေးထားတယ် ဆို ပေမယ့် Standard အနေနဲ့ဆိုရင် မျိုးစုံ အလုပ်လုပ်နိုင်တဲ့ GT Sport စတီယာတိုင် ၊ Sport Chrono Stopwatch နဲ့ အနက်ရောင် အလူမီနီယံ တံခါးဘောင် တွေကိုမှ Macan T Logo လေးတွေ မြှုပ်ပေးထား တာကတော့ အတော်သဘောကျချင်စရာ ကောင်းလို့နေပါတယ်။ အဆိုပါ ကားအသစ်တွေကိုတော့ လာမယ့် နွေဦးလောက်မှာ စတင်ပို့ဆောင် ပေးနိုင်မှာဖြစ်ပြီး ဈေးနှုန်းတွေ သိရဖို့က တော့ 2023 Lineup တစ်ခုလုံး ထွက်လာနိုင်တဲ့ အချိန်အထိတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: carbuzz.com