တောင်ကိုရီးယား ကားကုမ္ပဏီကြီး Hyundai ကတော့ 1974 ခုနှစ် တုရင် ကားပြပွဲကြီးမှာ ချပြခဲ့တဲ့ Pony Coupe Concept ကားကို ပြန်လည် အသက်သွင်းဖို့ စီစဉ်နေပါတယ်။ အခုလိုမျိုး ပြန်လည်အသက်သွင်း ဖန်တီးဖို့အတွက် Hyundai က Giorgiaro နဲ့ သားဖြစ်သူ Fabrizio တို့ ဦးဆောင်တဲ့ အီတလီဒီဇိုင်း ကုမ္ပဏီကြီး GFG Style နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ခေတ်ဟောင်းရှားပါး Concept ကားမျိုးကို ပြန်လည် အသက်သွင်းကာ ဖန်တီးပေးရတာမျိုးကတော့ တော်တော်လေးကို ရှားပါးအခွင့်အရေးလည်း ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အဆိုပါ 1974 Pony Coupe Concept ကားကတော့ Hyundai ရဲ့ သမိုင်းကြောင်းမှာ ထင်ရှားအရေးပါခဲ့တဲ့ကားဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး ဥက္ကဌဖြစ်သူ Ju-Yong Chung အတွက်လည်း အမှတ်ရစရာ ကားတစ်စီး ပဲ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ကားရဲ့ ဒီဇိုင်းပိုင်းတွေနဲ့ အပြင်အဆင်တွေက အခု ခေတ်ပေါ်ကားတွေရဲ့ ဒီဇိုင်းပိုင်း တော်တော်လေး လွှမ်းမိုး မှုရှိနေခဲ့တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နောက်ဆုံးပေါ် All-Electric Ioniq 5 ကားနဲ့ N Vision 74 ဟိုက်ဒရိုဂျင် ကား Concept‌ တွေဆိုရင် အဆိုပါ Pony ကားလေးရဲ့ အချိုးအစားတွေအတိုင်းကို အခြေခံထားတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

တကယ်တော့ အဆိုပါ အီတလီ ဒီဇိုင်းကုမ္ပဏီကြီးရဲ့ Giorgetto Giugiaro ကလည်း Hyundai Pony Concept ကား အတွက် တစ်ချိန်တုန်းက အလုပ်လုပ်ပေးခဲ့ ဖူတာ ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း အခုဆိုရင် ခေတ်ပြိုင် ဦးဆောင်ကား ကုမ္ပဏီတစ်ခု ဖြစ်နေတဲ့ Hyundai အတွက် ဂန္ဓဝင်လက်ရာတစ်မျိုးကို ပြန်လည်ပူးပေါင်း ‌ဖော်ထုတ်ပေးရမှာ ဖြစ်လို့ အတော်လေး စိတ်လှုပ်ရှား ဂုဏ်ယူနေပြီပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts