နာမည်ကြီး ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Volvo ရဲ့ အခွဲအဖြစ်ကနေ လျှပ်စစ်ကား သီးသန့်ကုမ္ပဏီကြီး ဖြစ်လာ ခဲ့တဲ့ Polestar တို့ကတော့ ထူးခြားတဲ့ လုပ်ငန်းတစ်ရပ်ပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၇ ကတည်းက သူတို့ရဲ့ Polestar 1 ကို ချပြခဲ့ပြီး ၂၀၁၉ အရောက်မှာတော့ Polestar 2 ကို ဆက်လက် ချပြခဲ့ပါတယ်။ အခု ၂ နှစ် အကြာမှာ ဆိုရင်တော့ Polestar 2 ကားကိုပဲ ပတ်ဝန်းကျင်နဲ့ ဒီထက်ပိုပြီး လိုက်လျောညီထွေရှိမယ့် လုပ်ဆောင်ချက် တွေနဲ့အတူ အဆင့်မြှင့်တင် ပေးလာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ Update ကြောင့်တော့ ကားရဲ့ ကာဗွန်ထုတ် လုပ်မှုတွေကို ယခင်ကထက် အများကြီး လျှော့ချနိုင်ဦးမယ်လို့ CEO Thomas Ingenlath က ဆိုခဲ့ပြီး ရာသီ ဥတုနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ ဆုတံဆိပ် တွေ ရထားတဲ့ ကားတစ်စီး အနေနဲ့ ပိုပို တိုးတက်လာတာ ဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်။ အခုလာမယ့် ၂၀၂၂ နောက်ပိုင်းမှာတော့ ကားကထွက်ရှိလာ မယ့် ကာဗွန် ပမာဏဟာ ၁,၃၂၂ ပေါင် ဝန်းကျင် အထိပဲ ရှိတော့မှာ ဖြစ်လို့ ကုမ္ပဏီက သာမန် ကားတစ်စီး ရဲ့ ကာဗွန်ထုတ်လုပ်မှု ပမာဏကို ၂,၉၇၆ ပေါင် အထိ လျှော့ချလိုက်နိုင်တာ ဖြစ်တယ်လို့ပဲ ဆိုရတော့မှာပါ။

Photo Credit: CARBUZZ

အထူးသဖြင့် အခုတစ်ခေါက် အဆင့်မြှင့်တင်မှုတွေထဲမှာ ဆိုရင်တော့ ကာဗွန်ထုတ်လုပ်မှု လျော့ကျတဲ့ အလူ မီနီယံ ဘီးတွေကို ထည့်သွင်း ပေးထားပါတယ်။ ဒါ့အပြင် သတ္တုတွင်းတွေက ကုန်ကြမ်းတွေ ပြန်လည် သုံးစွဲ လို့ရတဲ့ စွမ်းအင် ‌တွေကိုပဲ သုံးပြီး ကားကို ကြိုးစားဖန်တီးထားတာလည်း ဖြစ်ပါတယ်။ အခုလိုပတ်ဝန်းကျင် အတွက် ပိုပြီး အထောက် အကူ ဖြစ်လာအောင် ဖန်တီးပေးထားတဲ့ အပြင် ကားသစ်မှာတော့ ရွေးချယ်စရာ တစ်ချို့ကိုလည်း ပိုထည့်ပေးထား ပါတယ်။ အရောင်အနေနဲ့ ဆိုရင်လည်း Metallic Black ဆိုတဲ့ အနက် ရောင်နဲ့ Gold-Grey ဆိုတဲ့ အရောင်သစ်တို့ကို ရရှိ နိုင်ဦးမှာ ဖြစ်ပြီး ဘီးဆိုဒ် နှစ်မျိုးကလည်း ဒီဇိုင်းသစ် ၂ မျိုးနဲ့ ရလာမှာပါ။ ဒါ့အပြင် Panoramic အမိုးအတွက်ကိုလည်း ဖြုတ်တပ်လို့ရတဲ့နေကာ Sunshade တစ်ခု ထည့်ပေးထားသေးပြီး မီးခိုးရောင် Upholstery လယ်သာ သားတွေကိုလည်း သုံးပေးထား ပါသေးတယ်။ နောက်ထပ် ရွေးချယ်စရာ အသစ်တွေ အနေနဲ့ကတော့ Vegan လယ်သာနဲ့ ပိုပြီး ကြာရှည်ခံတဲ့ Nappa Leather သားတွေလည်း ရနိုင်ဦးမှာပါ။

Photo Credit: CARBUZZ

ကားက ဈေးလည်း ပိုကျလာဦးမှာ ဖြစ်ပေမယ့် အချက်အလက်တွေနဲ့ ရွေးချယ်စရာ တွေကိုတော့ ပိုပြီး ထည့် ပေး ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်ကားရဲ့ စွမ်းဆောင်ရည်ကတော့ ယခင်ကတည်းက သိထားကြတဲ့ အတိုင်း မတိမ်း မယိမ်းလောက်ပဲ ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ် မော်တာ တစ်လုံး ဒါမှ မဟုတ် ၂ လုံး အထိ ကို ပုံမှန် အတိုင်း ရွေးချယ်လို့ ရနိုင်ပါသေးတယ်။ မော်တာ ၁ လုံးနဲ့ ဆိုရင်တော့ စွမ်း ဆောင်ရည် က 231 hp နဲ့ 243 lb-ft Torque အထိ ရှိမှာ ဖြစ်ကာ 0-60 mph အတွက်ကတော့ ၇ စက္ကန့် ဝန်းကျင်လောက် ကြာမှာ ဖြစ်ပါတယ်။ မော်တာ ၂ လုံး ဆိုရင်တော့ 408 hp နဲ့ 487 lb-ft Torque အထိ ရှိထားပြီး 0-60 mph အတွက် ၄.၅ စက္ကန့် ဝန်းကျင်လောက်ပဲ အချိန်ယူ ရနိုင်ပါတယ်။ ကားရဲ့ အပူချိန် အတွက် Heat Pump ကိုလည်း ထည့်ပေးထားပြီး အပူချိန်ကို ထိန်းညှိပေးထားနိုင်တာ ကြောင့် ရာသီဥတု ဆိုးဆိုးရွားရွားရှိနေခဲ့ရင်တောင် ကားရဲ့ Range ပိုကောင်းအောင် စီစဉ်ပေးထားနိုင်မှာပဲ ဖြစ်ပါ တယ်။

Ref: carbuzz.com