ဆွီဒင် ကားကုမ္ပဏီ Polestar ကတော့ လျှပ်စစ် Sedan ကားအသစ် မထွက်နိုင် သေးဘူးလို့ ယူဆထားတဲ့ အချိန်မှာ ပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက 2023 Polestar 2 ကို ချပြကာ အံ့အားသင့်စရာ တွေ လုပ်ပြခဲ့ပါတယ်။ ဒါ့အပြင် သာမန်ထက် ပိုကြမ်းတဲ့ စွမ်းဆောင်ရည်တွေ ပါလာတဲ့ Polestar 2 BST Edition 270 ကိုပါ ချပြလာခဲ့တာ ဖြစ်ပြီး ဈေးနှုန်းနဲ့ ယှဉ်ရင် အတော်လေး ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပါလာမယ်လို့ သိရပါတယ်။ လျှပ်စစ် မော်တာ ၂ လုံး တပ်ပေးထားတာကြောင့် စွမ်းဆောင်ရည်ကလည်း 476 hp နဲ့ 502 lb-ft Torque အထိကို ရှိထားကာ ပိုအရေးကြီးတဲ့ အချက်ကတော့ Sport ပိုဆန်တဲ့ အရ သာကို ပေးစွမ်းထားနိုင်တာပဲ ဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင် အတွက်လည်း 78 kWh ဘက်ထရီ ပမာဏကို ထောက်ပံ့ ပေးထားတာပါ။

Photo Credit: motor 1.com

ဒါပေမယ့် စွမ်းဆောင်ရည်တင် မကပဲ အခု ကားမှာတော့ မောင်းနှင်ရတဲ့ နေရာမှာ ပိုအဆင်ပြေစေဖို့ ပုံစံ ၂ မျိုးအထိ ချိန်ညှိလို့ရတဲ့ Dampers တွေကို ထည့်ပေးထား သေးတာပဲ ဖြစ်ပါတယ်။ အရှေ့ ဘက်က အသစ် ပါလာတဲ့ Strut Bar နဲ့ ၂၀ % လောက် ပိုကျစ်လစ်လာတဲ့ Springs တွေကြောင့် Suspension ပိုင်း ပိုကောင်းလာကာ အခုဆိုရင်တော့ ယခင်ကထက် ၂၅ မီလီ မီတာ လောက်အထိကို ပိုနှိမ့်ပေးလို့ ရပြီ ဖြစ်ပါ တယ်။ Limited Edition ကား တစ်စီး ဖြစ်တာ နဲ့အညီ သာမန်ထက် ထူးခြားတာတွေပဲ စီစဉ် ပေးထားပြီး ကားဘီးတွေကိုလည်း ၂၁ လက်မအရွယ် အလွိုင်းဘီးတွေ အဖြစ် ရွေးချယ်နိုင်ကာ 245/35 အရွယ်ရှိတဲ့ Pirelli P Zero တာယာတွေနဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားရဲ့ ဘရိတ်စနစ် အပိုင်းမှာ တော့ ယခင်ပါပြီးသား Four-Piston Brembo Brake တွေရဲ့ ကောင်းပြီးသား စွမ်းဆောင်ရည်တွေကြောင့် ဘာမှထပ်ပြီး ပြုပြင်ပြောင်းလဲ ထားတာမျိုး မရှိလာခဲ့ပါဘူး။

Photo Credit: motor 1.com

ကား အရောင်တွေ ကတော့ အပြင်ဘက်မှာ Thundar နဲ့ Snow ဆိုပြီး ၂ ရောင်ရနိုင် သလို အတွင်းပိုင်းမှာ ဆိုရင်တော့ ဆန့်ကျင်ဘက်ဖြစ်မယ့် Charcoal Weave Tech ခပ်မှောင်မှောင် အရောင်ကို လိုက်ဖက်အောင် စီစဉ်ပေးထား ပါတယ်။ ကားရဲ့ ကိုယ်ထည် အရောင်အတိုင်း ထည့်ထားတဲ့ ဘန်ဘာတွေနဲ့ ဘေးဘက်က Skirts တွေကတော့ သာမန် Polestar 2 နဲ့ ကွဲပြားနေအောင် ဖန်တီးပေးထားတဲ့ အဓိက နေရာတွေ ဖြစ်ပါ တယ်။ ဒါ့အပြင် Sport ပိုဆန်တဲ့ အရသာ ကို လိုချင်သေးတယ် ဆိုရင်လည်း $ 1,000 ထပ်ပေးကာ အနက် ရောင် Body Tape ကြီးကို ကားအလယ်တည့်တည့် ကနေ ထပ်ထည့်လို့ ရပါသေးတယ်။ ဆွီဒင်ရဲ့ ရွှေရောင် လို့ တင်စားရမယ့် အရောင်လေးတွေကိုတော့ ဘရိတ် Calipers တွေ ၊ Damper အပိုင်းတွေ ၊ Valve Caps အဖုံးတွေနဲ့ ထိုင်ခုံ ခါးပတ်တွေမှာ မြင်တွေ့ရမှာပါ။ Polestar ကတော့ အခု အထူးထုတ် ကားသစ်ကို အစီး ရေ ၂၇၀ စီးသာ ထုတ်လုပ်ပေးသွားဖို့ စီစဉ်ထားပြီး အမေရိက ဈေးကွက်ထဲကို အခု နှစ် မကုန်မီ အစီးရေ ၄၇ စီး လောက် ရောက်ဖို့ရှိကာ ထုတ်လုပ်မှုတွေကိုတော့ အခု နှစ်လယ်လောက်မှာ စတင် လာနိုင်ပါတယ်။ အမေရိက ဈေးကွက်ထဲက ဈေးကတော့ $ 75,500 ကနေ စတင်လာနိုင်ပြီး တကယ်လို့ကား တစ်စီး လုံးစာ စတေကာတိပ် Wrap ထပ်ကပ်ဦးမယ် ဆိုရင်တော့နောက်ထပ် ဒေါ်လာ ၅,၀၀၀ လောက် ကုန်ကျနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com