လာမယ့်နှစ် အနည်းငယ် အတွင်းမှာပဲ လျှပ်စစ်ကားသစ် သုံးမျိုးကို ထုတ်လုပ်ပေးမယ်လို့ ကတိပြုထားတဲ့ Polestar တို့ကတော့ တောက် လျှောက်ကို ကြိုးကြိုးစားစားနဲ့ ကားသစ်တွေအတွက် အားထုတ်လို့နေပါတယ်။ 2021 Goodwood Festival Of Speed ပွဲကြီးမှာလည်း တစ်စီးတည်းသော စမ်းသပ်ဆဲ Polestar 2 ကားကို ချပြနိုင်ခဲ့ပြီး အခု ဆိုရင်တော့ အဆိုပါ ဆွီဒင်ကုမ္ပဏီက အဆိုပါကားကိုပဲ အခြေခံပြီး ပိုအဆင့်မြှင့်တင်ထားတဲ့ ကားသစ်တစ်မျိုး ထုတ်လုပ် ပေးလိုက်ပြန်ပါပြီ။ မနှစ်ကမြင်ခဲ့ရတဲ့ Polestar 2 ကားဆိုတာကတော့ ခပ်နိမ့်နိမ့် Suspension တို့နဲ့ အတူ ပြေးလမ်းထက်က အခြေအနေတွေ အတွက်ပဲ အာရုံစိုက်ထားတာ တွေ့ရပေမယ့် အခု မြင်ရတဲ့ အထူးထုတ် ကား ကတော့ လုံးဝကို တစ်ခြားစီပါပဲ။ ယခင်ကားက အခုကားက ၁.၁၈ လက်မလောက် အထိ ပိုမြင့်လာခဲ့သလို Winter တာယာတွေနဲ့ တွဲဖက် ထားတဲ့ ၁၉ လက်မ အရွယ် OZ Racing ဘီးတွေလည်း တပ်ဆင်ပေးလာခဲ့ပါတယ်။
အဆိုပါ ကားကတော့ Polestar 2 Arctic Circle လို့ အမည်ရတဲ့ ကားဖြစ်ပြီး Long Range Dual Motor Version အဖြစ် ထွက်ပေါ် လာခဲ့တာ ဖြစ်ကာ အဆင့်မြှင့်တင်မှုတွေ အများအပြား ပြုလုပ်ပေးလာခဲ့တာပါ။ အထူးသဖြင့် Three-Way Ohlins Dampers တွေကို လည်း ယခင်ကထက် ၃၀ ရာခိုင်နှုန်း လောက်အထိ ပိုသုံးလာပြီး Four-Piston Brembo Brake အမျိုးအစားတွေကိုလည်း တပ်ဆင်ပေး ထားပါတယ်။ ဒါပေမယ့် အဆိုပါ ဘရိတ် ကတော့ အပိုဆောင်းရွေးချယ်လို့ရမယ့် Package မှာပဲ ရနိုင်မှာဖြစ်ပြီး နောက်ထပ် ထူးခြားတာ ကတော့ စတီယာတိုင် ပေါ်မှာ ပါလာတဲ့ Shift Paddle ခလုတ်တွေကနေ တစ်ဆင့် Launch Control စနစ်ကိုလည်း ထည့်သွင်းပေးလာပြီ ဖြစ်ပါတယ်။ အဆိုပါ ကားတွေမှာတူတဲ့ တစ်ချက်ကတော့ သာမန် Polestar 2 အမျိုး အစားတုန်းကထက် ပိုကောင်း ပိုစွမ်းဆောင်ရည် မြင့်တဲ့ Battery Pack တွေ ပါဝင်လာတာပါပဲ။ အခု လျှပ်စစ်မော်တာ တွေ အရဆိုရင်တော့ 469 hp နဲ့ 502 lb-ft Torque အထိကို စွမ်း ဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။ ကားရဲ့ ဒီဇိုင်းပိုင်းမှာ ဆိုရင်လည်း လျှပ်စစ် စနစ်နဲ့ အနောက်ဘက် Liftback ကလည်း ပိုပြီး Aggressive ဖြစ်တဲ့ အသွင်ပြထားနိုင်ကာ Rally Car လို ဖြစ်နေတဲ့ ပုံစံတွေ ပေါက်အောင်လည်း ကားရဲ့ Extra Lights တွေနဲ့ ကာဗွန်ဖိုက် ဘာ Skid Plate တွေက ပြသထားနိုင် ပါတယ်။
ကားရဲ့ အသွင်အပြင်ကို ပိုပြီး လှပသွားစေတာကတော့ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ Recovery Strap နဲ့ ပစ္စည်းတင်တဲ့ နေရာနား က Carbon Fiber Snow Shovel တို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကားရဲ့ ထိုင်ခုံ အသစ်တွေကိုလည်း ချီးကျူးရမှာ ဖြစ်ပြီး အရှေ့ဘက်ခုံတွေဆိုရင် Body-Hugging ဒီဇိုင်း နဲ့အတူ လူကို ဖက်ထားပေးသလို အရသာမျိုးကိုတောင် ပေးနိုင်ဦးမှာပါ။ အရောင်တွေ အနေနဲ့ကတော့ သာမန်ဆိုရင် မီးသွေး ရောင်လေးဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် ချင်သေးတယ် ဆိုရင်တော့ Matte Gray နဲ့ White Livery တို့ ရပါသေးတယ်။ လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ ကားကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချဖို့ အစီအစဉ်ကို မရှိသေးတာ ကြောင့် အခု ကား အသစ်ကိုလည်း သာမန် Polestar 2 ရဲ့ ဆောင်းရာသီ အတွက် သီးသန့် ကားတစ်စီးအဖြစ်သာ လေ့လာဖို့ ဖြစ်နိုင်ပါတယ်။ အဓိက အခုလို မျိုး သီးသန့်ပြန်လည်ဖန်တီး ဖြစ်တာကတော့ ကုမ္ပဏီ ရဲ့ Chassis Engineer ဖြစ်သူ Joakim Rydholm ကတော့ လမ်းကြမ်းမောင်း ကားပြိုင်ပွဲတွေရဲ့ ချန်ပီယံ တစ်ဦးလည်း ဖြစ်ခဲ့ဖူးတာကြောင့် Rally Car တွေနဲ့ ပတ်သက်ပြီး အတော်လေးကို သိသိသာသာ ကျွမ်းကျင်နေ ပြီးလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အခု Arctic Circle လို ကားမျိုးတွေ အတွက် အနာဂါတ်မှာလည်း Tuning ကောင်းကောင်း လုပ်နိုင်မယ့် ကားအပိုင်းတွေကို Promoter လုပ်နေသူတစ်ဦးပါ ဖြစ်နေတာကြောင့် အခုလိုကားမျိုးတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com