Ford ကားကို ကြိုက်ကြသူတွေတင်မကပဲ ကားဝါသနာရှင် အတော်များများ အတွက် အိပ်မက်ကားတစ်စီးလို စိတ်ကူးယဉ်စရာ ဖြစ်နေနိုင်မယ့် Ford Model တစ်မျိုးကို ဒီဂျစ်တယ်ပုံရိပ်ကြမ်း တစ်ရပ်အနေနဲ့ ဖန်တီးထားတာ ထွက်ပေါ်လာပါတယ်။ အဆိုပါ ကားကတော့ Ford Mustang Raptor R ဆိုတဲ့ အမျိုးအစားဖြစ်ပြီး လမ်းကြမ်းပိုင်း အတွက်ကို အထူးတည် ဖန်တီးပေးထားမယ့် Ford Mustang ရဲ့ မရှိထားသေးတဲ့ မျိုးကွဲတစ်ရပ်ပါပဲ။

Photo Credit: AllAutoExperts

အခုလို မရှိဖူးသေးတဲ့ စိတ်ကူးယဉ် ကားအမျိုးအစား တစ်ရပ်ကိုတော့ ဒီဂျစ်တယ် နည်းပညာရှင် တစ်ယောက် ဖြစ်သူ Oscar Vargas ဆိုသူက သူ့ရဲ့ Instagram လူမှုကွန်ရက်ကတစ်‌ဆင့် မျှဝေလာတာ ဖြစ်ပါတယ်။ ဒီဂျစ်တယ် ပုံရိပ်အဆင့်မှာပဲရှိသေးတဲ့ အခုဖန်တီးမှုကိုတော့ Vargas က Stewart Webb နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဒီဂျစ်တယ်ပုံရိပ်ကြမ်းကို ဖန်တီးကြည့်ရာမှာလည်း ယခင်ကတည်းက ရှိထားပြီးသားဖြစ်တဲ့ Brand New ကားသစ် S650 Ford Mustang ကို အခြေခံပြီး ရေးဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

အလန်းစားမြင်တွေ့ရမယ့် ထူးထူးခြားခြား ကားပုံစံမှာကိုမှ အရှေ့ဘက် Grille မှာ LED မီးအပိုတွေ ထည့်ပေးထား ပြီး Ford Ranger Raptor ကားရဲ့ အရှေ့ဘက် ဘန်ဘာဒီဇိုင်းကိုလည်း ယူဆောင် ဖန်တီးထားလိုက် တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားအမိုးနဲ့ Tailgate နေရာတွေကိုလည်း Matte Black အနက်ရောင် အုပ်ပေးထားပါတယ်။ ဒါတင်မက သေးပဲ ကားရဲ့ အနောက်မှာ အတောင်ပံ ၊ Skid Plate နဲ့အတူ Raptor R ဆိုတဲ့ စာသားလေးကို လှလှပပ ထည့်သွင်းထား လိုက်တာပါ။ အခု ပုံကြမ်းထဲက အတိုင်းသာ အခုကားလိုမျိုး အပြင်မှာ တကယ်ရှိမယ်ဆိုရင်တော့ တကယ်ကောင်းမှာဆိုတာ ပြောစရာတောင် မလိုပေမယ့် ဒီဇိုင်နာရဲ့ စိတ်ကူးစိတ်သန်းကတော့ အတော်ကောင်းတာ လက်ခံရမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts