Top Gear ရဲ့ ၁၇ ကြိမ်မြောက် ရာသီတုန်းက စမ်းသပ်ခံခဲ့တဲ့ Richard Hammond ရဲ့ Paramount Marauder ကားကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကုမ္ပဏီ ကမူလကားနဲ့ အတော်လေး တူညီတဲ့ အသွင်နဲ့ Marauder Mark 2 ကို စတင်ပြသလာခဲ့ပါပြီ။

Photo Credit: AllAutoExperts

အဆိုပါကားကတော့ မိုင်းတွေနဲ့ ပဲ့ထိန်းဒုံးတွေကို ကာကွယ်နိုင်စွမ်းရှိတဲ့ နှစ်ထပ်ကိုယ်ထည်တပ်ဆင်ထားသလို မိုင်းကာကွယ်နိုင်တဲ့ Monocuque Structure နဲ့ ဖန်တီးထားတာပါ။ Driver Interface ကို အဆင့်မြှင့် တင်ပေးထားမှုကြောင့်လဲ အမျိုးမျိုးသော စစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။ Paramount Land Systems ရဲ့ Chief Executive Officer ဖြစ်သူ Deon Grobler ကတော့ အဆင့်မြှင့်တင်ထားတဲ့ Marauder ရဲ့ Operator Interfaces က ကြမ်းတမ်းတဲ့အခြေအနေတွေမှာ Operating လုပ်ဆောင်ဖို့အတွက် ပိုမိုအသုံးတည့်လာမှာပါ။ ဒါ့အပြင် ယာဉ်မာင်းနဲ့ နောက်လိုက်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုကို လျော့ချပေးနိုင်မှာ ဖြစ်သလို တပ်ဖွဲ့တွေကို လုံခြုံမှုပေးစွမ်းနိုင်ပြီး တိုက်ပွဲတွေဆင်နွှဲဖို့ အသင့်ဖြစ်နေစေမှာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

 လက်ရှိအချိန်မှာတော့ Marauder ကားကို အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှအလယ်ပိုင်း နဲ့ အရှေ့တောင်အာရှဒေသတွေက လက်နက်ကိုင်တပ်ဖွဲ့တွေက အသုံးပြုနေကြတာကြောင့် အပူချိန်ကို -20 ကနေ 50 ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိခံနိုင်ရည်ရှိအောင် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ဘယ်မောင်းနဲ့ ညာမောင်း စနစ်နှစ်မျိုးစလုံး ပါဝင်လာမှာဖြစ်ပြီး  ဘယ်မောင်းစနစ်ကနေ ညာမောင်းစနစ်ကို ပြောင်းလဲ မောင်းနှင်ဖို့ အတွက် အချိန် ၂ နာရီအောက်သာ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts