Pagani တို့ကတော့ သူတို့ရဲ့ Supercar တစ်စီးဖြစ်တဲ့ Huayra Codalunga ကားရဲ့နောက် အမြီးရှည် ကား အထူးထုတ် တစ်မျိုးကို ချပြလိုက်ပြန်ပါတယ်။ အခု ကားကို ထုတ်လုပ်ခဲ့ရာမှာတော့ ကုမ္ပဏီရဲ့ အထူးထုတ် ကားတွေ ဖန်တီးရာ Grandi Complicazioni ဌာနက Customers ရဲ့ ၂ ဦး ရဲ့ တောင်းဆိုချက်အရ ဖြည့် ဆည်း ပေးခဲ့တာပါပဲ။ အဆိုပါ ကား ကတော့ အတော်လေး ရှားပါး ကန့်သတ်ကားဖြစ်ပြီး အစီးရေ ၅ စီးပဲ ဖန်တီးပေးထားကာ အဆိုပါ ကားတွေ အားလုံး ကလည်း ရောင်းထွက် သွားခဲ့ပါပြီ။ အခု ကားလေးကတော့ ၁၉၆၀ ခုနှစ်တွေ ဝန်းကျင်က Longtail Le Mans ပြိုင်ကား တွေရဲ့ ပုံကို မှီငြမ်းကာ ဖန်တီးထားတာ ဖြစ်ပါ တယ်။ အဆိုပါ ကားကို အလိုရှိခဲ့တဲ့ Customers ၂ ယောက် ကလည်း ၂၀၁၈ ကမှ ကုမ္ပဏီကို ရောက်လာ ခဲ့ပြီး အခုလိုမျိုး Longtail ကားမျိုးကွဲတွေ အတွက် ဖန်တီးပေးခဲ့ ကြသူတွေ ဖြစ်ပါတယ်။ အခုလိုမျိုး ကား အတွက် လှပတဲ့ Concept တွေ မဖန်တီးပေးနိုင်ခင် အထိ ကုမ္ပဏီမှာ ၂ နှစ် လောက် အလုပ်လုပ် သွားခဲ့ပါ တယ်။ အခု Pagani ကား တွေကိုတော့ မထုတ်လုပ်ခင် အရွယ်တူ ပုံစံတူ ကားတွေအရင်ဆုံး ဖန်တီး ကြည့်ခဲ့ ကြတာပါ။
အခုလို သေချာဖန်တီးထားတဲ့ ရလဒ်ကတော့ အခု ကားလေးကို ရလာခဲ့တာ ဖြစ်ပြီး ကား ၅ စီးတည်း ထုတ် လုပ်တာ ဆိုပေမယ့် အတော်လေးကို လုပ်အား စိုက်ထုတ် ကြိုးစားခဲ့ရတဲ့ အထူးထုတ် ကားလေးတွေကိုပဲ ဖြစ်ပါတယ်။ ကားရဲ့ အနောက် ဘက်မှာတော့ V 12 အင်ဂျင် အကြီးစားကြီး ပါလာခဲ့ပြီး စွမ်းဆောင်ရည် အနေနဲ့ 840 hp နဲ့ 811 lb-ft Torque အထိကို ရှိလာ ပါတယ်။ အနောက်ဘက်မှာလည်း Grille ထည့်ပေး ထားတဲ့ ဒီဇိုင်း ကို အခု ကားမှာ မြင်တွေ့ ထားရပြီး Ceramic အုပ်ပေးထားတဲ့ တိုက်တေနီယမ် အိတ်ဇော စနစ် ကိုယ်တိုင်ကလည်း ၉.၇ ပေါင်ပဲ အလေးချိန် ရှိပါတယ်။ အဆိုပါ ပေါ့ပါးတဲ့ Tailpipe တွေကလည်း လေးခုတွဲ ဒီဇိုင်းဖြစ်တဲ့ အပြင် ကားရဲ့ အလေးချိန်ကိုလည်း ၂,၈၂၂ ပေါင်ပဲ ရှိစေမယ့် အထိ လျှော့ချပေးနိုင် အောင် အထောက်အကူ ဖြစ်ခဲ့ပါတယ်။ သေချာတာကတော့ အခုလို ပေါ့ပါး လွန်းတဲ့ Sports Car တစ်စီးမှာ စွမ်းဆောင်ရည်လည်း အတော်ကောင်းနေတာဖြစ်ပြီး ကားတစ်စီးလုံးရဲ့ ကိုယ်ထည်ပိုင်း ကိုလည်း တကယ် အဆင့်မြင့်တဲ့ သတ္တုစပ်ပစ္စည်းတွေ သုံးပေးထားတာပဲ ဖြစ်ပါတယ်။
Pagani အနေနဲ့ ကတော့ အရောင်တွေကို သုံးထားရာမှာလည်း Semi-Matter ဒါမှမဟုတ် Matte အပြည့် ကိုပဲ သုံးပေးထားပြီး အတွင်းခန်းမှာလည်း လယ်သာတွေ ၊ Nubuck Upholstery အသားတွေနဲ့အတူ စက်နဲ့ သေချာ ဖန်တီးထားတဲ့ အလူမီနီယံ အပိုင်းတွေသုံး ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းကတော့ ကြည့်လိုက်တာနဲ့ တင် တည်တည်ငြိမ်ငြိမ်နဲ့ ကျက်သရေရှိတဲ့ Sports ကားတစ်စီးအသွင် ဆောင်နေပါတယ်။ အခုလိုမျိုး ရှားပါးကား တစ်စီး စီရဲ့ တန်ကြေးကတော့ လက်ရှိမှာဆိုရင် ဒေါ်လာ ၇.၄ သန်း လောက်အထိ အနည်းဆုံးဈေးရှိနေပြီး ဘယ်သူတွေ ဝယ်ယူထားတာလဲ ဆိုတာကိုတော့ ကုမ္ပဏီက မဖော်ပြထားသေး ပါ ဘူး။ ဒါပေမယ့် အဆိုပါ ကားတွေ ကို စတင်ဖန်တီးနေတာ ၄ နှစ် လောက်အထိ ကြာပြီဖြစ်ပါတယ်။ ဒါ့အပြင် Huayra NC ကားကို အမှီလိုက်မယ့် Codalunga ကားအသစ်ကိုလည်း ကုမ္ပဏီဘက်က ဖန်တီးနေပြီ ဖြစ်တာကြောင့် သူတို့ရဲ့ မျိုးဆက်သစ် Supercar အတွက် ကိုလည်း အတော်လေး စိတ်ဝင်တစား စောင့် ကြည့်ကြရတော့မှာပါ။
Ref: motor 1.com