McLaren P1 ကားဆိုတာကတော့ ဆက်ပြီးမထုတ်လုပ်ဖြစ်တော့တာ နှစ်အတော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်ရဲ့ Motorsport နဲ့ Engineering Firm တစ်ခုဖြစ်တဲ့ Lanzante ကတော့ အခုကားကိုပဲ Plug-In Hybrid Hypercar တွေအဖြစ် အသွင်ပြောင်းကာ ပုံစံအသစ်နဲ့ တစ်ကျော့ပြန် ဖန်တီးပေးလာ တော့မယ်လို့ သိရပါတယ်။ အဆိုပါ ကားတွေထဲ နောက်ဆုံး ထွက်ထားတာကတော့ P 1 Spider ကားဖြစ်ပြီး ၂၀၂၂ Goodwood Festival Of Speed မှာ မြင်တွေ့ နေရတာပဲ ဖြစ်ပါတယ်။ တစ်ခု ထူးခြားတာကတော့ အခုတစ်ကျော့ပြန် ကားသစ် တွေမှာ ယခင်လို မဟုတ်ပဲ အမိုးပွင့်နဲ့ ဖြစ်လာတာပါပဲ။ အခုလို အမိုးပွင့်နဲ့ ဖြစ်ရတာကို နောင်တမရနိုင်စေဖို့ အတွက် ပိုပြီး သေချာ ကောင်းမွန်အောင် P 1 Coupe မှာတုန်းက အတူ ဖန်တီးခဲ့ဖူးတဲ့ Paul Howse နဲ့ အတူ လက်တွဲသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ အမိုးကို ဖယ်ထုတ်လိုက် တယ် ဆိုတာ သာမန် မဟုတ်ပဲ နဂို ကားမှာပါထားတဲ့ Central Air Intake ကိုပါ ဖယ်လိုက်ရမှာ ဖြစ်တာ ကြောင့် လိုအပ်တဲ့အင်ဂျင်နီယာပိုင်းတွေ သေချာပြန်လုပ်ရမှာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဆိုထားပါတယ်။

Photo Credit: MotorAuthority

အခု ဒီဇိုင်းအသစ်မှာ ပါဝင်လာမယ့် House Air Intake တွေကတော့ Turbocharger တွေနဲ့ တစ်ခါတည်း ဆက်ထားမှာ ဖြစ်ပြီး အခြားသော အစိတ်အပိုင်းတွေမှာ ဆိုရင်တော့ အရှေ့ဘက်က Fenders တွေ ၊ တံခါး တွေနဲ့ အင်ဂျင်စက်ဖုံး ပိုင်းတွေကို ပြန်လည် ပြင်ဆင်မှုလေးတွေ လုပ်ပေးထားမှာပါ။ ဒါ့အပြင် အင်ဂျင်နီယာ အပိုင်းက ပြင်ဆင်မှု လုပ်ရာမှာ တော့ Chassis ‌ကိုပါ ပိုနှိမ့်ပေးမှာဖြစ်ပြီး အမိုးမပါတော့တဲ့ ကိုယ်ထည်ဝိတ် ကိုလည်း ပိုပြီးခံနိုင်လာ တော့မှာ ဖြစ်ပါတယ်။ P 1 Spider အသစ်မှာတော့ အမိုးပွင့်ကိုမှ အဖွင့်အပိတ်ကို ချုံ့ချဲ့လုပ်နိုင်တာ မျိုးထက် ဖြုတ်တပ်လို့ ရမယ့် ပုံစံမျိုး ဖန်တီးလာနိုင်ပါတယ်။ အတွင်းခန်းကို အကာအ ကွယ် ပေးနိုင်ဖို့ အတွက်တော့ Lanzante အနေနဲ့ UV ဒဏ်ခံနိုင်တဲ့ လယ်သာနဲ့ ချည်သားတွေကို တောက် လျှောက် အပြည့်ထည့်ပေးထားမှာဖြစ်ပြီး Satin Carbon Fiber Trim နဲ့ Gloss Black Switchgear တွေကိုလည်း သုံးပေးထား ဦးမှာပါ။ အင်ဂျင်ကတော့ ယခင်ကား အဟောင်းအတိုင်း မပြောင်းလဲ ပေးထားပဲ Twin-Turbocharged 3.8 Liter V 8 ကိုပဲ လျှပ်စစ်မော်တာနဲ့ ပေါင်းစပ်ကာ မြင်တွေ့ရမှာပါ။ ဒါကြောင့် စုစုပေါင်းစွမ်းဆောင်ရည် 903 hp နဲ့ 664 lb-ft Torque အထိကို ရှိနေမှာဖြစ်ပြီး စွမ်းဆောင်ရည် အချက် အလက် အသေးစိတ်တွေကို တရားဝင် မသိရသေးပါဘူး။ ဒါပေမယ့် Mclaren ကားအသစ်မှာတော့ တစ် နာရီ ၆၂ ပမာဏရောက်အောင် အရှိန်တင်နိုင်ဖို့ ၂.၈ စက္ကန့်ပဲ ကြာမယ်လို့ဆိုထားကြသလို အမြင့်ဆုံးမြန်နှုန်း ကတော့ ၂၁၇ မိုင်အထိ ရှိနိုင်ပါတယ်။

Photo Credit: MotorAuthority

Lanzante ကတော့ အခု P 1 Spider ကားကို ၅ စီးတည်းသာ သီးသန့်ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ပထမ ဆုံး ကား ကိုတော့ အခုနှစ် မကုန်ခင်မှာ စမြင်ရနိုင်ပါတယ်။ P 1 Spider အနေနဲ့ Lanzante က တစ်ကျော့ ပြန် ဖန်တီးထားမယ့် ကားတွေထဲ နောက်ဆုံးသော အလန်းစား ကားတစ်စီး ဖြစ်လာဦးမှာပါ။ ယခင်တုန်း ကတော့ P 1 LM ၊ P 1 GT Longtail နဲ့ P1 GTR-18 တို့ကို  ဖန်တီးပေးခဲ့ဖူးပြီး အဆိုပါ ကားတွေ အကုန်လုံး ကတော့ မူလ P1 GTR ပေါ်မှာ အခြေခံ ထားခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ကတော့ Mclaren နဲ့ ဟိုးယခင်က တည်းက သမိုင်းကြောင်းအရ ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး ၁၉၉၅ ၂၄ နာရီ အပြည့် Le Mans ကား ပြိုင်ပွဲ ကြီးမှာ ဆုရခဲ့တဲ့ F 1 GTR ကိုလည်း Lanzante တို့ လေ့လာ ဖန်တီးဖူးခဲ့တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority