Nissan Rogue ကားကိုမှ တတိယ ထိုင်ခုံတန်း ထည့်သွင်းပေးလိုက်တဲ့ 2022 Mitsubishi Outlander ကတော့ ယခင် ကားအဟောင်းတွေထက် ပိုကောင်းတဲ့ မျိုးဆက်သစ် ကားသစ်တစ်စီး ဖြစ်လာခဲ့ပါတယ်။ လုံခြုံရေးပိုင်းမှာ ဆိုရင်လည်း အတော်လေး ကောင်းမွန်တဲ့ SUV တစ်စီးအဖြစ် ရှိလာခဲ့ပေမယ့် အရမ်းကြီး ထူးခြားနေတဲ့ ကားကောင်း တစ်စီးအဖြစ် မမြင်ရသေးတာကတော့ အမှန်ပါ။ အခုဆိုရင်တော့ ပိုထူးခြားတဲ့ Outlander Black Edition Trim Level ကို Mitsubishi တို့ မိတ်ဆက်ပေးလာခဲ့ပြီး ကားအပေါ် စိတ်ဝင် စားမှု ပိုရလာအောင် လုပ်ပေးလာခဲ့ပါတယ်။ Mitsubishi ကတော့ အခု Black Edition အသစ်ကို Sport ဆန်တဲ့အရသာနဲ့အတူ အများတတ်နိုင်မယ့် ပမာဏ လောက်နဲ့ ဖန်တီးပေးလာတာ ဖြစ်ပါတယ်။ ကားရဲ့ ထူး ခြားချက် တွေကတော့ အရှေ့နဲ့ အနောက်က ဘန်ဘာ Garnish တွေ ၊ တံခါးလက်ကိုင်တွေ ၊ ဘက်ကြည့်မှန် တွေ နဲ့ လက်မ ၂၀ အရွယ် အလွိုင်းဘီးတွေ ၊ Headliner တွေနဲ့ A-Pillar တွေကအစအနက်ရောင် သီးသန့် ဖြစ်လာတော့တာပါ။ ပုံတွေ ကြည့်ရတာကတော့ Outlander ရဲ့ ဒီဇိုင်းနဲ့ အခုလို အနက်ရောင် ကတော့ အတော်လေး လိုက်ဖက်နေတာ သိသာပါတယ်။
ကားကတော့ ဒီဇိုင်းပိုင်းသာပြောင်းလဲတာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ ဘာမှမပြောင်းလဲပေးထားပဲ အင်ဂျင် ကလည်း Nissan က ထုတ်ထားတဲ့ 2.5 Liter Four-Cylinder Engine ကိုပဲ Continuosly Variable Transmission ဂီယာနဲ့ သုံးပေးထားပါတယ်။ စွမ်းဆောင်ရည်ကတော့ 181 hp နဲ့ 181 lb-ft Torque အထိရှိတာ ဖြစ်ကာ Front-Wheel Drive ဒါမှမဟုတ် Super All-Wheel Control စနစ်သစ် ဆိုတာကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ အခု 2023 Model အသစ်မှာတော့ Plug-In Hybrid Version ကိုလည်း Mitsubishi ဆီက အင်ဂျင်နဲ့ ပြန်လည်တွဲဖက်ပေးထားပြီး လျှပ်စစ်သီးသန့်နဲ့ကိုပဲ ၅၄ မိုင် လောက် အထိ မောင်းနိုင်ပါတယ်။ ဒါပေမယ့် အခု အသစ်ထုတ်ပေးထားတဲ့ အနက်ရောင် Package ကို အဆိုပါ PHEV ကားမှာရော ရနိုင်မှာလားဆိုတာကတော့ မသေချာသေးပါဘူး။ လက်ရှိ မှာတော့ အဆိုပါ Package အသစ် ရဲ့ ကားပုံကို တစ်ပုံတည်းသာချပြထားခဲ့ပြီး White Diamond ဆိုတဲ့ $ 595 တန် အရောင်ကိုလည်း ရွေးချယ်စရာ အဖြစ်သပ်သပ် ပေးထားပါသေးတယ်။ အခြားအရောင်တွေ အနေနဲ့ဆိုရင်တော့ Red Diamond ( $ 595 ) ၊ Black Diamond ( $ 595 ) တို့နဲ့ ထပ်မံ ရွေးချယ်ဝယ်ယူနိုင်သေးသလိုငွေကြေး ထပ်မံမကုန်ကျတဲ့ အရောင်တွေ အဖြစ်လည်း Cosmic Blue ၊ Labrador Black Pearl ၊ Alloy Silver နဲ့ Mercury Gray တို့ကို ရရှိနိုင်ပါသေးတယ်။
အခု Black Edition အသစ်ကို မှာယူရတာ မှာတော့ များများစားစား ရွေးချယ်စရာ သိပ်မရှိတာကြောင့် အတော်လေး ရိုးရှင်း လွယ်ကူပြီး FWD Version ကို ဆိုရင် $ 29,995 ၊ AWD Model ကိုဆိုရင် $ 31,795 လောက် နဲ့ စတင်ဝယ်ယူနိုင်မှာပါ။ ပုံစံတူတဲ့ Outlander SE နဲ့ ယှဉ်ရင်တောင် အခု Black Edition အသစ် က ဒေါ်လာ ၈၅၀ လောက် ပိုများနေတာ တွေ့ရပါတယ်။ အဆိုပါ ဈေးနှုန်းတွေမှာတော့ Mitsubishi Connect App ကို ၂ နှစ် အခမဲ့ စမ်းသပ်သုံးစွဲခွင့်လည်း ပါဝင် ပါသေးတယ်။ အဆိုပါ App ကတော့ ကားရဲ့ လုံခြုံရေးပိုင်းကို အဓိကထားတာ ဖြစ်ပါတယ်။ အဆိုပါ စနစ်တွေ အပြင် အရောင်တွေ ၊ Dealer က ကြိုတင် ထည့်ပေးထားမယ့် ကားကြမ်းခင်းတွေ ၊ ကုန်တင်စရာအိတ်တွေ ၊ Puddle Lamps တွေ ၊ အမိုးတန်းတွေ၊ Lightning Package တွေနဲ့ Rear Spoiler တို့အပြင် လိပ်တင်လို့ရတဲ့ Sunshade တွေကိုလည်း စိတ် ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Ref: carbuzz.com