ကမ္ဘာတစ်ဝန်းက Brand အမျိုးအစားတွေထဲ Leopards ၊ Jaguar ၊ Lions ၊ Tiger နဲ့ Puma စတဲ့ ကြောင်မျိုးနွယ် နာမည်တွေကို အမျိုးမျိုးသုံးလေ့ ရှိကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု နောက်ထပ် မျိုးနွယ် တစ်ရပ်ကတော့ တရုတ် ဈေးကွက်ထဲမှာ ကားသစ်တစ်စီး အနေနဲ့ ပေါ်ထွက်လာပြီဖြစ်ပြီး Ora Cat ဆိုတဲ့ နာမည်နဲ့ လျှပ်စစ်ကားသစ်ပါပဲ။ ကားရဲ့ ပုံစံကလည်း အထူးအဆန်းလေး ဖြစ်သလို မိသားစုစီး လျှပ်စစ် ကားတစ်စီးအနေနဲ့လည်း အတော်လေး ကြီးမားနေပါတယ်။ အခု ပုံထဲမှာ မြင်ရမယ့် ကားလေးကတော့ Ora ရဲ့ လက်ရှိ အမျိုးအစားတွေထဲ အကြီးဆုံးနဲ့ စွမ်းဆောင်ရည် အကောင်းဆုံး Lightning Cat ကားလေး ပါပဲ။ အခု ကားလေးရဲ့ စွမ်းဆောင်ရည်ပိုင်းတွေ ကိုလည်း Performance Trim ထဲမှာ စမ်းသပ်ထား ခဲ့ကြပါပြီ။

Photo Credit: motor 1.com

ကားလေးကတော့ တံခါး ၅ ပေါက်ပါတဲ့ ဒီဇိုင်းဖြစ်ပြီး အဓိက ထူးခြားတာကတော့ Retro Vibe ခေတ်ဟောင်းအရသာ လေးတွေကို ခံစားရစေမယ့် ပုံစံ ဖြစ်နေတာပါ။ အထူးသဖြင့် Porsche နဲ့ Bentley တို့ရဲ့ ဇိမ်ခံအရသာ မျိုးတွေ ကိုလည်း အခုကားမှာ မြင်ရနိုင်တာ ဖြစ်ပါတယ်။ ပုံစံလေးကတော့ ဘယ်လို ရှုထောင့်ကပဲကြည့်ကြည့် မဆိုးဘူးဆိုတဲ့ အသွင်ပေါက်သလို ကားအပြင်ဘက် အသေးစိတ် ပြင်ဆင်ထားပုံ လေးတွေ ကလည်းတော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အထူးသဖြင့် Active ဖြစ်တဲ့ အနောက်ဘက် Spoiler ၊ Bentley ပုံစံ နောက်မီးတွေက သိသာ နေတာပါ။ အတွင်းခန်းမှာ ဆိုရင်တော့ အတော်လေး လှတဲ့ အညိုရောင် လယ်သာသားတွေနဲ့ Physical ခလုတ်တွေ ပေါင်းစပ်ထားတာကို Dashboard ပေါ်မှာပါ မြင်တွေ့ ရပါလိမ့်မယ်။

Photo Credit: motor 1.com

အခု စမ်းသပ်ထားတဲ့ Performance Trim ကားလေး မှာတော့ လျှပ်စစ် မော်တာ ၂ လုံးတပ်ဆင်ပေးထားပြီး 408 hp နဲ့ 501 lb-ft Torque အထိကို ပေါင်းစပ် စွမ်းဆောင် နိုင်ပါတယ်။ တစ်နာရီ ၆၂ မိုင်နှုန်းအထိ မြန်နှုန်းမြှင့်တင်ဖို့ အတွက် ဆိုရင်လည်း ၄.၃ စက္ကန့် အတွင်းမှာတင် မောင်းပြနိုင်ပါသေးတာ ဖြစ်ပါတယ်။ ကားရဲ့ Range အနေနဲ့ကတော့ တစ်ခါ အားသွင်းထားမယ် ဆိုရင် ၃၇၃ မိုင် အထိကို မောင်းနှင်နိုင်မှာ ဖြစ်ပြီး ဘက်ထရီကလည်း 83.5 kWh ပမာဏ အရွယ် ကို သုံးပေးထားတာပါ။ ဒါပေမယ့် အခုကားကိုစမ်းသပ် မောင်းနှင်ထားသူကတော့ စွမ်းဆောင်ရည် အမြင့်ဆုံး Sport Mode ရဖို့အတွက် လိုတာထက် ပိုစွမ်းဆောင်နေရပြီး ကားရဲ့ Suspension ပိုင်းတွေက အင်ဂျင်ရဲ့ ရုန်းအားနောက် ကောင်းကောင်း မလိုက်နိုင်တာ မျိုးတွေ့ရတယ်လို့တော့ ဆိုထား ပါတယ်။ စတီယာတိုင် ပိုင်းကလည်း ကောင်းတယ် ဆိုပေမယ့် ကားကတော့ အရမ်းကြမ်းတဲ့ Performance မောင်းနှင်မှု အကွေ့အကောက်တွေထက် စာရင် သာသာ ယာယာနဲ့ ဇိမ်ခံ အရသာဘက်မှာ ပိုကောင်းတဲ့ အနေအထားမျိုး ရှိနေတယ်လို့ သိရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com