Opel ကုမ္ပဏီ ရဲ့ လျှပ်စစ်စွမ်းအင်နဲ့ စွမ်းဆောင်ရည်အသားပေး ပထမဆုံး ကားတစ်မျိုးဖြစ်တဲ့ Astra GSe ဆိုတဲ့ ကားကိုတော့ စမြင်ရပြီ ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ GSe ဆိုတဲ့ Brand အခွဲ တစ်ခုအောက် မှာ ရောင်းချ သွားမှာပါ။ GSE Brand အခွဲဆိုတာကတော့ ၁၉၇၀ ခုနှစ်တွေနဲ့ ၁၉၈၀ ခုနှစ်တွေဆီက Opel ရဲ့ Commodore နဲ့ Monza တို့လို့ စွမ်းဆောင်ရည် အသားပေး ကားတွေကိုပဲ ထုတ်လုပ်ပေးခဲ့တဲ့ Brand တစ်ခု ဖြစ်ပါတယ်။ အခု အဆိုပါ Brand ရဲ့ အရှေ့မှာပါလာတဲ့ E ဆိုတဲ့ စာလုံးလေးကတော့ ဂျာမန်ဘာသာ စကားနဲ့ဆိုရင် Injection လို့ အဓိပ္ပါယ် ရပေမယ့် အခုခေတ်အရ ဆိုရင်တော့ လျှပ်စစ်စွမ်းအင်နဲ့ စွမ်း ဆောင်ရည် အသားပေးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Photo Credit: MotorAuthority

အခု မြင်ရတဲ့ Astra GSe ကားကတော့ Plug-In Hybrid အမျိုးအစားဖြစ်ပြီး 1.6 Liter Turbo-4 Engine တပ်ဆင် ထားသေးကာ လျှပ်စစ် မော်တာနဲ့ ပေါင်းစပ် ပေးထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ပိုင်း အရတော့ 221 hp နဲ့ 265 lb-ft Torque အထိကိုရှိတာ ဖြစ်ပြီး 12.4 kWh Battery ကိုလည်း လျှပ်စစ်စွမ်းအင် သီးသန့် Range ပိုကောင်းဖို့ အတွက် ထည့်ပေးထားပါသေးတယ်။ အဆိုပါ အင်ဂျင်ကိုပဲ သာမန် Astra Model မှာ သုံးပေးထားသေးပေမယ့် GSe ကားအသစ်ကိုတော့ Sport ပိုဆန်အောင် Tuning လုပ်ပေးထားတဲ့ Chassis ပေါ်မှာ ဖန်တီး ပေးထားတာပါ။ အဆိုပါ Chassis အသစ်မှာ ဆိုရင် Spring အသစ်တွေ ၊ Koni ရဲ့ ချိန်ညှိလို့ရတဲ့ Dampers တွေ ၊ ၁၀ မီလီမီတာပဲ ရှိတဲ့ ကြမ်းခင်းအနိမ့် ၊ ၁၈ လက်မအရွယ် ပေါ့ပါးတဲ့အလွိုင်း‌တွေ ၊ လိုသလိုချိန်ညှိအလုပ်လုပ်နိုင်တဲ့ စတီယာတိုင်နဲ့ Electronic Stability Control စနစ်တွေ ကိုပါ အကုန်အသုံး ပြုပေးထားတာပဲ ဖြစ်ပါတယ်။ ကားသစ်မှာတော့ အမြင်ပိုင်း အပြောင်းအလဲ တွေကိုလည်း လုပ်ဆောင် ပေးထားပြီး ဘီးအသစ်တွေ အပြင် အရှေ့ဘက် Fascia အသစ် ကိုလည်း ပြောင်းပေးထား ပါသေးတယ်။ ကား အတွင်းခန်းမှာတော့ Sport ထိုင်ခုံတွေနဲ့ Alcantara သားတွေကိုပါ သုံးပေးထားတာ ပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Astra GSe ကားသစ်တွေကို မှာယူမယ်ဆိုရင်တော့ သာမန် Hatch ပုံစံအပြင် Sports Tourer Wagon ကားပုံစံနဲ့ပါ ရရှိ နိုင်ဦးမှာပါ။ ဈေးကွက်ထဲ အရောင်းပိုင်းတွေကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာ Opel တို့ စတင်လာ နိုင်ပါတယ်။ အခု ကားသစ် မိတ်ဆက်ရာမှာလည်း Opel ရဲ့ CEO ဖြစ်သူ Florian Huettl ကတော့ အခုကားသစ် တွေဟာ ကုမ္ပဏီရဲ့ Brand ခွဲ ပုံစံအသစ် တစ်ခုအတွက် တကယ်ကို စံထားလောက်တဲ့ ကားတွေ ဖြစ်ရုံသာမက ကုမ္ပဏီ ရဲ့ လာမယ့် ၂၀၂၈ အရောက်မှာ လျှပ်စစ်ကား သီးသန့် Brand ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီနေတယ်လို့ ဆိုထားပါတယ်။

Ref: MotorAuthority