ပြီးခဲ့တဲ့ 2018 Goodwood Festival Of Speed ပွဲမှာဆိုရင် ဗြိတိန် Supercar ကုမ္ပဏီကြီး Noble ကတော့ M 500 Supercar Concept ကား တစ်စီးကို ချပြခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ထုတ်လုပ်တဲ့ အဆင့် ရောက် လာစေရမယ် ဆိုတဲ့ အာမခံချက်ကို ပေးခဲ့ပြီး နောက်ကွယ်မှာ ဖန်တီးနေခဲ့ရာမှ အခု ဆိုရင်တော့ M 500 ကားသစ်ကို လာမယ့် အပတ်ထဲမှာ ပဲ အကြိုထုတ်လုပ်တဲ့ အဆင့် အနေနဲ့ ချပြတော့မှာပါ။ အကြိုထုတ်လုပ် တဲ့ အဆင့်ကားတွေ ဆိုတာကတော့ နောက်ဆုံးအဆင့် စမ်းသပ်ချက်တွေအပြင် မှတ်ပုံတင်ဖို့ အဆင့်တွေ အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Customers တွေဆီ မရောက်သေးခင် မှာတော့ ထုတ်လုပ်တဲ့ အဆင့်မှာ အကောင်းဆုံး စမ်းသပ် နိုင်တဲ့ အဆင့်ဖြစ်ပြီးတော့ ကားသစ်ကိုတော့ လာမယ့် ၂၀၂၂ နှောင်းပိုင်းမှာတင် အပြီးသတ် ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ ထုတ်လုပ်ပြီးတာနဲ့ မကြာခင်မှာပဲ အဆိုပါ ကားကို ချက်ချင်း ပို့ပေးနိုင်တော့မယ်လို့ ခန့်မှန်း ရပါတယ်။

Photo Credit: MotorAuthority

တကယ်တော့ M 500 ကားသစ်ဆိုတာ Noble ရဲ့ M 600 Supercar ရဲ့နေရာကို အစားထိုး ဝင်ရောက်လာ တာဖြစ်ပြီးတော့ ဈေးလည်း ပိုသက်သာလာသလို 650 hp ရှိ V 8 Engine အစား 550 hp ရှိတဲ့ V6 အင်ဂျင် ကို ပိုပြီး သဘော တွေ့လာပုံရပါတယ်။ V6 Engine ဆိုတာကတော့ Twin-Turbocharged 3.5 Liter V6 Engine ကို အနည်းငယ် ဝိတ်လျှော့ထားတာဖြစ်ပြီး F-150 Raptor လို ကားမျိုးတွေမှာ သုံးထားတဲ့ အင်ဂျင် တွေ ဖြစ်ပါတယ်။ M 600 ရဲ့ V 8 Engine ကတော့ အပြင်က ထောက်ပံ့ ပေးထားတဲ့ သပ်သပ်အင်ဂျင်အနေ နဲ့  ယူထားတာဖြစ်ပြီး Volvo အတွက် Yamaha တို့ ဖန်တီးပေးထားတဲ့  4.4 Liter V 8 Engine နဲ့ အတူတူ ပဲ ဖြစ်ပြီး M 600 မှာတော့ Turbocharger တွေ အပို ပါလာတာ ဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင် နဲ့ Driver Assist နည်းပညာတွေ ပါဝင်လာပေမယ့် M 500 ကားသစ်မှာ တော့ ယခင် ပုံစံတွေ အတိုင်းပဲ ဖန်တီး ပေး ထား ပါတယ်။ ဥပမာအားဖြင့် 6-Speed Manual ဂီယာကိုပဲ ထည့်ပေးထားတာ မျိုးနဲ့ လေအိတ်တွေတောင် မပါပဲ ရဲရဲကြီး မောင်းခိုင်းထားတာမျိုးတွေ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Noble အနေနဲ့ ကားရဲ့ ဈေးကိုတော့ အတိအကျ မဖော်ပြထားသေးပေမယ့် ‌ဈေးနှုန်းကတော့ $ 183,350 လောက် အထိ ကျသင့်မယ်လို့ ခန့်မှန်း ရပါတယ်။ M 600 ကားမှာ တုန်းကတော့ $ 251,870 ဆိုတဲ့ ဈေးရှိ ထားတာ ဖြစ်ပါတယ်။ ဈေးသက်သာ သွားဖို့အတွက် M 600 မှာ သုံးထားတဲ့ အပိုပစ္စည်းတွေအစား M 500 မှာတော့ ကာဗွန်ဖိုက်ဘာ သားတွေ ကို သုံးပေးထားတာပါ။ ကိုယ်ထည် ပိုင်းတွေမှာလည်း Tubular Steel ဝင်ရိုးကို အခြေခံ ဖန်တီးပေးထားတာ ဖြစ်ပြီး ကာဗွန် ကိုယ်ထည်နဲ့ ရနိုင်သေးတာကြောင့် အတော်လေးကို ပေါ့ပါးနေနိုင်ပါတယ်။ ထုတ်လုပ်မှုတွေကိုတော့ ယူကေ ရဲ့လက်စတာက စက်ရုံမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး ၂၀၁၈ တုန်းက M 600 ထုတ်လုပ်မှုတွေကို အဆုံးသတ်ခဲ့တဲ့ နေရာ ပဲ ဖြစ်ပါတယ်။ 2022 Goodwood Festival Of Speed ပွဲကြီးကတော့ လာမယ့် ဇွန်လ ၂၃ ကနေ ၂၆ ရက်နေ့ အတွင်း ကျင်းပသွားတော့မှာပါ။

Ref: MotorAuthority