နာမည်ကျော် ဂျိန်းစ်ဘွန်း ရုပ်ရှင်တွေထဲ  နောက်ဆုံးထွက်ထားတဲ့ ကားတစ်ကားဖြစ်တဲ့ No Time to Die ရုပ်ရှင်ထဲမှာ တော့ Jaguar နဲ့ Land Rover ကားတော်တော်များများ စတန့်ကွက်တွေကို ပြသထားခဲ့ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားတွေကို လာမယ့် စက်တင်ဘာ လ ၂၈ ရက်မှာ လန်ဒန်မှာရှိတဲ့ Christe’s မှာ လေလံတင်သွားတော့မှာ ဖြစ်ပြီး တစ်ချို့သော ရောင်းချရတဲ့ ပမာဏတွေကို အလှူအတန်းတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ လေလံ ပွဲထဲမှာတော့ Land Rover Defender 110 လို ကားမျိုး အပါအဝင် ရုပ်ရှင်ထဲပါခဲ့တဲ့ ကားတွေ အတော်များများ ပါလာမှာ ဖြစ်ပြီး အဆိုပါ ကားကလည်း ရုပ်ရှင်ထဲသုံးခဲ့တဲ့ Defender ၁၀ စီးထဲက တစ်စီး ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ VIN နံပါတ်ကတော့ ဂျိန်းစ်ဘွန်းရဲ့ အမှတ်သညာဖြစ်တဲ့ 007 ဆိုတဲ့ နံပါတ်ကို သုံးပေးထားပြီး ‌လေလံပွဲမှာ $ 363,353 လောက်ကနေ $ 608,922 ဝန်းကျင်လောက်အထိ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ ပမာဏတွေထဲက တစ်ချို့ကိုတော့ ဗြိတိန်ရဲ့ ကြက်ခြေနီ အသင်းထံ လှူဒါန်းပေးသွား ဦးမှာပါ။

Photo Credit: MotorAuthority

အဆိုပါ ရုပ်ရှင်ထဲမှာ စတန့်ကား နေရာမဟုတ်ခဲ့ပေမယ့်လည်း ဒုတိယမြောက် Defender 110 နောက်တစ်စီးကိုပါ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ V8 Bond Edition အဖြစ်  အထူးထုတ်ထားတာဖြစ်ပြီး အစီးရေ ကလည်း ကမ္ဘာတစ်ဝန်းလုံးကိုမှ ၃၀၀ ထဲ ထုတ်ပေးထားဖြစ်လို့ အခု လေလံပွဲမှာတော့ $ 243,569 ကနေ $ 365,353 အကြားမှာ ဈေးရနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဆိုပါ ရောင်းအားကရတဲ့ ငွေပမာဏ တစ်ချို့ကိုတော့ Charity Tusk အဖွဲ့ဆီ လှူဒါန်းသွားမှာပါ။ Defender ကားတွေတင်မကပဲ နောက်ထပ် ရောင်းချဖို့ ရှိလာတာကတော့ Range Rover Sport SVR စတန့်ကား ၆ စီးထဲက တစ်စီးဖြစ်ပြီး $ 97,427 နဲ့ $ 146,141 အထိ ရလာနိုင်ပါတယ်။ ဒါပေမယ့် အခု လေလံတင်မယ့် ကားက လက်ရှိ နောက်ဆုံးထွက်ထားတဲ့ တတိယမြောက် မျိုးဆက်မဟုတ်ပဲ ယခင်မျိုးဆက် အဟောင်း Range Rover Sport ကားပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သာမန် မဟုတ်တဲ့ SVR Model ဖြစ်တာကြောင့် 5.0 Liter Supercharged V 8 အင်ဂျင် ပါလာတာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းကလည်း 575 hp နဲ့ 516 lb-ft Torque အထိကို ရှိထားတာပါ။

Photo Credit: MotorAuthority

နောက်ဆုံး လေလံပစ်မယ့် ကားကတော့ စတန့်ကား နောက်တစ်စီးဖြစ်တဲ့ Jaguar XF ဖြစ်ပြီး $ 60,895 ကနေ $ 85,253 အကြား ဈေးရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အဆိုပါ ကားကတော့ ရုပ်ရှင်ရဲ့ Pre-Credits Scene တွေထဲမှာ လူဆိုးတွေက 007 ဂျိန်းစ်ဘွန်းရဲ့ Aston Martin DB5 ကားနဲ့ပြေးတဲ့ နောက်ကိုလိုက်တဲ့ အခန်းတွေမှာ ပါထားတ ဖြစ်ပြီး ၂ စီး ထဲက တစ်စီးလည်း ဖြစ်ပါတယ်။ DB5 Aston Martin ဂျိန်းစ်ဘွန်းကား အကြောင်းဆက် ပြောရမယ်ဆိုရင်တော့ ရုပ်ရှင်ထဲမှာ အဆိုပါကားနဲ့ ဆက်စပ်တဲ့ စတန့်ကားရယ်လို့ကိုမထား ရှိထားခဲ့ပါဘူး။ ဒါ့အပြင် 1974 Aston Martin Vantage V8 ကား ၊ DBS Superleggera ကား ဒါမှမဟုတ် Valhalla Supercar တို့က ရုပ်ရှင် ထဲမှာလည်းပြကွက် နည်းနည်းလောက်ပဲ ပါလာတာကြောင့် နောက်ပိုင်းထွက် ရုပ်ရှင်တွေထဲမှာပဲ ဆက်လက် မျှော်လင့်လို့ ရလာနိုင်ပါတယ်။

Ref: MotorAuthority

(20) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube