ကားအမျိုးအစားရပ်တိုင်းမှာ စိတ်ဝင်စားစရာကားတစ်စီးစီ ရှိနေခဲ့တဲ့ အခြေအနေကိုတော့ နာမည်ကျော် Toyota ထဲ ပိုင်ဆိုင်ထားတာ သိပ်မကြာသေးဘူးလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါကား‌တွေ ဘယ်လောက် ထွက်ထွက် စွမ်းဆောင်ရည်ပိုင်း သီးသန့်ကောင်းတယ် ဆိုတဲ့ Toyota ကားတွေက လူကြိုက်ပိုများကြတာဖြစ်ပြီး ၂၀၁၃ ကတည်းက ထွက်လာတဲ့ 86 Sports Car တွေဆိုရင်လည်း အတော်လေး နာမည်ရခဲ့ပါတယ်။ ဒါပေမယ့် တကယ် တမ်း ဈေးကွက်ထဲ ကောင်းခဲ့တာကတော့ တကယ်မောင်းလို့ ကောင်းတဲ့ Supra ကားတွေ ဖြစ်ပြီး နောက်ပိုင်းမှာ တော့ Yaris နဲ့ Corolla ကားတွေမှာကအစ စွမ်းဆောင်ရည် အသားပေး GR ကားတွေ ဖန်တီးပေးလာဖို့ ရှိလာ ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ GR ကားတွေဟာ မြင်ခဲ့ ရသမျှ GR ကားအကုန် ဖြစ်နိုင်ဖို့ ရှိလာ ပါပြီ။ Toyota ရဲ့ အဓိက အင်ဂျင်နီယာ ဖြစ်သူ Yasunori Suezawa ရဲ့ပြောကြားချက်အရတော အခုက စလို့ နောက်ပိုင်းအတွက် ဘယ်လို GR Models အသစ်ကိုမှ ပြင်ဆင်ထားခြင်း မရှိတော့ဘူးလို့ Drive သတင်းကို ဖွင့်ဟ လာခဲ့ပါတယ်။ လက်ရှိ အမေရိက ကားဈေး ကွက်ကို ကြည့်မယ်ဆိုရင် GR Supra ၊ GR86 နဲ့ GR Corolla အသစ် တို့လောလောဆယ် ရှိနေပြီး တစ်ခြားသော ဈေးကွက်တွေထဲမှာ ဆိုရင်တော့ GR Yaris လည်း ရှိနေပါတယ်။ ထပ်ပြီး မျှော်လင့်လို့ ရနိုင်သေး တာ ဆိုရင်တော့ GR Camry Sports Sedan ကားဖြစ်လာနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ၎င်းရဲ့ ပြောကြားချက်တွေအရ နောက်ထပ် ဆက်ရှိလာနိုင် သေးတာတွေကတော့ GR Sports Model တွေ ဖြစ်လာနိုင်ပြီး လောလောလတ်လတ်မှာကိုပဲ C-HR ဆိုတဲ့ Crossover မှာ GR Sports Trim အသစ်တစ်ခု ပါလာတာ တွေ့ထားရပါတယ်။ နောက်ထပ် အဆိုပါ GR Trim ရဲ့ လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာ တွေကတော့ Toyota Crown Hybrid နဲ့ လျှပ်စစ်ကားသစ် bZ4X တို့ အတွက်မှာပါ စဉ်းစား စရာတစ်ရပ်အဖြစ် ရှိလာနေခဲ့တာပါပဲ။ ဒါပေမယ့် တကယ်လို့ ‌GR Trim Model အသစ်တွေ ထပ်မမြင်ရနိုင်တော့ဘူးဆိုတာ သေချာသွားခဲ့ရင် အခုချိန်မှာ ဝယ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

Photo Credit: motor 1.com

လက်ရှိမှာ GR86 ကို Subaru နဲ့ တွဲဖက်ထုတ်လုပ်ထားပြီး Supra ကလည်း BMW Z4 လို ကားတစ်စီးလို့တောင် ဆိုလို့ရတဲ့အထိ ကောင်းနေပါတယ်။ ဒါပေမယ့် GR Yaris နဲ့ GR Corolla တို့သာ တကယ်တမ်း ဆက်ဖြစ်လာဦးမယ် ဆိုရင် စွမ်းဆောင်ရည်ပိုင်း တော်တော်ကြီးကောင်းတဲ့ Toyota ကားတွေအဖြစ် ဆက်မြင်ရဦးမှာ သေချာပါတယ်။ မကြာသေးမီကမှ Review လုပ်ခဲ့ကြတဲ့ GR Corolla တို့ကလည်း တော်တော် ကို ကောင်းတဲ့ GR ကားတစ်စီးဆိုတာကို သက်သေပြထားနိုင်ခဲ့ပြီးပါပြီ။ လက်ရှိမှာ GR ကားသစ်တွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့တော့ Toyota USA အပါအဝင် ကုမ္ပဏီဘက်ကနေ တရားဝင် အတည်ပြုထားတာ မျိုးတော့ မရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com