ဂျပန်နိုင်ငံ ၊ Fuji Speedway မှာလာမယ့် ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် ၂၄ နာရီ အချိန်ပြည့် ကားမောင်း ပြိုင်ပွဲကြီးမှာ 2023 Nissan Z ကားလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ST-Q Class ပွဲကို ကားနှစ်မျိုးနဲ့ ဝင်ပြိုင်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ Nissan Nismo Performance ရဲ့ သတင်းစာ ရှင်းလင်းပွဲ မှာအတည်ပြု ပေးသွားတာပါ။ အဆိုပါ ကား ၂ စီး ထဲက တစ်စီးကတော့ Nissan ရဲ့ စက်ရုံ အသင်းထဲက ဖြစ်ပြီး နောက် တစ်စီး ကိုကတော့ သီးသန့်အဖွဲ့ အဖြစ် Max Racing က ယှဉ်ပြိုင်မှာ ပါ။ အဆိုပါ ကားအတွက်တော့ ယာဉ် မောင်း ၃ ဦးအလှည့် ကျ ထားထားမှာ လည်း ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Nissan အနေနဲ့ ကတော့ Nissan Z ပြိုင်ကားကိုပါ အခုပွဲ အတွက် ချပြခဲ့ပြီဖြစ်ပြီး ဈေးကွက်ထဲမှာ ရောင်းချ နေတဲ့ ကားနဲ့လည်း အတော်လေးတော့ ပုံစံတူတာ တွေ့ရမှာပါ။ Nismo ဘက်ကတော့ ကား ရဲ့ အသေးစိတ် အချက်အလက် တွေကို ချပြထားခြင်း မရှိသေးပေမယ့် အခု ST-Q Z ကားမှာတော့ GT 500 တုန်း ကလိုမျိုး ကိုယ်ထည် အကျယ်နဲ့ ကြီးမားတဲ့အနောက်ဘက်က တောင်ပံကြီးတွေတော့ ပါမလာတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းနည်း ပိုသေးတဲ့ Wing ၊ Roll Cage နဲ့ အင်ဂျင်ပိုင်းမှာ အေးမြစေမယ့် Cooling Cutout တွေ ပိုထည့်ပေးလာခဲ့တာပါ။ ဒါ့အပြင် ပိုမိုပေါ့ပါးလာတဲ့ ကားဘီးတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ကြီးမားတဲ့ ဘရိတ်တွေနဲ့လည်း တွဲဖက် ပေးထားလိုက်ပါတယ်။ GT 500 Z ကားတုန်းက 2.0 Liter Turbocharged Inline-4 Engine ကိုသာ စည်းမျဉ်းတွေ အရ ထည့်သွင်း ခဲ့ ရပေမယ့် အခု ST-Q Z ကားမှာ တော့ 3.0 Liter Twin-Turbo V 6 Engine ကို လမ်းမ ထက်က ကားအတိုင်း ထည့်ပေးထားနိုင် ပြီး 400 hp လောက် အထိကို စွမ်းဆောင်လာနိုင်ပါတယ်။

Photo Credit: MotorAuthority

ST-Q Class ဆိုတာ ကတော့ အခု ကားတွေထဲကမှာမှ ပြိုင်ပွဲအတွက်ထက် စာရင်ပိုပြီး တိုးတက်ကောင်းမွန် အောင် လုပ်ပေးထားနိုင်မယ့် သီးသန့်ကားတွေနဲ့ ပိုဆင်တူနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါကားရဲ့ စွမ်းဆောင် ရည်ကိုလည်း Corolla Sport Hatchback ကား နဲ့အတူ တွဲဖက် စမ်းသပ်မောင်းနှင် စေခဲ့သေးတာ ဖြစ်ပြီး အဆိုပါ ကားကလည်း ၂၀၂၁ တုန်းက ထွက်ခဲ့တဲ့ ဟိုက်ဒရိုဂျင် ပေါင်းစပ်အင်ဂျင်နဲ့ ကားဖြစ်ပါတယ်။ အခုလို စမ်းသပ်ထားတာကြောင့် Fuji Race ပြိုင်ပွဲအတွက် ကားရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို သိရမှာ ဖြစ်ပြီး Z ကားတွေရဲ့ ပြိုင်ပွဲ အတွင်း ဖြစ်နိုင် ချေတွေကိုလည်း ထောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ Nismo ဘက်က ဆိုထားပါသေးတယ်။ အမေရိက လို ကား ဈေးကွက် ကြီးထဲမှာတော့ Nissan Z ရဲ့ သမိုင်းကြောင်း က ကြီးမားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး ပြိုင်ပွဲဝင် ပြိုင်ကား Version တွေကိုလည်း ဂျပန် ဈေးကွက်ကို ကျော်ပြီး အမေရိက လိုမျိုး အခြား ဈေးကွက်တွေ အထိ ချဲ့ထွင်လာဦးမယ် ဆိုရင်တောင် သိပ် တော့အံ့အားသင့်စရာ ရှိမှာမဟုတ်ပါဘူး။ လက်ရှိမှာတော့ ပြိုင်ကား မဟုတ် သေးတဲ့ သာမန်လမ်းပေါ်သွား Nissan Z ကားတွေကို 2023 Model အနေနဲ့ အမေရိက ဈေးကွက်ရဲ့ အရောင်း ကိုယ်စားလှယ်တွေဆီ လာမယ့် နွေရာသီမှာတင် ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority