မနှစ်က ဩဂုတ် လ တုန်းကတော့ Nissan Z အသစ်ကို ကမ္ဘာတစ်ဝန်း စတင် မိတ်ဆက် ချပြနိုင်ခဲ့ပါတယ်။ အဆိုပါ ကားကို တရားဝင် စမြင်ရကြအပြီး ကနေ အခုချိန်အထိ ဝိုင်းခန့်မှန်းလာ ခဲ့ကြတာကတော့ ကားရဲ့ ရနိုင်မယ့် အရောင် တွေနဲ့ ဈေးနှုန်းတွေကိုပါပဲ။ အခု နောက်ဆုံး ကြားသိထား ရသလောက်တော့ အဆိုပါ Nissan Z အသစ်က Toyota GR Supra ရဲ့ Base Model ထက်ကို နိမ့်တဲ့ဈေးနဲ့ ချိုချိုသာသာပဲ ပွဲထွက် လာလိမ့်မယ်လို့ ဖော်ပြနေကြတာပါ။ အထူးသဖြင့် အဆိုပါ ကားထက်ကို ဒေါ်လာ ၃,၀၀၀ လောက်အထိ ပိုသက်သာမယ်လို့ ဆိုထားခဲ့တာပါ။ အခုဆိုရင် တော့ သို့လောသို့လော ဖြစ်နေကြတဲ့ အဆိုပါ ကားဈေးတွေ ကို Nissan ဘက်က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး သိရ‌သလောက်ကတော့ အတော်လေး ကောင်းတဲ့ သတင်းတွေ ချည်းပါပဲ။

Photo Credit: CARBUZZ

ထူးခြားတာကတော့ Nissan Z ရဲ့ Base Model အသစ်ကို $ 40,000 နဲ့ စတင်မယ်လို့ ဒီ့မတိုင်ခင် အတည် မပြုနိုင် သေးတဲ့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အခုလည်း တကယ်အဆိုပါ ဈေးအတိုင်း ကွက်တိဖြစ်လာခဲ့ တာပါ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ကားအသစ် Base Model က $ 39,990 ကျသင့်တာဖြစ်ပြီး Four-Cylinder Supra ထက် ကို $ 3,500 လောက် အထိ ‌ဈေးလျော့လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် Twin-Turbo V 6 အင်ဂျင်ကိုမှ 400 hp အထိ စွမ်းဆောင်နိုင်တဲ့ Z ကားအသစ်ကတော့ Toyota Supra ရဲ့ 382 hp ရှိ BMW အင်ဂျင်ထက်တော့ သာလွန် သွားပြန်တာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Z Performance Model နဲ့ အစီးရေ ၂၄၀ ပဲ ထုတ်လုပ်မယ့် Proto Spec ကားတွေရဲ့ ‌ဈေးတွေက ဘယ်လိုဖြစ်မလဲ စိတ်ဝင် စားစရာပါ။ အဆိုပါ ကားတွေကတော့ နည်းနည်းလေး ဈေးကြီး နေမှာ သေချာပြီး $ 49,990 နဲ့ $ 52,990 အသီးသီး ကျသင့်မယ်လို့ ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားမော်ဒယ် အသစ်တွေ အကုန်လုံးရဲ့ ဈေးနှုန်း ထဲမှာတော့ Destination Charge ဖြစ်တဲ့ $ 1,025 ကိုပါ တစ်ပါတည်း ပေးဆောင် ထားပြီးသား ဖြစ် နေမှာပါ။

Photo Credit: CARBUZZ

စွမ်းဆောင်ရည်ချင်း ယှဉ်မယ်ဆိုရင်လည်း GR Supra ရဲ့ 2.0 Liter အင်ဂျင်က ကားတန်ဖိုးကို $ 43,290 ပဲ ကျသင့်စေတာ ဖြစ်ပေမယ့် Entry Level 3.0 Liter Straight-Six အင်ဂျင် ဆိုရင်တော့ $ 51,460 ကျသင့်မှာပါ။ ဒါတင် မကသေးပဲ 3.0 Premium အင်ဂျင်  ဆိုရင်တော့ $ 54,796 အထိ ကျသင့်မှာပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် အစီးရေ ၆၀၀ အထိပဲ ကန့်သတ် ထုတ်လုပ်ပေးသွားမယ့် A 91-CF Edition ဟာဆိုရင် တော့ $ 63,280 အထိကို ကျသင့်မှာပါ။ Nissan Z ကတော့ ဈေးနှုန်းအရလည်း မဆိုးဘူးလို့ ပြောလို့ရပြီး ဈေးကွက်တွေထဲက ကားချစ်သူတွေ အတွက်လည်း တကယ့် ကို အကြိုက်တွေ့ချင်စရာ ကားတစ်စီး ဖြစ်လို့ နေပြန်ပါပြီ။ ဒါပေမယ့် ပိုကောင်းသွားတာ ကတော့ ကားကထင်ထား တာထက်ကို ဈေးသက်သာနေတာ ကြောင့် တကယ် ဝယ်ဖြစ်မယ်ဆိုရင် ပိုကောင်းတဲ့ Performance Model ကိုပဲ နည်းနည်း ပိုအားစိုက်လိုက် တာ အဆင်ပြေနိုင်ပါတယ်။ အဆိုပါ ကားမှာတော့ 400hp စွမ်းဆောင်ရည်နဲ့ လိုက်ဖက်လွန်းတဲ့ Handling ပိုင်း ၊ ဘရိတ်ပိုင်း တွေကိုရရှိမှာဖြစ်ပြီး ပိုပြီးလည်း ကြည့်ကောင်း မောင်းကောင်းတဲ့ ကား တစ်စီးအဖြစ် ရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com