Nissan ကတော့ ၂၀၁၅ တုန်းက Xterra ဆိုတဲ့ ကားကို ဖန်တီးခဲ့ပြီး နောက်ပိုင်းမှာတော့  Pathfinder ကို ဈေးနှုန်းသိပ်မကွာပဲ  အစားထိုး ပေးခဲ့ပါတယ်။ Pathfinder လည်း ကားကောင်းတစ်စီး ဖြစ်တယ် ဆိုပေမယ့် ယခင် Xterra ကားက လုပ်နိုင်ခဲ့တဲ့ အရာတွေ လောက်တော့ အများကြီး မစွမ်းဆောင် ထားနိုင်သေးတာပါ။ အဆိုပါ အချိန် ကတည်းက အမေရိက ဈေးကွက် အပါအဝင် အတော်များများမှာ Nissan Xterra ကားကိုပဲ ပြန်လည် တောင်းဆို လာခဲ့ ကြပြီး အဲ့ဒီလို နောက်ထပ် ကားတစ်စီး ဖြစ်တဲ့ $ 50,000 တန် Armada ကို ကုမ္ပဏီဘက် က ဖန်တီး ပေးခဲ့ပြန်ပါတယ်။ ဒါကြောင့် အခုဆိုရင်တော့ အမေရိက ဈေးကွက်ထဲမှာ ဆိုရင် Armada ဟာ တစ်မျိုးတည်းသော Body-On-Frame SUV ကား တစ်စီးအဖြစ် ကျန်ရှိနေပြီပဲ ဖြစ်ပါတယ်။ အခုလိုမျိုး အတော်လေး ပြန်အလိုရှိနေကြတဲ့ Nissan Xterra အတွက် ကုမ္ပဏီ ဘက်က တုံ့ပြန်မှုတွေကို မစောင့်နိုင်တဲ့ ဒီဂျစ်တယ်ကား ဒီဇိုင်နာတစ်ယောက် ဖြစ်သူ Enoch Gabriel Gonzales ဆိုသူကတော့ All-New Xterra သာ ထွက်လာခဲ့ရင် ဖြစ်လာမယ့် ဒီဇိုင်းပုံရိပ်တွေကို ခန့်မှန်းဖန်တီးလိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ အရှေ့ဘက်ခြမ်းက နည်းနည်းလေး လိုတာလေးတွေ မြင်နေရပေမယ့် ဖန်တီးထားပုံကတော့ အတော်လေး သဘောကျ ချင်စရာပါ။ ဖန်တီးသူ ကတော့ အခု ကားဒီဇိုင်းက Nissan Pathfinder နဲ့ Terrano တို့ အပေါ်မှာ အခြေခံ ပြီး ရေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုထားပြီး Terrano ကတော့ Xterra မတိုင်ခင်က မျိုးဆက်ဟောင်း ကားတစ်စီး ဖြစ်ပါတယ်။ အဆိုပါ ကားတုန်းကတော့ အမေရိက ဈေးကွက်အထိ မဝင်ရောက်ခဲ့ပဲ ပထမ မျိုးဆက်ကိုသာ တင်ပို့တဲ့ ကား အနေနဲ့ ဈေးသက်သက်သာသာ ပြန်လည် ဝယ်ယူနိုင်ခဲ့တာပါ။ Gonzales ကတော့ အခုကားမှာ ရင်းနှီးပြီးသား ဒီဇိုင်းတွေဖြစ်တဲ့ အဓိက Grille ကြီးပေါ်က Three-Slot Grille ထပ်ပါလာတာမျိုးကို အဓိက ထည့်ပေးထားပြီး နှစ်လွှာ ပါလာတဲ့ အမိုးလိုင်းတွေနဲ့ ကားရဲ့ ကိုယ်ထည်ကလည်း ထုထည်ရှိရှိ လေးထောင့်ကျကျ ဆိုတာမျိုးကို မြင်ရအောင် စီစဉ် ပေးထား တယ်လို့ ပြောကြားထား ခဲ့ပါတယ်။ တကယ်တမ်း အခု ဒီဇိုင်းဖန်တီးရာမှာတော့ Nissan ရဲ့ Frontier Pickup Truck ကိုလည်း အခြေခံ ဖန်တီးထားတာဖြစ်ပြီး အဓိကကတော့ မူလအစ Ladder Frame Chassis နဲ့လို ကားမျိုးကိုမှ 4 WD တွဲဖက်လာတာမျိုးကို သူ့အနေနဲ့ ဖန်တီးချင်ခဲ့တာ ဖြစ်ပြီး အင်ဂျင်ကလည်း V 6 ကို သုံးထားတာ မျိုး လိုချင်တယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

ဒါ့အပြင် အခုကားသာ အမှန်တကယ် ထုတ်လုပ်ဖြစ်မယ်ဆိုရင် တံခါး ၅ ပေါက်ပါ Bronco ရဲ့ ပြိုင်ဘက် ကောင်းဖြစ်လာ လိမ့်မယ်လို့လည်း Gonzales က မျှော်မှန်းထားပြီး ယခင် ဒီဇိုင်းလိုမျိုးကိုမှ ခေတ်သစ်အသွင် နည်းပညာသစ် တွေ ပေါင်းစပ်ထားတာကြောင့် ဝယ်ယူချင်သူ တွေ အဖို့လည်း အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အတွေ့အကြုံတွေ ပေးလာ နိုင်ပါတယ်။ လမ်းကြမ်းပိုင်း အတွက် ဆိုရင်လည်း ကားရဲ့ ကိုယ်ထည်က အသင့်ဖြစ်နေတဲ့ အပြင်ဘီး Arches ပိုင်းတွေကအစ ရွှံ့တွေ ဒဏ်ခံနိုင်ဖို့ ပြင်ဆင်ထားကာ ၊ ဘယ်လို လမ်းမျိုးမဆို အဆင်ပေမယ့် တာယာတွေ ကိုလည်း ဒီဇိုင်းထဲမှာ ထည့်ဆွဲ ပေးထားပါတယ်။ ဒီထက် ပိုထူးခြားတာကတော့ ကားရဲ့ အရှေ့နဲ့ အနောက်က Overhang တွေက သိသိသာသာ ပိုတိုနေတာဖြစ်ပြီး Bronco မှာတုန်းကလို Lift Kit နဲ့ လမ်းကြမ်း မောင်းတာမျိုးကိုလည်း ဒီ ဒီဇိုင်းနဲ့ဆို ရင် ရလာနိုင်ချေရှိပါတယ်။ Xterra ကားအမျိုးအစား ကတော့ အမေရိကမှာ မဟုတ်ပေမယ့် တစ်ခြားသော ဈေးကွက်တစ်ချို့မှာ ရနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု မျှော်လင့်ထား သလိုမျိုး Bronco ကို ယှဉ်နိုင်တဲ့ အဆင့်ကားတွေတော့ မဟုတ်သေးပဲ 2.5 Liter Four-Pot နဲ့ Front- Wheel Drive စနစ်တို့ ရထားတဲ့ ကားပဲ ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု ဒီဇိုင်းပညာရှင် Gonzales ရဲ့ ဖန်တီးမှု ကတော့ အတော်လေးကိုလက်ရာ သေသပ်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။

Ref: carbuzz.com