Nissan Titan ကားကတော့ ၂၀၂၀ မော်ဒယ်ကတည်းက ပြောင်းလဲမှု အတော်များများနဲ့ ထွက်လာခဲ့ပေ မယ့် ရောင်းအား အပိုင်းမှာတော့ ပြိုင်ဘက်တွေဖြစ်ကြတဲ့ Ford F-150 နဲ့ Ram 1500 တို့ နောက်မှသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြားထဲက All-New Toyota Tundra ပါ ရောက်လာ ခဲ့ သေးတာ ကြောင့် ဈေးကွက်က အတော် လုနေခဲ့ရပါတယ်။ အခြေအနေကတော့ ဘယ်လောက် အထိ ရုန်းကန်နေရ သလဲဆိုရင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လောက်တုန်းက ရောင်းအားကျနေတဲ့ Titan ကားတွေကို ထုတ်လုပ် တာ ရပ်တန့်လိုက်တော့မယ်လို့တောင် သတင်းတွေ ထွက်နေခဲ့တာပါ။ အခုလို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ ကြားထဲမှာပဲ ၂၀၂၂ အတွက် Titan ကားအသစ် တော့ ထွက်လာခဲ့သေးပြီး ဈေးနှုန်းပိုင်းကတော့ ပိုတောင့် မြင့်လာခဲ့ပါသေးတယ်။ ကြီးကြီးမားမား အပြောင်းအလဲတွေကို အခု ကားသစ်မှာ မြင်တွေ့ရခြင်း မရှိထားပေ မယ့်လည်း ဈေးနှုန်းကတော့ Trim တွေပေါ်မူတည်ကာ $ 2,580 လောက်အထိ မြင့်တက်လာတာကို တွေ့ ရပါတယ်။
ကားသစ်တွေထဲ ဈေးအသက်သာဆုံး ကားကတော့ Titan S King Cab 4×2 ဖြစ်ပြီး ပုံမှန်ဈေးအနေနဲ့ $38,010 က စတင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဈေးထဲမှာ Destination Charge တွေနဲ့ Handling Charges $1,695 တို့ မပါဝင် သေးပါဘူး။ ဒါဟာဆိုရင် မနှစ်က မော်ဒယ်တူကိုပဲ အခုနှစ်မှာ $ 1,060 လောက်အထိ ဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခြားသော King Cabs မော်ဒယ်တွေ အနေနဲ့ဆိုရင် S 4×4 အမျိုးအစား အတွက် $41,270၊ SV 4×2 အမျိုးအစား အတွက် $43,340 နဲ့ SV 4×4 အမျိုးအစား အတွက်ဆိုရင် $46,600 အသီးသီး ကျသင့်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားတွေထဲမှာမှ King Cab SV 4×4 ဆိုရင် အခုနေ ဈေးကယခင်ထက် $2,580 ထိကို ဈေးတက်လာခဲ့တာပဲဖြစ်ပါတယ်။ ပိုပြီး သက်တောင့် သက်သာ ရှိတဲ့ Crew Cab ကားကတော့ ဒေါ်လာ ၁၀၀ လောက်ပဲ ဈေးတက်လာခဲ့ပြီး $39,780 နဲ့ S Guise အမျိုးအစားကို ရနိုင်မှာပါ။ ဒါတောင်မှ All-New Toyota Tundra ရဲ့ SR CrewMax အမျိုး အစားထက် $2,000 လောက် ပိုများနေပါသေးတယ်။ တစ်ခြားသော Titan Crew Cabs တွေထဲမှာတော့ S 4×4 ကား ကို $42,940၊ SV 4×2 ($43,260)၊ SV 4×4 ($46,420)၊ Pro-4X 4×4 ($50,900)၊ Platinum Reserve 4×2 ($56,700) နဲ့ Platinum Reserve 4×4 ($59,980) တို့ အသီးသီး ဈေးရှိလာတာကို တွေ့ရ ပါတယ်။ ဒါပေမယ့် ပုံမှန် အားဖြင့်တော့ Crew Cab တွေရဲ့ ဈေးက ဒေါ်လာ ၃၀၀ ထက်တော့ ပိုမတက်လာ တာ ဖြစ်ပါတယ်။
အခု နှစ်ထုတ်လုပ်ထားတဲ့ ကားအသစ်တွေမှာ ပြောင်းလဲမှုတွေ အနည်းငယ် လုပ်လာတယ် ဆိုပေမယ့် စိတ် ဝင်တစား ရှိရလောက်တဲ့ ကြီးကြီးမားမား အပြောင်းအလဲတွေတော့ မဟုတ်ခဲ့ပါဘူး။ Pro-4X ကားဆိုရင် လည်း ယခင်လို King Cab Body Style နဲ့ ဆက်လက်မရနိုင်တော့သလို 2021 အတွက် ထွက်ခဲ့ဖူးတဲ့ Mid-Range SL Trim လည်း ဆက်ပြီးမပါလာတော့တာပါ။ ဒါပေမယ့် Base S Model မှာတော့ နောက်တွဲချိတ် စရာ Trailer ချိတ်က Standard အနေနဲ့ ပါဝင်လာခဲ့ပြီ ဖြစ်ပြီး Titan XD Crew Cab ကလည်း ယခင်က ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မြင့် ကားတစ်စီး အဖြစ်တော့ ရှိလာခဲ့ ပါတယ်။ အဆိုပါ ကားရဲ့ ဈေးနှုန်း ကတော့ $45,580 နဲ့ $63,040 တို့ အကြား ရှိနေပါတယ်။ အဆိုပါ ကားတွေ အကုန်လုံးမှာတော့ Nissan ရဲ့ 5.6 Liter V 8 Engine ကိုပဲ သုံးထားမှာ ဖြစ်တာကြောင့် 400 hp အထိ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခု ကားကတော့ လုပ်ငန်းပိုင်းတွေ အတွက်ပဲ ပိုအဆင်ပြေနိုင်မယ်လို့ ယူဆရပြီး တကယ်လို့ ဒီထက် ပို ကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ နောက်ခန်းကျယ်တာမျိုးကို ရွေးချယ်ချင်တယ် ဆိုရင်တော့ Titan ရဲ့ ပြိုင် ဘက် ကားကုမ္ပဏီ တွေထဲကနေပဲ ရွေးချယ်သင့်တယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
Ref: carbuzz.com