ဩ‌စ‌တြေးလျ နဲ့ ဥရောပ ကားဈေးကွက် တွေထဲကနေ ဖယ်ရှားလိုက်ပြီဖြစ်တဲ့ Nissan Skyline GT-R ကားကတော့ သက်တမ်းကနေ အနားယူ လုနီးပါးကို ရှိနေပါပြီ။ ဒါပေမယ့် နာမည်ကျော် အဆိုပါ Sports Coupe ကားလေးရဲ့ အနာဂတ်မှာ ပြန်လည် ထွက်ပေါ်လာနိုင်တဲ့ ပုံစံကို ယခင်တုန်းက ကားရဲ့ မူလပုံစံတွေကို ကြည့်ပြီး Roman Miah နဲ့ Avante Design တို့ကနေ ပြင်ဆင်ကြည့်လာ ခဲ့ပါတယ်။ အခုမြင်နေရတဲ့ ပုံကတော့ ပညာရှင် ၂ ယောက်ရဲ့ ကားလေး အပေါ်  ခန့်မှန်းထားတဲ့ ဒီဂျစ်တယ်ပုံကြမ်းဖြစ်ပြီး ကိုယ်ထည်ပိုင်းကတော့ Skyline GT-R တွေထဲကမှ  R34 မျိုးဆက်ကားကို အခြေခံထားပါတယ်။ ဒါပေမယ့် ခေတ်မှီ ဒီဇိုင်း လက်ရာလေးတွေ အဖြစ် LED မီးလုံးလေးတွေ အလျားလိုက် ထည့်ထားတာတွေကို Fascia အောက်ဘက်မှာ ပုံသွင်း ပေးထားပါတယ်။ ဒါ့အပြင် အပေါ်ဘက် Grille ကလည်း အတော်အသင့်ကို ကျဉ်းပေး ထားပေမယ့် ပိုကြီးတဲ့ Inlet ပေါက်တွေကိုတော့ သူ့အောက်မှာ ပြန်ထည့် ပေးထားတဲ့ ဒီဇိုင်းကို တွေ့ရမှာပါ။

Photo Credit: motor 1.com

ကားရဲ့ အရှေ့ စက်ဖုံးကတော့ အနောက်ဘက်လို Scoop ဆန်ဆန်ဖြစ်လာခဲ့ပြီး Windshield အနားမှာလည်း NACA Ducts တွေပါဝင်လာပါသေးတယ်။ ကားရဲ့ ပုံစံအကျလေးတွေကိုတော့ အရှေ့ဘက် ကားထိပ်ပိုင်း လောက်မှာ အကျ ချပေးထားတဲ့ အသွင်ကြောင့် ယခင် R34 Model ထက်စာရင်တော့ အခုလက်ရှိ ဈေးကွက်ထဲ ရှိနေတဲ့ GT-R တွေနဲ့ ပိူတူ နေပါတယ်။ ကားရဲ့ပုံကို ရုတ်တရက်ကြည့်ရင်ကိုပဲ အခုခေတ်ပေါ် GT-R တွေဘက် ပိုရောက်တာ တွေ့ရပြီး လေးထောင့် နည်းနည်းကျတဲ့ အမိုး ၊ ဘေးဘက်တွေကို တိတိကျကျ ထောင့်ကျထားတဲ့ အချိုးအစားတွေ အပြင် လေးထောင့်ကျပြန်တဲ့ Fender Flares တွေကိုလည်း အနောက် ဘက်မှာ ထည့်သုံး ပေးထားပါသေးတယ်။ ဒါ့အပြင် ကားရဲ့ အမိုးပေါ်မှာ Spoiler တစ်ခုကိုလည်း အချိုးကျကျလေးထည့်ပေးထားပြီး အနောက်ဘက် Deck နဲ့ ချိတ်ထားတဲ့ အတောင်ပံကြီးလည်း ပါဝင်ပါသေးတယ်။

Photo Credit: motor 1.com

အနောက်ဘက်မှာ ထပ်ပါသေးတာ တွေကတော့ GT-R ရဲ့ အမှတ်သညာဖြစ်တဲ့ Taillight အဝိုင်းတွေကိုဖြစ်ပါတယ်။ လက်ရှိပုံ အရတော့ Illumination ပုံစံမမြင်ရသေး ပေမယ့်လည်း ကြည့်ရတာကတော့ အိတ် ဇောပိုက် လေးတွေ ထည့်ပေးထား ဆဲပုံပါပဲ။ လက်ရှိ GT-R ကားကိုတော့ အမေရိက ဈေးကွက်ထဲမှာ ၂၀၀၉ ကတည်းက စတင်ထုတ်လုပ် ခဲ့ပြီး နောက်ပိုင်းမှာဆိုရင် 3.8 Liter Twin-Turbo V6 Engine ကနေ တဖြည်းဖြည်းတိုးတက်အောင် လုပ်ပေးလာခဲ့ပါတယ်။ ဒါကြောင့် 480 hp လောက်နဲ့ပဲ စခဲ့တဲ့ အခုကားက Nismo ကားအရောက်မှာ 600 hp အထိ စွမ်းဆောင်နိုင်ခဲ့ပြီး Limited Edition GT-R50 မှာတုန်းက ဆိုရင် 710 hp အထိကို ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ နောက်ထပ်မျိုးဆက် GT-R အသစ်ကို ဖန်တီးနေပြီ ဖြစ်တယ်လို့ ကုမ္ပဏီဘက်က အတည်ပြုထားပေမယ့် ဘယ်ကားလဲ ဆိုတာတော့ မသိရသေးပါဘူး။ တစ်ချို့ သတင်းတွေကလည်း ကားသစ်က လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတာ ဒါမှ မဟုတ် လျှပ်စစ်သီးသန့် ကို ဖြစ်လာနိုင်တယ်လို့ ဖော်ပြနေကြပြီး စမ်းသပ်နေတယ်ဆိုတဲ့ Spy Shots ကား ပုံရိပ် တွေတောင် မတွေ့ရ သေးတာကြောင့် တကယ့်ကို လျှို့လျှို့ဝှက်ဝှက်ပါပဲ။ Nissan Skyline အတွက် GT-R ဆိုတဲ့ နာမည်က တကယ်ကို အမှတ်တရများတာတော့ သေချာပါတယ်။ အဆိုပါ ကားတွေရဲ့ ပထမဆုံးကတော့ ၁၉၆၉ ခုနှစ်က တည်းက စတင်လာခဲ့တာ ဖြစ်ပြီး 2.0 Liter Inline-Six Engine နဲ့အတူ 160 hp စွမ်းဆောင်ရည်နဲ့ စတင်မြင်ခဲ့ ရတာပါ။ ဒါကြောင့် အဆိုပါ နာမည်နဲ့ ကားအသစ်တွေကိုလည်း တစ်ချိန်ချိန်မှာတော့ ပြန်လည်မြင်ရ မယ်လို့ မျှော်လင့် ရင်း ရင်ခုန်စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com