ကား ဈေးကွက်တိုင်းမှာ အတော်လေး လူကြိုက်များလာတဲ့ SUV လို ကားအမြင့်တွေရဲ့ အနေအထားကို ဂျပန်ကား ကုမ္ပဏီကြီး Nissan က ပိုလို့တောင် အကြိုက်တွေ့လို့နေပါတယ်။ ဒါပေမယ့် ထူးထူးခြားခြားပဲ အခုဆိုရင်တော့ ကုမ္ပဏီရဲ့ အဆိုပါ အမြင့်ကားတန်းက ကားတစ်မျိုးက စောစောစီးစီးပဲ ဈေးကွက်ကို လက်ပြနှုတ်ဆက်လာရဖို့ များလာပါတယ်။ အဆိုပါ ကားကတော့ သက်တမ်းရင့် မော်ဒယ်တစ်မျိုးဖြစ်တဲ့ Rogue Sport ဖြစ်ပြီး အခုနှစ် အကုန် မှာတင် ဈေးကွက်ထဲကနေ ဖယ်ထုတ်သွားတော့မှာ ဖြစ်ကာလက်ရှိ အချိန်အထိတော့ အဆိုပါ ကားနေရာ တိုက်ရိုက်အစားထိုးမယ့် Nissan Model ရယ်လို့ မရှိသေးပြန်ပါဘူး။ Nissan ကတော့ အဆိုပါ Crossover ထပ် ထွက်မလာတော့ဘူးဆိုတာကို အရောင်းကိုယ်စားလှယ်တွေ ဆီလည်း တရားဝင် အကြောင်းကြားထား ပြီးပါပြီ။ Automotive News ကလာတဲ့ သတင်းတွေ အရတော့ Nissan အရောင်း ကိုယ်စားလှယ်တွေဆီ အခုနှစ် ဒီဇင်ဘာ ကစလို့ Rogue Sport ကားတွေထုတ်လုပ်တာကို ရပ်ဆိုင်းတော့မယ့်အကြောင်း တရားဝင်အသိပေးလာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လာမယ့်နှစ် အစောပိုင်း အထိ ဈေးကွက်ထဲက လုံးဝ မရှင်းထုတ်သေးခင် အဆိုပါ ကားကို လအနည်းငယ်လောက်တော့ မြင်ကောင်း မြင်ရနိုင်ပါသေးတယ်။ ဒါပေမယ့် လက်ရှိအဆိုပါ ကားပိုင်ရှင်တွေအတွက် လိုအပ်မယ့် အပိုပစ္စည်းတွေကို တော့ ၂၀၃၃ ခုနှစ် အထိ ထောက်ပံ့ပေးနေဦးမှာ ဖြစ်ပါတယ်။ လောလောဆယ် အထိ ကုမ္ပဏီ ရဲ့ကား Lineup တွေအရတော့ အဆိုပါ Rogue Sport နေရာမှာ Nissan Kicks နဲ့ သာမန် Rogue တို့ပဲ အစားထိုး ပေး ထားနိုင်မယ့် ပုံရှိပါတယ်။

Photo Credit: motor 1.com

အရောင်းကိုယ်စားလှယ်တွေဆီ အသိပေးခဲ့တဲ့ စာထဲမှာတော့ Nissan ရဲ့ ဒုတိယဥက္ကဌ ဖြစ်သူ Scott Shirley ကမကြာသေးခင်ကမှ All-New Model အဖြစ် ထွက်ထားခဲ့တဲ့ Rogue နဲ့ ဒီဇိုင်းပြန်လည်ဆန်းသစ်ထား တဲ့ Kicks ကားတွေက ဈေးကွက်ကိုဆက်ပြီး ကောင်းကောင်းထိန်းထားနိုင်မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိ ရှိထားပြီးသား ကားမော်ဒယ်တွေနဲ့ သက်တမ်းတွေနဲ့ မျိုးဆက်သစ် ထုတ်ကုန် တွေ အတွက်ကိုသာ ဆက်ပြီးအာရုံစိုက် ရမယ်လို့လည်း ပြောကြားထားပါသေးတယ်။ Rogue Sport ကားကိုတော့ ၂၀၁၇ ခုနှစ်တုန်းကမှ အမေရိက ကားဈေးကွက်ထဲ စတင်ထွက်ရှိလာခဲ့တာဖြစ်ပြီး ဥရောပ ‌ဈေးကွက်ရဲ့ Nissan Qashqai ကားကို အနည်းငယ် ပြောင်းလဲ မွမ်းမံထားတဲ့ ကားပါပဲ။ ပုံမှန်အားဖြင့်တော့ Rogue Model ရဲ့ အောက်မှာ ရပ်တည်နေခဲ့ပေမယ့် ခပ်သေးသေးနဲ့ ဈေးသက်သက်သာသာ ကားကောင်း တစ်စီးအဖြစ် ရွေးချယ်လို့ ရခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ပိုပြီး သစ်သစ်လွင်လွင်၊ အတွင်းခန်းကျယ်ကျယ်ကိုမှ ဈေးပိုနှိမ့်ပြီး ထွက်လာခဲ့တဲ့ Nissan Kicks ရောက်လာချိန်မှာတော့ Rogue Sport ရဲ့ ဈေးကွက် ဝေစု အများအပြားကို ယူဆောင်သွားခဲ့တော့ တာပါပဲ။

Photo Credit: motor 1.com

ဒါပေမယ့် ဥရောပ ဈေးကွက်ထဲမှာတော့ အလားတူ Qashqai ကားကို ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကမှ မျိုးဆက်သစ် အနေနဲ့ထပ်ပြီး ထုတ်ပေးလာ ခဲ့ပါတယ်။ ယခင် မျိုးဆက်ထက် အနည်းငယ်ကြီးမားလာခဲ့ပြီး Hybrid Engine နဲ့ Model အသစ်လည်းပါဝင်လာ ခဲ့ပါတယ်။ အဆိုပါ ကားအသစ် ထွက်လာတုန်းကတော့ Qashqai အသစ်ကိုပဲ Rogue Sport ဒုတိယမျိုးဆက် အနေနဲ့ ထွက်လာမလားဆိုပြီး မျှော်လင့်ခဲ့ကြတာဖြစ်ကာ အခု အနေအထား အရတော့ပြောင်းပြန်ဖြစ်သွား ခဲ့ရပါပြီ။ ဒါပေမယ့် သူ့ထက်ပိုကြီးတဲ့ Rogue ကိုတော့ Platform အသစ်ပေါ် ဖန်တီးကာ နည်းပညာ အသစ်တွေလည်း အများကြီး ထည့်ပေးထားခဲ့ပြီး အဆင့်မြှင့် တင် ပေးထားပါတယ်။ မနှစ် တုန်းက ဆိုရင် အဆိုပါကားကို Three-Cylinder Engine အသစ်နဲ့ ပွဲထုတ်ထားခဲ့ ပါသေးတယ်။ အမေရိက ဈေးကွက် အတွင်းမှာတော့ Entry-Level Crossover ကားသစ် Kicks ကိုတော့ လာမယိ့ ၂၀၂၄ လောက် အရောက်မှာ Redesigned Version အနေနဲ့ ပြန်လည် ထွက်ပေါ်လာဖို့ မျှော်လင့်ရပါတယ်။

Ref: motor 1.com