Nissan Qashqai ဆိုတဲ့ ကားသစ်တစ်စီးကို မနှစ်က ဖေဖော်ဝါရီ လတုန်းကပဲ ကမ္ဘာ့ဈေးကွက်မှာ စတင်ခဲ့ ပြီး အခု ဆိုရင်တော့ ဥရောပ ဈေးကွက်ထဲကို စတင်ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် အခု ဥရောပ ကားအမျိုး အစား မှာတော့ ဒီဇယ် အင်ဂျင်နဲ့ မဟုတ်တော့ပဲ Turbo Gas ကိုပဲ ရွေးချယ်စရာနှစ်မျိုးနဲ့ ဖြစ်လာ ခဲ့ပါတယ်။ နိုဝင်ဘာ လကတည်းက မြင်တွေ့ နေခဲ့ရတဲ့ အဆိုပါ ကားရဲ့ Hybrid အမျိုးအစား အပါအဝင် ကားတွေရဲ့ အသေးစိတ် အချက်အလက်တွေ ကိုပါ ဂျပန် ကုမ္ပဏီဘက်က ထုတ်ပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီကားကတော့ ဥရောပ အတွက် လျှပ်စစ်စွမ်းအင်နဲ့ ပေါင်းစပ် ထားတဲ့ အင်ဂျင်ကို သုံးထားတဲ့ Nissan ရဲ့ ပထမဆုံးကား ဖြစ်ပြီး အခြားသော ဈေးကွက်ထဲကနေ Hybrid တွေနဲ့ မတူတာကတော့ E-Power လို့ ခေါ်တဲ့ နည်းပညာ ကို သုံးပေးထားတာပါ။ ဒါပေမယ့် ယခင် 1.2 Liter Hatchback အင်ဂျင်အစား အခုကားမှာတော့ ပိုကြီးတဲ့ 1.5 Liter Engine ကို သုံးပေးလာတာတွေ့ရပြီး အဆိုပါ အင်ဂျင်ကို Generator အဖြစ် အသုံးပြုကာ စွမ်း အင်ကို ဘက်ထရီကနေ တစ်ဆင့်ပြန်လည် ထုတ်ပေးတဲ့ နည်းစနစ်အသစ် ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်တစ် လုံးတည်းနဲ့တင်ပဲ စွမ်းဆောင်ရည်ပိုင်းက 156 hp နဲ့ အထိ ရှိနေပါပြီ။

Photo Credit: motor 1.com

လျှပ်စစ်စွမ်းအင်ပိုင်းမှာ ဆိုရင်လည်း 140 kW အထိ ရှိတဲ့ လျှပ်စစ် မော်တာနဲ့ ပေါင်းစပ်ထားပြီး အဆိုပါ မော်တာရဲ့ အနေအထားကတော့ လက်ရှိ Nissan လျှပ်စစ်ကားတွေမှာ အသုံးပြုနေတဲ့ ပုံစံအတိုင်းပဲ ဖြစ်ပါ တယ်။ ထူးခြားတာ ကတော့ လျှပ်စစ်စွမ်းအင်ကို သာမန် ICE Engine ကနေ ပြန်လည်ထုတ်ပေးတဲ့ စနစ်ပဲ ဖြစ်ပြီး ဘက်ထရီ ဆီကို အင်ဗာတာကနေ တစ်ဆင့် ပြောင်းလဲပေးလိုက်တာပါ။ အခု စနစ် မှာတော့ သာမန် အင်ဂျင်ကို ပုံမှန် RPM Range နဲ့ မောင်းနှင်ထားနိုင်ပြီး စွမ်းအင်ချွေတာ နိုင်စွမ်းလည်း ကောင်းမွန်သလို ကာဗွန်ထုတ်လုပ်မှုတွေကိုပါ လျော့နည်း စေပါတယ်။ ဒါတင်မကပဲ ကားမောင်းရတဲ့ အရသာက အင်ဂျင် ကားတစ်စီးလို့ ခံစားနေရစေမှာ မဟုတ်ပဲလျှပ်စစ် ကားကောင်း တစ်စီး မောင်းနှင်နေသလိုမျိုး ခံစားရစေ မှာပါ။ အဓိကကတော့ ဘီးတွေကို မောင်းနှင်ပေးနေတာ အင်ဂျင်က မဟုတ်ပဲ တပ်ဆင်ထားတဲ့ လျှပ်စစ် မော်တာတွေက ဖြစ်လို့ပါပဲ။ ဒါ့အပြင် Torque ရဲ့ စွမ်းဆောင်ရည် ကောင်းတွေ ကြောင့်လည်း ကားရဲ့ စက် သံကတော့ Three-Cylinder 1.5 Liter Unit ဆီက အသံနဲ့ ပေါင်းစပ်ပြီး အတော်လေး နားထောင် ကောင်း နေစေမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ အထူးထုတ် စနစ်သစ်ကိုတော့ Nissan တို့က Linear Tune လို့ အမည်ပေးထားတာ ဖြစ်ပြီး အခု Qashqai E-Power ကို မောင်းနှင်ရတဲ့ အခါမှာ ယခင် ကားမောင်းရတဲ့ အရသာအပြင် ခေတ်ပေါ်အရသာနဲ့ လည်း ပိုချိတ်ဆက် နေလိမ့်မယ်လို့ယူဆရပါတယ်။ လျှပ်စစ် မော်တာရဲ့ လိုအပ်သလောက် စွမ်းအင်ကို ကား ရဲ့ အင်ဂျင်ကနေ ဂျင်နရေတာအဖြစ်ဆက်တိုက် ထုတ်လုပ်ပေးနေမှာဖြစ်ပါတယ်။ Linear Tune နည်းပညာ အရတော့ Hybrid ဒါမှမဟုတ် CVT ဂီယာနဲ့ ကားတွေအကုန်လုံး အတွက်လည်း ကားမောင်းတဲ့ ချော‌ချော မွေ့မွေ့ တစ်ဆက်တစ်စပ်တည်း မောင်းနှင် နေရတဲ့ အရသာ ပိုပေးစွမ်းနိုင်လိမ့်မယ်လို့ သိရပါတယ်။

Ref: motor 1.com