မျိုးဆက် ၆ ခု ရှိပြီဖြစ်တဲ့ Nissan Patrol ရဲ့ သက်တမ်းက ၁၃ နှစ် နီးပါး အထိကို သက်တမ်း ရှိလာခဲ့ပါပြီ။ အခုဆိုရင်တော့ အဆိုပါ ကား အမျိုးအစားတစ်စီးကို BMW ကားတွေ Tuning ပြန်လုပ်တာနဲ့ နာမည်ကျော် တဲ့ ဂျာမနီရဲ့ Manhart Tuning Company ကပြင်ဆင်ပေးလိုက်ပြီ ဖြစ်ပြီး အတော်လေးလည်း ထူးခြားလာ ခဲ့ပါတယ်။ Manhart ရဲ့ လက်ရာ အများစုကို Defender ၊ Audi RS3 နဲ့ AMG SL တို့ကို ကားတွေမှာ အများဆုံး မြင်ကြရပေမယ့် အခု တစ်ခေါက်မှာတော့ ဂျပန်ထုတ် ကားတစ်စီးကို လက်စွမ်းပြထားလိုက်တာပါ။ ကားကတော့ ကြည့်လိုက်တာနဲ့တင် သာမန် Patrol ကားမဟုတ်ပဲ Manhart လက်ရာဆိုတာ အနက် ရောင် ကိုယ်ထည် အပြင်အဆင်နဲ့ ရွှေရောင် လိုင်းလေးတွေကို မြင်ရင် သိသာ စေပါတယ်။ တကယ်တော့ အဆိုပါ ကားက ၂၀၁၅ နှောင်းပိုင်း လောက်တုန်းက ထုတ်လုပ်ထားပြီး မနှစ်ကမှ Facelifted Model ပြန် ထုတ် ပေးထားတဲ့ Nismo Version ကို Tuning လုပ်ပေးထားတာပါ။ နှစ်ရောင်စပ်နဲ့ SUV ကားတစ်စီး ဖြစ်လာတဲ့အပြင် အတော်လေးလည်း ကြီးတဲ့ ၂၄ လက်မ အရွယ် ဘီးတွေကိုလည်း သုံးပေးလာခဲ့ပြီ ဖြစ်ပါ တယ်။

Photo Credit: motor 1.com

အခု တစ်ခေါက် Tuning လုပ်ပေးလိုက်တဲ့ ကားမှာတော့ ယခင် Nismo ရဲ့ 5.6 Liter V8 Engine ကိုပဲ ဆက်သုံးပေးထားပေမယ့်လည်း မူလ Naturally Aspirated တော့ မဟုတ်တော့ပါဘူး။ Manhart အနေနဲ့ Supercharger ထပ်ထည့် ပေးလိုက်တာကြောင့် ကားရဲ့ စွမ်းဆောင်ရည်ကလည်း 650 hp နဲ့ 443 lb-ft Torque အထိကို ရှိလာခဲ့ပါပြီ။ ကားရဲ့ မူရင်း စွမ်းဆောင်ရည်က 428 hp နဲ့ 413 lb-ft Torque အထိ ရှိထား တာဖြစ်ပြီး Seven-Speed Automatic Transmission ဂီယာ နဲ့ ပွဲထွက်ထား ခဲ့တာပါ။ အခုတစ်ခေါက် အဆင့်မြှင့်တင်ထားတဲ့ အင်ဂျင်မှာ ဆိုရင်တော့ ပိုပြီး Aggressive ဖြစ်တဲ့ ခပ်ကြမ်းကြမ်း အိတ်ဇောသံ လိုချင် သေးတယ်ဆိုရင်လည်း ရွေးချယ်လို့ရအောင် စီစဉ်ပေးထား ပါသေးတယ်။ Nissan ရဲ့ အဆို အရတော့ အဆိုပါ ကားရဲ့ မူလ စွမ်းဆောင်ရည် အရတင် သုည ကနေ ၆၂ မိုင် ပမာဏ ကို ၇.၃ စက္ကန့် နဲ့တင် အရှိန်တင်နိုင် တယ်လို့ သိရတာကြောင့် အခု တပ်ဆင်ပေးလိုက်တဲ့ Turbocharger အသစ်က ဘယ်လောက် အထိသက်ရောက်သွားမလဲဆိုတာ တော့အတိအကျ မပြောနိုင်သေးပါဘူး။ ကားရဲ့ မူလ ပမာဏက အရမ်းကြီး အထင် ကြီးစရာ ကောင်းလွန်းတဲ့ စွမ်းဆောင်ရည်မျိုးတော့ မဟုတ် သေးပေမယ့်လည်း ကားရဲ့ ၅,၈၇၅ ပေါင် အထိ ရှိတဲ့ အလေးချိန်ကို ထည့်တွက်ရင်တော့ ၇.၃ စက္ကန့် ဆိုတာ အတော်မြန်တဲ့ အထဲပါပါတယ်။

Photo Credit: motor 1.com

ဒီဇိုင်း ပိုင်းမှာတော့ Manhart က အတော်လေး နက်မှောင်ပြီး လှပတဲ့ ရွှေရောင်လိုင်း Theme လေးတွေ ကို ရောစပ် ပေးထားတာ ကြောင့် ကြည့်လိုက်တာနဲ့ အခြားကားတွေနဲ့ ကွဲထွက်ထင်ရှား နေစေပါတယ်။ ကား ရဲ့ အတွင်းခန်း Cabin ကိုလည်း Fancy ဖြစ်မယ့် လယ်သာ သားတွေနဲ့ Alcantara သားတွေ သုံးပေးထားပါတယ်။ ဒါပေမယ့် Manhart ပြင်ပေးလိုက်တဲ့ ဒီဇိုင်းက အခု နောက်ပိုင်း ခေတ်ပေါ် SUV တွေနဲ့ အတွင်းခန်း တွေနဲ့ ယှဉ်ရင်တောင် ခေတ်နောက်မကျတဲ့ အသွင်အပြင်တွေ ဖြစ်နေတာပါ။ အခု မြင်ရတဲ့ ပုံတွေကတော့ ကားသစ်အတွက် တရားဝင် ထုတ်ပြထားတဲ့ ပုံကြမ်းတွေအဆင့်ပဲ ရှိသေးတယ် ဆိုပေမယ့် Manhart က တော့ အဆိုပါ ကားတွေကို ယူအေအီး ဈေးကွက်ထဲမှာ ကြိုတင် အမှာစာတွေပါ စတင် လက်ခံနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com