လက်ရှိ Nissan Pathfinder အသစ်ကတော့ ၂၀၂၂ ‌မော်ဒယ်အနေနဲ့ ထွက်ရှိလာခဲ့အပြီးမှာ ခပ်ကြမ်းကြမ်း ကိုယ်ထည် ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်တွေကို နဂိုအတိုင်းပဲ ဆက်လက်ယူဆောင်ပေးလာနိုင်ပါတယ်။ ဒါပေ မယ့်လည်း ဘာမှသိသိသာသာ ပြောင်းလဲမလာသေးဘူးဆိုတဲ့ ဝေဖန်မှုတွေတော့ ရှိနေဆဲဖြစ်ပြီး အခု အသစ် မြင်လာရမယ့် Pathfinder Rock Creek မျိုးကွဲ အလှည့်မှာတော့ အပြောင်းအလဲတွေ အတော်များလာ တော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားမှာတော့ သာမန် Pathfinder ရဲ့ ကိုယ်ထည်အတိုင်းပဲ ဆက်မြင်လာရ ပေမယ့် Rock Creek Version ဖြစ်လာတာကြောင့် All-Wheel Drive စနစ်နဲ့ လမ်းကြမ်းမောင်း Suspension စနစ်တွေကို အဆင့်မြင့်တင် ပေးလာခဲ့ပါပြီ။ Suspension စနစ်ကို ၅ လက်မကနေ ၈ လက်မ အထိ မြှင့်တင်ပေးလာခဲ့ပြီး ဘီးတွေကလည်း ဘယ်လမ်းမဆိုသွားလာနိုင်တဲ့ All-Terrain တာယာတွေနဲ့ ၁၈ လက်မ အရွယ်ဘီးတွေ ဖြစ်လာခဲ့ကာ ပေါင် ၂၂၀ အထိ ကိုလည်း အသာလေး သယ်ဆောင်နေတဲ့ အခြေ အနေအထိ ကားက တိုးတက်လာ ခဲ့ပါတယ်။

Photo Credit: MotorAuthority

စွမ်းဆောင်ရည်ပိုင်းပိုကောင်းစေဖို့ ရည်ရွယ်ပြီး အင်ဂျင်ပိုင်းကိုလည်း 3.5 Liter V 6 ကို သုံးပေးထားပြီး 295 hp နဲ့ 270 lb-ft Torque တို့ အထိကို မောင်းနှင်လာနိုင်ကာ သာမန် Pathfinder ကားမှာတုန်းကတော့ 284 hp နဲ့ 259 lb-ft Torque ထက်စာရင်တော့ အများကြီး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကား ၂ စီးလုံးမှာတော့ 9-Speed Automatic စနစ်ကို စံအဖြစ် ထည့်ပေးထားပြီး စွမ်းဆောင်ရည်ပိုကောင်းတာ လိုချင်တယ်ဆိုရင်တော့ Premium Fuel ကို ထည့်သုံးနိုင်ပါသေးတယ်။  ဒါပေမယ့် ကားရဲ့ ဆွဲတင်နိုင်တဲ့ Towing Capacity ကတော့ သာမန် ကားနဲ့ အတူတူပဲ ဖြစ်လို့ ပေါင် ၆,၀၀၀ အထိကိုပဲ ဆွဲပေးနိုင်မှာ ဖြစ် ကာ Pathfinder သာမန် ကားမှာ မြင်ခဲ့ရတဲ့ Tow Hitch မာကြောခိုင်ခံ့မှု အတိုင်းအတာကို အခုကားမှာ လည်းဆက်ပြီး မြင်တွေ့လာရတာပါ။ ဒါတင်မကသေးပဲ ဒုတိယမြောက် ထိုင်ခုံတန်းကို လည်း အခုကား အသစ်မှာ စံစနစ် အဖြစ် တပ်ဆင်ပေးလာခဲ့ပြီး LED Fog Lights တွေ လည်း ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် လမ်းကြမ်းမောင်းပိုင်း ပိုကောင်းလာဖို့ အတွက်လည်း Surround-View Monitor အသစ်ကို အသုံးပြုပေး ထားတာ ပါ။

Photo Credit: MotorAuthority

အခုကားအသစ်ကို သာမန် Pathfinder နဲ့ ပိုပြီး ကွဲကွဲပြားပြား မြင်စေချင်တဲ့ တစ်ချက်ကတော့ အရှေ့ဘက် က Fascia အသစ် ဖြစ်ပြီး ယခင်ထက် ပိုပြီး ခပ်မှောင်မှောင်လေးနက်တဲ့ Grille ကို တပ်ဆင် ပေးလာတာ ကြောင့် ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကားရဲ့ သီးသန့်ဆန်တဲ့ တံဆိပ်ကိုလည်းကားအပြင် ဘက်မှာ သိသိ သာသာ မြင်တွေ့ ထားရပြီး လိမ္မော်ရောင် Stitch အစင်းလေးတွေကိုလည်း ကားရဲ့ အတွင်းခန်းမှာ လှလှပပ ပြင်ဆင်ပေးထား သေးတာကြောင့် သာမန် ကားနဲ့တော့ ကွဲပြားလာစေတာ ဖြစ်ပါတယ်။ အဆိုပါ 2023 Pathfinder Rock Creek ကားအသစ်ကိုတော့ အခု ဧပြီလ ၁၃ ရက်နေန့ စပြီးကျင်းပမယ့် 2022 နယူး ယောက် ကားပြပွဲကြီးမှာ စတင်ပြသလာ တော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority