Nissan Pickup ကားတွေကို အမေရိကလို ဈေးကွက်ထဲမှာ အတော်လေး ရွေးချယ်လို့ ကောင်းကောင်း ရှိနေချိန်မှာ တော့ ယူကေ ကားဈေးကွက်ထဲမှာ နာမည်ကျော် Navara လိုကားမျိုးကိုတောင် ဆက်လက် မရောင်းချတော့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Navara ဆိုတာ ကတော့တကယ်ကို ကြည့်ကောင်းပြီး စွမ်းဆောင်ရည်မြင့်တဲ့ Truck ကား တစ်စီးပါပဲ။ ဒါပေမယ့် အဆိုပါ ကားကတော့ Frontier ကားတွေလိုမျိုး Nismo အစိတ်အပိုင်းတွေနဲ့ အလွယ် တကူ အလှဆင်ပြင်ဆင်ကာ အဆင့်မြှင့်တင်လို့ ကောင်းတဲ့ ကားမျိုး တော့ မဟုတ်တာ သေချာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုတော့ Navara ကားပိုင်ရှင် တစ်ယောက်က သူ့ရဲ့ ကားကို ဒီထက် ပိုကြမ်းတဲ့ အသွင်နဲ့ မြင်ချင်တာကြောင့် ယခင် မရှိဖူးတဲ့ Navara တစ်စီးအဖြစ် ပြင်ဆင် လာခဲ့ပါတယ်။ ရလဒ်ကတော့ အားလုံး ဘယ်သူမှ မျှော်လင့်မထားတဲ့ အံ့အားသင့်စရာ အခြေအနေဖြစ်ကာ V 6 Engine ကို သုံးထားတာကြောင့် 1,000 hp အထိ ကို စွမ်းဆောင်လာနိုင်တာ ပါပဲ။ V6 မှာမှ သာမန် V6 Engine တောင် မဟုတ်ပဲ Nissan GT-R တစ်စီးဆီက နေယူဆောင် ဖန်တီးထားတဲ့ 4.1 Liter ကား တစ်စီးပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု ပြင်ဆင်ထားတဲ့ Navara ကားရဲ့ ပိုင်ရှင်ကတော့ SB Motorsport ရဲ့ ပိုင်ရှင်လည်းဖြစ်သူ Professional Drift အမောင်းပိုင်း ကျွမ်းကျင်သူလည်း ဖြစ်တဲ့ Steve Baggsy Biagioni ပါပဲ။ သူ့အနေနဲ့ ကတော့ ပြီးခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် အိမ်ထဲပဲ နေနေရတဲ့ အချိန် ဒီကားကို ပြောင်းလဲပစ်ဖို့ စိတ်ကူး ရခဲ့တာ ဖြစ်ပြီး အခု ၂ နှစ် အကြာမှာတော့ လက်တွေ့ မြင်လာရပါတယ်။ ပိုထူးခြားတာကတော့ အခုကားမှာ Garett Turbocharger ကြီး ၂ ခုကို တပ်ဆင် ထားတဲ့ အပြင် GT-R တွေရဲ့ Subframe တွေနဲ့ပါ ပြင်ဆင် ပေးထားတာပါပဲ။ ကားကိုတော့ မူလ အရသာအတိုင်း ဆက်ရှိ နေအောင်ပဲ အခြေခံ ပေးထားပြီး GT-R ရဲ့ Chassis ပိုင်းနဲ့ All-Wheel Drive စနစ်တို့ကို ပေါင်းစပ် ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ ဂီယာပိုင်းမှာ လည်းအတော်လေး အနုစိတ် ပြင်ဆင်ခဲ့ရပြီး နယူးဇီလန် အခြေစိုက် Dodson Motorsport က ဖန်တီး ပေးထားတာဖြစ်ကာ Dual-Clutch Gearbox ကြီးကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် ကားကြီ ရဲ့ အကွေ့တွေ အထိန်းတွေ ပိုကောင်းလာစေဖို့အတွက်လည်း HLS 4 Hydraulic Lift စနစ်ကိုပါ ထည့်ပေးထား ပါသေး တယ်။ ကားကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ အတွက် RC6 နဲ့ RC4 Alcon Specialist ဘရိတ်တွေကို လည်း အရံသင့် ပြင်ဆင်ထည့်သွင်း ပေးထားသေးတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခုလို ဘရိတ်ကြီးတွေနဲ့ လိုက်ဖက်မယ့် ကားဘီးတွေကလည်း ၂၀ လက်မ အရွယ် BBS ဘီးကြီးတွေဖြစ်ပြီး သီးသန့် ဆန်တဲ့ ကားကိုယ်ထည်နဲ့ ပြိုင်ကား ကိုယ်ထည်လိုမျိုးတွေနဲ့ လိုက်ဖက်နေတာတော့ အမှန်ပါပဲ။ အတွင်းခန်းမှာလည်း Sparco ဆိုတဲ့ အမြင့်စားထိုင်ခုံတွေနဲ့ အတူ GT-R ရဲ့ စတီယာတိုင်တွေနဲ့ ပြောင်းပေး ထားပြီး စွမ်းဆောင်ရည်ပိုင်း ကောင်းရုံတင် မကအတွင်းမှာတင် ကောင်းကောင်းခံစားနိုင်မယ် ဆိုတဲ့ အရသာ ကို ပေးထားနိုင်တာတော့ သေချာပါတယ်။ သေချာအတည်မပြုနိုင် သေးပေမယ့် အခုအထူးတလည် ဖန်တီး ထားတဲ့ ကားသစ်ကြီးကိုတော့ 2022 Goodwood Festival Of Speed ပွဲကြီးမှာပါ ချပြလာဖို့ ရှိနေတာ ကြောင့် ကံကောင်းရင်တော့ မျက်ဝါးထင်ထင် မြင်ရဖို့ ရှိနေပါတယ်။ ကားကြီးရဲ့ စွမ်းဆောင်ရည်ပိုင်း အချက် အလက် တွေတရားဝင် ထွက်ပေါ်လာ ခြင်းမရှိ သေးပေမယ့် လည်း အမြန်ဆုံးသော Truck ကားတွေထဲက တစ်စီးဖြစ်လာဖို့ များနေကာ ပြီးခဲ့တဲ့ နှစ်တွေထဲက အကြမ်းဆုံးသော Truck ကား တစ်စီး ဆိုတာတော့ သေချာပါတယ်။

Ref: carbuzz.com