ကားအစီးရေ ပေါင်း ၆၀၀,၀၀၀ နီးပါးလောက် ရောင်းချရအပြီးမှာတော့ Nissan Leaf က ကမ္ဘာကျော် လျှပ်စစ် ကားတွေထဲ တစ်စီး အပါ အဝင် ဖြစ်လာ နိုင်ခဲ့ပါပြီ။ ဒုတိယ မြောက်မျိုးဆက်မှာ ဆိုရင်လည်း ပိုကောင်းတဲ့ ဘက်ထရီ ပိုင်း ၊ စွမ်းဆောင်ရည်သစ်တွေနဲ့ နေရာ ပိုကျယ် လာတဲ့ အတွင်းခန်း ၊ ဈေးသက်သာမှုတွေကြောင့် အတော်လေး ဆွဲဆောင်ထားနိုင်ခဲ့ပြီး အခြေခံ MSRP ဈေးက ဒေါ်လာ ၂၇,၄၀၀ ဖြစ်တာ ကြောင့် အတော် နာမည်ရလာတာလည်း မဆန်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းပြီးသားကိုမှ ပိုကောင်းစေဖို့အတွက် အခုဆိုရင်တော့ Leaf ဥရောပ မော်ဒယ်ကို နည်းပညာပိုင်းနဲ့ ဒီဇိုင်းပိုင်း တစ်ချို့အဆင့်မြှင့်တင် ပေးလာခဲ့ပြန်ပါပြီ။ အခု ကားသစ်မှာတော့ အရှေ့ ရော အနောက်မှာပါ Nissan Logo အသစ်တွေ ပါလာသလို ၊ ဘီးတွေကလည်း အလွိုင်းဘီးတွေ ဖြစ်လာပြီး ၁၆ လက်မ ဒါမှမဟုတ် ၁၇ လက်မ အထိ ရွေးချယ်နိုင်မှာဖြစ်ကာ Sports အရသာကို စတင်ခံစားလာနိုင်ပါလိမ့်မယ်။ လောလောဆယ်တော့ အနက်ရောင်ကားသစ်ကို မြင်ထား ရပြီး Avant-Garde Design ကို မြင်ရမလား မသိသေးပေမယ့် ထူးခြားတဲ့ ပုံစံလေး ဆိုတာတော့ သေချာပါတယ်။ ဒါ့အပြင် Universal Blue နဲ့ Magnetic Blue တို့ဆိုတဲ့ အရောင်သစ်တွေကလည်း မူလရှိပြီးသား အရောင်တွေနဲ့အတူ အတော်လေး လှလှပပ ဖြစ်နေဦးမှာပါ။

Photo Credit: CARBUZZ

ဘက်ထရီ ပိုင်းမှာကတော့ ၂ မျိုးအထိ ရွေးချယ်နိုင်ပြီး အမြင့်ဆုံး Range အနေနဲ့ ဆိုရင် ၂၃၉ မိုင်အထိ ရှိလာတော့မှာ ဖြစ်ကာ အမေရိကန် မော်ဒယ် ကားဖြစ်တဲ့ Leaf S Plus ထက်တောင် ၁၃ မိုင် ပိုများလာခဲ့တာ ဖြစ်ပါတယ်။ Nissan ရဲ့ ProPilot နည်းပညာကိုလည်း နောက် ဆုံး Version အဖြစ် အခုကားအသစ်မှာ ထည့်ပေးလာပြီ ဖြစ်ပြီး ရှေ့ယာဉ်နဲ့ အကွာအဝေးအပေါ်မူတည်ပြီး အလိုအလျောက် ရပ်တန့် ထွက်ခွာပေးမယ့် စနစ်တွေတောင် ပါလာပြီ ဖြစ်ပါတယ်။ အတွင်းခန်းမှာတော့ ပိုပြီး စိတ်လှုပ်ရှားစရာ အဆင့်မြင့် နည်းပညာတွေ ပါလာခဲ့ ပြီး NissanConnect App ကိုလည်း သုံးနိုင်ပြီဖြစ်ကာ Climate Control တွေ အထိ App ကနေ လုပ်ဆောင် နိုင်ပါတော့မယ်။ Infotainment System မှာ တော့ ပုံမှန်အတိုင်းပဲ Android Auto နဲ့ Apple CarPlay တို့ကို သုံးစွဲနိုင်မှာ ဖြစ်ပြီး Amazon Alexa Home နဲ့လည်း ချိတ်ဆက်လာနိုင် တာကတော့ ပိုအဆင်ပြေစေမယ့် ထူးခြားချက် တစ်ရပ် ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အမေရိက ဈေးကွက်ထဲက ကားမှာ ဆိုရင်တော့ အမြန်အားသွင်း စနစ်ကို သာမန် မော်ဒယ်‌တွေမှာ စတင်ရလာပြီ ဖြစ်ပြီး  SV Plus Model တွေမှာ ဆိုရင်တော့ ProPilot Assist စနစ်ကို ရရှိလာခဲ့ပါပြီ။ အခု အသစ် ချပြထားတဲ့ ဥရောပ မော်ဒယ်အသစ်တွေ ကိုတော့ အခုနှစ်ရဲ့ ဒုတိယ နှစ်ဝက်ကာလ လောက်မှာ စတင်ဝယ်ယူနိုင်မယ်လို့ သိထားရပြီး လျှပ်စစ်ကားသစ်တွေ ဘယ်လောက် ကောင်းကောင်း မူလ Leaf လေးကိုတော့ ပစ်မထားဘူးဆိုတာ ပေါ်လွင်စေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကပဲ Ranault-Nissan-Mitsubishi တို့ ပူးတွဲ လုပ်ငန်းကနေ လာမယ့် ၂၀၃၀ မတိုင်ခင် တိုးချဲ့မယ့် လျှပ်စစ် ကားလုပ်ငန်းတွေ အတွက် ဒေါ်လာ ၂၆ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံ ကြောင်း တရားဝင်ကြေညာခဲ့ပြီး အဆိုပါကားတွေထဲမှာ Ariya SUV နဲ့ Compact Micra EV တို့လိုခပ်လန်းလန်း Nissan လျှပ်စစ်ကားတွေလည်း ပါဝင်လာပါလိမ့်မယ်။ ပိုမို တိုးတက်လာနေတဲ့ လျှပ်စစ်ကား ဈေးကွက် အတွက် Nissan ကလည်း အခန်းကဏ္ဍသစ် တစ်ခုကို ဖွင့်လှစ် လိုက်တာဖြစ်ပြီး အနာဂါတ် မှာလည်း အခု မူလ ရှိခဲ့တဲ့ Leaf Model လေးက အဓိက ကျနေဦးမှာ ဖြစ်သလို လာမယ့် ၂၀၃၀ မတိုင်ခင်တော့ လျှပ်စစ် ကားအသစ် ၂၃ မျိုး အထိ ချပြဖို့ စီစဉ်နေပြီး ၁၅ မျိုး ကတော့ လျှပ်စစ်စွမ်းအင် သီးသန့်သုံးတဲ့ ကားတွေ ဖြစ်မှာပါလို့ Nissan ရဲ့ တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ Arnaud Charpentier ဆိုသူက ပြောကြားထားခဲ့ပါတယ်။

Ref: carbuzz.com