Nissan Juke ဆိုတဲ့ ကား အမျိုးအစား ကတော့ မြောက်အမေရိက ဈေးကွက်ထဲမှာ Nissan Kicks ကားနဲ့ အစားထိုး ပြီး လွန်ခဲ့တဲ့ နှစ် အနည်းငယ် လောက်ကတည်းက ပျောက်ကွယ်သွားခဲ့တာပါ။ ဒါပေမယ့် ဥရောပ ဈေးကွက်ထဲမှာ ဆိုရင်တော့ အခုဆိုရင် ဒုတိယမြောက် မျိုးဆက်အထိ ရောက်ခဲ့တဲ့အပြင် Hybrid Model အသစ်ကိုပါ ချပြထားနိုင်ခဲ့ ပါပြီ။ ယူကေ မှာ စတင်မှာယူနိုင်ပြီ ဖြစ်တဲ့ အဆိုပါကား ကတော့ $ 33,920 နဲ့ စတင် ကျသင့်မယ်လို့ သိရပါတယ်။ အဆိုပါ ကားရဲ့ ယူကေ Line Up ထဲက Base Model ကတော့ N-Connecta ဆိုတဲ့ ကားဖြစ်ပြီး Hybrid Model အနေနဲ့ ဆိုရင်တော့ သာမန် ကားထက် 1,730 ပေါင် လောက် ဈေးပိုကြီး နေပါတယ်။ Range ထဲမှာ အမြင့်ဆုံး Hybrid Tekna+ ဆိုတဲ့ ကားကတော့ 30,150 ပေါင်ဆိုတဲ့ ဈေးကနေ စတင်လာတာ ဖြစ်ပါတယ်။ Juke ဆိုတဲ့ လျှပ်စစ်ကားသစ် တစ်စီး  စတင် ပွဲထုတ်လာ နိုင်ခဲ့တာကို အမှတ်တရ ဖြစ်စေနိုင်ဖို့အတွက် Nissan အနေနဲ့ အခုကားမှာ Special Premiere Edition Model ကို ထုတ်ပေးဖို့ ရှိနေပြီး အစီးရေ ၇၅၀ ပဲရနိုင်မှာဖြစ်ကာ တစ်စီးကိုတော့ ပေါင် ၂၈,၂၅၀ အထိကျ သင့်မှာပါ။

Photo Credit: motor 1.com

Juke Hybrid အပါအဝင် အခုကား Models တွေ အကုန်လုံးမှာ သာမန် Standard Features တွေရော ထပ်ရွေးလို့ ရသေးတဲ့ Features တွေလည်း အတော် စုံလင်ပါတယ်။ ၂ ရောင်စပ် ၁၇ လက်မ အရွယ်ဘီးတွေ ၊ အဆင့်မြင့် Bose အသံ စနစ်ကိုမှ စပီကာ ၁၀ လုံး တပ်ဆင်ပေးထားတာတွေနဲ့ သော့မလိုပဲ ဝင်ရောက်နိုင် မယ့် Keyless Entry Features တွေ ကိုကတော့ ရွေးချယ် မှာယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Juke Hybrid Models အကုန်လုံးမှာတော့ လီဗာတစ်ခု တည်းနဲ့တင် ကားကို အလုံးစုံ ထိန်းချုပ်နိုင်မယ့် Nissan ရဲ့ e-Pedal နည်းပညာကို ထည့်သွင်း ပေးထားသေးတာပါ။ Juke Hybrid ကားသစ်မှာတော့ 1.6 Liter ဓာတ်ဆီအင်ဂျင် နဲ့ လျှပ်စစ် မော်တာ ၂ လုံး ပါဝင်လာပြီး အင်ဂျင် ကတော့ 94 hp စွမ်းဆောင်နိုင်ကာ ၊ လျှပ်စစ်မော်တာ တစ်လုံးကတော့ 49 hp အထိ စွမ်းဆောင်နိုင်ပါတယ်။ နောက်ထပ် လျှပ်စစ် မော်တာ တစ်လုံးကတော့ Starter-Generator အနေနဲ့ အလုပ်လုပ်ပြီး 20 hp အထိ စွမ်းဆောင်နိုင်ကာ ဘက်ထရီ ကတော့ 1.2 kWh Pack ကို ထည့်ပေးထားပါတယ်။

Photo Credit: motor 1.com

ကားရဲ့ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တွေကတော့ မောင်းနှင်တဲ့ Modes အမျိုးမျိုး အပေါ်မှာ အခြေခံ ကာ‌ ပြောင်းလဲ သွားတာဖြစ်ပြီး Series ၊ Parallel နဲ့ Series-Parallel Hybrid တွေ ဆိုပြီး ပါဝင်ပါတယ်။ Nissan ကတော့ လျှပ်စစ် စွမ်းအင်ကို မြို့ထဲ တွေမှာပဲ မောင်းမယ်ဆိုရင် ၈၀% လောက်အထိ အသုံးပြုနိုင် ပြီး ဘက်ထရီက 1.2 kWh ပဲ ရှိလို့ သေးတယ်ဆိုပေမယ့် အသုံးခံ တယ်လို့ ဆိုလို့ရပါတယ်။ လက်ရှိ မှာတော့ ယူကေ ဈေးကွက် အပါအဝင် ၊ ဂျာမနီ ၊ စပိန်နဲ့ အခြားသော ဥရောပ ဈေးကွက် အတော်များများမှာ အခု ကားသစ်တွေကို စတင်မှာယူနိုင်နေပြီ ဖြစ်ပြီး လာမယ့် နွေရာသီ အရောက်မှာတော့ မှာယူထားတဲ့ ပထမဆုံး အသုတ်တွေကို စတင် ပို့ဆောင်လာနိုင်မယ်လို့ သိရပါတယ်။

Ref: motor 1.com