Nissan အနေနဲ့ကတော့ Brand New Frontier ကားအသစ်ကို ပြီးခဲ့တဲ့ တစ်နှစ်တိတိတုန်းက စတင်ချပြ ခဲ့တာ ဖြစ်ပြီး ကားရဲ့ ရောင်းအားကတော့ မနှစ်ကနဲ့ ယှဉ်ရင်အခု ပထမ ၃ လမှာ မှာတင် အသားတင် ၁၁၅ ရာခိုင်နှုန်းလောက်အထိ ကောင်းမွန်နေခဲ့တာ ဖြစ်ပါတယ်။ အခုလိုအောင်မြင်မှုကို အမှတ်ရ နေစေဖို့အတွက် ရော ၊ ကားရဲ့ Aftermarket အပိုင်းက ရွေးချယ်စရာ အမျိုးမျိုးနဲ့ ပြင်ဆင်နိုင်မှု အပိုင်းတွေကိုပါ ချပြနိုင်ဖို့ အတွက် အခုကျင်းပနေတဲ့ ၂၀၂၂ ချီကာဂိုကားပြပွဲကြီးထဲမှာ ကားသစ် ပုံစံ ၃ မျိုး Concept တွေကို ချပြလာ ခဲ့ပါပြီ။  အဆိုပါ ကား ၃ မျိုးလုံးကတော့ 2022 Frontier Crew Cab Platform ပေါ်မှာပဲ အခြေခံထားတာ ဖြစ်ပြီး အရွယ်အစား မတူတဲ့ Mid-Size ကား ၃ စီးအဖြစ် မြင်တွေ့ထားခဲ့ရတာဖြစ်ကာ Grade တွေ အနေနဲ့ ဆိုရင်လည်း S ၊ SV နဲ့ PRO-4X တို့ ဆိုပြီး ကွဲပြားလာပါတယ်။ အခုလိုမျိုး Concept ကားအသစ်တွေကို ချပြရတဲ့ ရည်ရွယ်ချက်ကတော့ ကားတွေကို ဝယ်ယူ‌အားပေးသူတွေ အနေနဲ့ သူတို့ လိုအပ်ချက်တွေအတိုင်း ဘယ်လောက်အထိ စိတ်ကြိုက်ပြင်ဆင် ပြောင်းလဲလို့ ရနိုင်မလဲဆိုတာကို ပြသချင်တာ လည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ Concept ကား ၃ မျိုးထဲက မှ Project 72X ကားအကြောင်း ကို စပြောရမယ် ဆိုရင်တော့ တစ်ချိန် က Nissan ရဲ့ အအောင်မြင်ဆုံးကား တစ်စီးဖြစ်ခဲ့တဲ့ Nissan ကို ပြန်လည်မှီငြမ်းထားတာ ဖြစ်ပါတယ်။ အဆိုပါ Nissan Datsun ကားလေးကတော့ ၁၉၈၃ မှာ အမေရိကရဲ့ Tennessee စက်ရုံမှာပထမဆုံး စတင် ထုတ်လုပ် နိုင်ခဲ့တဲ့ ကားလည်း ဖြစ်ပြန်ပါတယ်။ အခုလိုမျိုး တစ်ချိန်က ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ ကားကို ပြန်လည်မှီငြမ်းရာမှာတော့ Concept ကား အနေနဲ့ မူလအရသာကို မပျောက်အောင် Bare-Bones တွေ ထည့်ကာ ဖန်တီးထားခဲ့ပြီး ပေါ့ပေါ့ပါးပါး ခရီးဝေးတွေ သွားနိုင်ဖို့အတွက် ရည်ရွယ် ထားခဲ့ပါတယ်။ အခု Concept ကားသစ်ရဲ့ အဓိက စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ဖြစ်နေတာကတော့ 2022 Frontier ကားရဲ့ ဘီးအပိုတွေကို PRO-4X တာယာတွေနဲ့ တွဲဖက်ထား တဲ့ အဖြူရောင် ဘီးတွေပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

နောက်တစ်စီး ဖြစ်တဲ့ Project Hardbody ဆိုတာကတော့ Nissan ရဲ့ Truck ကားလောကထဲ နာမည်ရ ထားပြီးသား ဖြစ်တဲ့ Nissan D 21 Hardbody ကို ပြန်လည် နမူနာယူဖန်တီးထားတာပါ။ အဆိုပါ Concept အရ ကတော့ ၃ လက်မ အရွယ် Lift ကိုမှ ချိန်ညှိလို့ ရတဲ့ Upper Control Arms တွေ ထပ်ထည့်ပေးထား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကားရဲ့ နည်းနည်း ရှေးဆန်ပြီး လှပတဲ့ Vintage ဒီဇိုင်းလေးကိုမှ အရှေ့ဘက် က Fenders Arches တွေနဲ့ ၃၃ လက်မအရွယ်ရှိ ဟိုးယခင် ဘီးစတိုင်တွေကပိုပြီး ဖြည့်ပေးထားနိုင်တာတွေ့ ရပါတယ်။ ဒါ့အပြင် အဆိုပါ ကားကတော့ ၁၉၈၀ ခုနှစ် တွေဆီက Graphic Design တွေရယ် အနီရောင် ဆေးလေးရယ်နဲ့ လှပနေတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

နောက်ဆုံး ကားတစ်မျိုးဖြစ်တဲ့ Project Adventure ဟာ ဆိုရင်တော့ Frontier ရဲ့ Platform အသစ်ပေါ် မှာ အခြေခံ ပြီး Overlanding သမားတွေ အကြိုက်တွေ့အောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ သာမန် 2022 Frontier Crew Cab PRO-4X ထက် ၅ လက်မ လောက်အထိ ပိုမိုမြင့်မားပါတယ်။ Concept အရ ကတော့ Yakima Bed Rack System အသစ် ၊ အမိုးပေါ်က ပစ္စည်းတင်စရာ ခြင်းတို့နဲ့ အတူ Roof Tent တို့ ပါဝင်လာတာ တွေ့ရမှာပါ။ ဒါ့အပြင် အနောက် ဘက်မှာကိုပဲ Bed Audio စနစ် ပါဝင်မှာဖြစ်ပြီး Bluetooth နဲ့လည်း ချိတ်ဆက်နိုင်ဦးမှာ ဖြစ်တာကြောင့် ညဘက်တွေ Camp ထွက်ရင်လည်း ဘယ်နည်း နဲ့မှ ပျင်းရ တော့မှာ မဟုတ်တာကြောင့် တကယ်ကို ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ကားတွေ ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: motor 1.com