Nissan ဆိုတာကတော့ ကမ္ဘာပေါ်မှာ ပထမဆုံးသော လျှပ်စစ်ကားကို အရေအတွက် အများကြီးနဲ့ စီးပွားဖြစ် စတင် ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ခဲ့ပြီး အဆိုပါ ကားကတော့ ၂၀၁၁ တုန်းက စတင်ခဲ့တဲ့ Leaf ဆိုတဲ့ လျှပ်စစ်ကားလေးပါပဲ။ အဆိုပါ အချိန်ကစလို့ နောက်ပိုင်းမှာတော့ Tesla နဲ့ အခြားသော လျှပ်စစ် ကားကုမ္ပဏီတွေ ဆက်တိုက် ထွက်ပေါ်လာတော့တာပါပဲ။ ဒါပေမယ့်လည်း နောက်ပိုင်း လျှပ်စစ်ကား ဈေး ကွက်မှာတော့ Nissan တို့ အနည်းငယ် ခြေလှမ်းတွေနှေးလာတယ် ဆိုပေမယ့် အခုတော့ စိတ်ဝင်စားစရာ အပြောင်းအလဲတွေ ရှိလာတော့ မှာ ဖြစ်ပါတယ်။ အခုဆိုရင် Nissan ကနေ အမေရိကန်နိုင်ငံ ၊ မစ္စစ္စပီ မှာ ရှိတဲ့ Canton ကားထုတ်လုပ်ရေး စက်ရုံဆီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ရင်းနှီး မြုပ်နှံလိုက်ပါတယ်။ အဆိုပါ ရည်ရွယ်ချက်ကတော့ လျှပ်စစ် ကားအသစ် ၂ မျိုး အထိ ထုတ်လုပ်ဖို့ ဖြစ်ပြီး တစ်စီး ကတော့ Nissan အနေနဲ့ ထုတ်လုပ်မှာဖြစ်ကာ တစ်စီးကတော့ Infiniti အတွက် ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ ကားအသစ် ၂ စီးအ တွက် နာမည်တွေတောင် မပေးရသေးပေမယ့်လည်း ၂၀၂၅ လောက်မှာ စတင်ထုတ်လုပ်မယ့် အဆိုပါ ကားတွေရဲ့ Teaser ပုံရိပ် တစ်ချို့ကို တော့ စတင်မြင်လာ ရပါတယ်။ အသေးစိတ်ကို မြင်ရဖို့ ခန့်မှန်းဖို့ ခက်နေသေးတယ် ဆိုပေမယ့် ပုံထဲမှာတော့ ကားရဲ့ စက်ဖုံးပေါ်မှာတင် LED Strip Running Lights တွေက လှလှပပ ဖော်ညွှန်းနေတာတွေ့ပြီး Brand ရဲ့ အမှတ်တံဆိပ် အောက်မှာလည်း လိုင်း အသေးလေး တွေ ပါဝင်လာပါတယ်။
Infiniti ဆီက ကားပုံလေးကို ကြည့်မယ် ဆိုရင်တော့ အနောက်ဘက် Silhouette နဲ့အတူ Sedan ကားတစ်စီး အဖြစ် မြင်တွေ့ရနိုင်ပြီး LED Lighting တွေကိုတော့ ကားရဲ့ Logo အပေါ်မှာ ထည့်ပေးထားတာ တွေ့ရပါတယ်။ Nissan ဘက်ကတော့ ကားတွေရဲ့ ဘက်ထရီ အရွယ်အစား ၊ Range ဒါမှမဟုတ် ဈေးနှုန်းတွေကိုတော့ ဘာတစ်ခုမှ မချပြထား သေးပါဘူး။ Nissan အနေနဲ့ အခု အချိန်အထိ ဆိုရင် တော့ ဒေါ်လာ ၁၃.၅ ဘီလီယံ အထိကို အမေရိက ကားထုတ်လုပ်ရေးပိုင်းမှာ ရင်းနှီးမြုပ်နှံထားပြီးဖြစ်ကာ အလုပ်အကိုင်ပေါင်း ၂,၀၀၀ အထိလည်း ဖန်တီး ပေးထားနိုင် တော့မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို ရင်းနှီးထားတာတွေကလာမယ့် ၅ နှစ်တာ ကာလအတွက် အတော် လေး အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပြီး လာမယ့် ၂၀၃၀ အရောက်မှာ ဆိုရင် လျှပ်စစ်ကားအသစ် ၁၅ မျိုးအထိကို ထုတ်လုပ်သွားဖို့ Nissan တို့ ပြင်ဆင်ထားလို့ပါပဲ။ အထူးသဖြင့် အဆိုပါ ကားသစ် တွေထဲကမှ တစ်နှစ်ရောင်းအား ၄၀ ရာခိုင်နှုန်း လောက်ကို အမေရိက ဈေးကွက် အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အခုလ အစောပိုင်းလောက် ကတည်းက သိထားချက် တွေအရ ဆိုရင်တော့ Nissan က သူတို့ရဲ့ နာမည်ကျော်ခဲ့တဲ့ Truck တွေနဲ့ SUV တစ်ချို့ ဆီက အင်ဂျင်တွေကလွဲရင် တစ်ခြားသော Combustion Engine အပိုင်းတွေကို အပြီးအပိုင် ရပ်ဆိုင်းလာတော့မှာ ပါ။
Nissan ရဲ့ Chief Operating Officer ဖြစ်သူ Ashwani Gupta ကတော့ ဒီနေ့ ကုမ္ပဏီရဲ့ကြေညာချက်က အမေရိက ဈေးကွက်ထဲ နောက် လာမယ့် အဖိုးတန် လျှပ်စစ်ကား ရင်းနှီး မြုပ်နှံမှုပေါင်းစုံတို့ရဲ့ ပထမဆုံးသော ခြေလှမ်းတွေပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် အဆိုပါ စက်ရုံရဲ့ အနာဂါတ်အတွက် သေချာ ရည်ရွယ်ထားပြီး နောက်ဆုံး ပေါ် နည်းပညာတွေနဲ့ အတူ ပေါင်းစပ်ကာ အကောင်းဆုံးသော လျှပ်စစ်ကားတွေ ဖန်တီးရာနေရာ ဖြစ်လာစေဖို့ အတွက် ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ Canton ကားစက်ရုံမှာ Nissan ရဲ့ Altima ၊ Frontier ၊ Titan နဲ့ Titan XD တို့ဆိုတဲ့ ကားသစ် ၄ မျိုး ထုတ်လုပ် ပေးနေပါတယ်။ ဒါပေမယ့်လည်း Full- Size Truck ကား ၂ မျိုး ဖြစ်တဲ့ Titan နဲ့ Titan XD တို့ ဘယ်အချိန်လောက်မှာ ဈေးကွက်ထဲ ရောက်လာမလဲ ဆိုတာ ကတော့ မသေချာသေးပါဘူး။ တကယ်လို့ လျှပ်စစ် ကားတွေကိုပဲ ပိုပြီး ဦးစားပေးဖို့ ရည်ရွယ်ထားလို့ အဆိုပါ ကားနှစ်မျိုး စလုံးကို ဆက်လက် မထုတ်လုပ်တော့ ဘူးဆိုရင်လည်း သိပ်အံ့အားသင့်စရာ ကောင်းမှာမဟုတ်တာ သေချာပါတယ်။
Ref: carbuzz.com
Photo Credit: CARBUZZ