၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တရုတ်လျှပ်စစ် ကားကုမ္ပဏီကြီး NIO ကတော့ အခုဆိုရင် မိုဘိုင်း စမတ်ဖုန်း တွေ အထိကိုပါ ထုတ်လုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ တုန်းကပဲ ကုမ္ပဏီရဲ့ CEO ဖြစ်သူ William Li က နေ NIO ဟာ  စမတ်ဖုန်းတွေ စတင်ထုတ်လုပ်နိုင်ဖို့ လေ့လာနေပြီလို့ အတည်ပြု ပေးခဲ့တာပါ။ ဒါ့အပြင် ကာလကြာရှည်သတင်းတွေ ထွက်နေခဲ့ပြီး အခုချိန်အထိတော့ တိတိကျကျ ဖြစ်မ လာသေးတဲ့ နာမည်ကြီး Apple ရဲ့ ကားလို မျိုးကိုလည်း နမူနာပေးကာ CEO က သူတို့ရဲ့ ဖြစ်နိုင်ခြေကို ရှင်းပြခဲ့ပါသေးတယ်။ အခု ဆိုရင်တော့ William Li ကိုယ်တိုင်ကနေ NIO ရဲ့ စမတ်ဖုန်း ထုတ်လုပ်ဖို့ အတွက် စတင်ပြီ ဆိုတာကို အတည်ပြုပေးလိုက်ပြီ ဆိုပြီးတရုတ် ရဲ့ Weibo Post တစ်ခုကနေ ဖော်ပြလာခဲ့ ပြန်ပါတယ်။ ဒါ့အပြင် အဆိုပါ Weibo Post ရဲ့ တရုတ်ဆိုရှယ်မီဒီယာ ပေါ် ကျော်ကြား သူတစ်ဦးထံကို Li ကိုယ်တိုင်က သူတို့ ထုတ်လုပ်မယ့် ဖုန်းဟာ မှန်ကွေး ဒါမှမဟုတ် ခေတ်စားနေတဲ့ ခေါက် ဖုန်းတွေလို မဟုတ်ပဲ သာမန်ပုံစံ အတိုင်းပဲ ဖြစ်မယ်လို့လည်း ဆိုခဲ့တယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာကတော့ ဖုန်း ထုတ်လုပ်ဖို့ ကုန်ကျစရိတ်မှာ iPhone တွေ ထက်သက်သာနိုင်ပြီး Snapdragon 8 Gen 2 Chip ကိုပဲ သုံးလာ နိုင်ပါတယ်။ အခု Post အရတော့ ကုမ္ပဏီ ရဲ့ ဖုန်းအသစ်ကို လာမယ့်နှစ်မှာတင် စတင်မြင်တွေ့ လာရနိုင်ပြီး NIO တို့ကလည်း အခုနှစ်မှာတင် တစ်နှစ်လောက် ကြိုတင်ပြင်ဆင် တော့မယ်လို့ သိရပါတယ်။

Photo Credit: InsideEvs

အခု သတင်းနဲ့ ဆက်စပ်ပြီး နောက်တစ်ခု ရှိလာတာကတော့ ကုမ္ပဏီရဲ့ Brand အခွဲတစ်ခုလည်း ဆက်လက် ပေါ်ပေါက်လာဖို့ ‌ရှိနေပြီ ဆိုတာပါပဲ။ လောလောဆယ်မှာတော့ Codename ကို Project Firefly လို့ ပေးထားပြီး အဓိက ကတော့ ဈေး သက်သက်သာသာနဲ့ အခြေခံ ဈေးကွက်တွေထဲကို ထိုးဖောက်ဖို့ ရည်ရွယ်ထားတယ် ဆိုပြီး Electrek က ဖော်ပြထားပါတယ်။ အဆိုပါ လုပ်ငန်းက ရလာမယ့် လျှပ်စစ်ကားတွေ ကတော့ ဒေါ်လာ 15 k ကနေ 30 k လောက် အကြားမှာပဲ ဈေးရှိလာနိုင်ပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာကတော့ ဒေါ်လာ 22 k ကနေ 44 k တန်ကြေးရှိ ကား Segment အပိုင်းတွေအတွက် ALPS ဆိုတဲ့ Codename နဲ့အတူ လုပ်ငန်းခွဲ တစ်ခုကိုလည်း NIO တို့ ဖန်တီး ထား ဖူးသေးတယ် ဆိုတာပါပဲ။ ဒါကြောင့် အခုလိုမျိုး နောက်ထပ် ကားအနေနဲ့ ဘတ်ဂျတ် Brand အခွဲတစ်ခု ဆိုတဲ့ သတင်းကိုတော့ အတည်ပြုနိုင်ဖို့ ရာ ခဲယဉ်းနိုင်ပါသေးတယ်။

Photo Credit: InsideEvs

တရုတ်ဈေးကွက် ထဲမှာ အောင်မြင်မှုတွေ ရလာခဲ့ပြီး ဖြစ်တဲ့ NIO တို့ ကတော့ အခုဆိုရင် ဥရောပ ဈေးကွက်ထဲ အထိ ကိုလည်း ‌ခြေလှမ်းတွေ စလှမ်းလာနေပြီ ဖြစ်ပါတယ်။ မနှစ်ကပဲ ကုမ္ပဏီဟာ နော်ဝေး ကား ဈေးကွက်ထဲ စတင် ဝင်ရောက်လာခဲ့ပြီ ဖြစ်ကာ အခုနှစ်ထဲမှာလည်း ဥရောပရဲ့ အခြားသော ဈေးကွက်တွေ ဖြစ်ကြတဲ့ ဆွီဒင် ၊ ဂျာမနီ နဲ့ နယ်သာလန် ဈေးကွက် တွေကို စတင် ဝင်ရောက်လာ ဉီးမှာပါ။ ဒါ့အပြင် လာ မယ့် လမှာလည်း ဟန်ဂေရီ မှာ ဆိုရင် NIO တို့က စက်ရုံကိုတောင် စတင်ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ NIO ရဲ့ အဆိုပါ ဥရောပ စက်ရုံကြီးကတော့ ၁၀၇,၀၀၀ စတုရန်းပေ အထိ ကျယ်ဝန်းပြီး ဘက်ထရီတွေ ထုတ်လုပ်ဖို့ အတွက် အဓိက ဖွင့်လှစ်သွားမှာပါ။ အဆိုပါ စက်ရုံကနေ တစ်နှစ်ကို ဘက်ထရီ Swap Station ပေါင်း ၂၄၀ အထိ ထုတ်လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကုမ္ပဏီ ကတော့ လာမယ့် ၂၀၂၅ အရောက် မှာ Battery Swap Station ပေါင်း ၄,၀၀၀ လောက် အထိကို ထုတ်လုပ် ပေးနိုင်ဖို့ ရည်မှန်းထားတာကြောင့် ကားလုပ်ငန်းဘက်မှာရော ၊ ဖုန်းထုတ်လုပ်ရေး ဘက်မှာပါ NIO တို့ ဘယ်လောက် အထိ လှုပ်ရှားလာနိုင် မလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: InsideEvs