Nio နဲ့ Weltmeister ကတော့ ဂုဏ်သိက္ခာမြင့်မားတဲ့ International Forum (iF) Design Award တွေ ကို ရရှိသွားခဲ့ပါတယ်။ ဒါကတော့ အဆိုပါ ကားထုတ်လုပ်သူတွေက သူတို့ထုတ်လုပ်လိုက်တဲ့ ကားတွေနဲ့ ပတ်သက်ပြီး မောင်းနှင်မှုအတွေ့အကြုံတွေကို တိုးမြှင့်လာနိုင်တယ်ဆိုတာ သက်သေပြနေတာဖြစ်ကာ Nio က ဆု ၂ ဆုနဲ့ Weltmeister က ၁ ဆု ရရှိခဲ့တာပါ။ iF Design Award ကိုတော့ ၁၉၅၃ ခုနှစ်မှာ ဂျာမနီ၊ ဟန်နိုဗာ မှာစတင်ပေးအပ်ခဲ့ တာဖြစ်ပြီး မူလရည်ရွယ်ချက်ကတော့ စက်ရုံတွေက ထုတ်လုပ်လိုက်တဲ့ ထုတ် ကုန်တွေရဲ့ ကောင်းမွန်တဲ့ ဒီဇိုင်းတွေကို လူအများအာရုံစူးစိုက်မှုရရှိလာအောင် ပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ် တိုင်း iF က ဒီဇိုင်နာတွေနဲ့ ထုတ်လုပ်သူတွေကို ဖိတ်ခေါ်တာ ဒိုင်လူကြီးတွေအနေနဲ့ ဘယ်ဒီဇိုင်းက ဆုရဖို့ ထိုက်တန်တယ်ဆိုတာ ဆုံးဖြတ်စေလေ့ရှိပါတယ်။ အခုဆိုရင်တော့ iF ဆုပေးပွဲအခမ်းအနားကို International Forum Design GmbH က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး နှစ်စဉ် နိုင်ငံပေါင်း ၆၀ ကျော်က တင်ပြမှုပေါင်း ၁ သောင်းနီးပါးကို လက်ခံရရှိလေ့ရှိတာပါ။

Photo Credit: CarNewsChina

Nio ကတော့ သူ့ရဲ့ Nio Aspen 3.0 Digital Cockpit HMI (Human Machine Interface) System ကြောင့် User Interface Segment အပိုင်းမှာ iF Award ဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ Aspen 3.0 စနစ်က တော့ OS ကိုပိုမိုအကျိုးသက်ရောက်မှုရှိစွာနဲ့ လွယ်ကူစွာ အသုံးပြုနိုင်အောင် အထောက်အကူပြုခဲ့တာပါ။ iF Awards ရဲ့ဖော်ပြချက်အရတော့ အဆိုပါ Cockpit Design က Nio ရဲ့ Design DNA ကိုထင်ဟပ်စေပြီး ပိုမိုလုံခြုံပြီး စိတ်ပျော်ရွှင်စေမယ့် မောင်းနှင်မှုအတွေ့အကြုံတွေကို ခံစားစေနိုင်စွမ်းရှိတယ်လို့ ဆိုထားပါ တယ်။ နောက်ထပ် Nio ရရှိခဲ့တဲ့ ဆုကတော့ အနည်းငယ်ထူးခြားပါတယ်။ ဒါကတော့  စိတ်အပန်းဖြေမှုနဲ့ သက်ဆိုင်ပြီး တရုတ်ရဲ့ နာမည်ကျော် Board Game ကိုအခြေခံထားကာ Features အချို့ပါဝင်တဲ့ NOMI Mahjong ပဲ ဖြစ်ပါတယ်။ Nio ရဲ့ Mahjong ကပေးစွမ်းနိုင်တဲ့ အဓိက အကျိုးကျေးဇူးကတော့ NOMI Intelligent AI Assistant နည်းပညာနဲ့ ပေါင်းစပ်နိုင်မှုလို့ သိရပါတယ်။ ဒါကဘယ်လို အလုပ်လုပ်သလဲ ဆိုတာ သေချာမသိရပေမယ့်လည်း အဆိုပါ Mahjong ကြောင့် Nio က ဆုနဲ့ထိုက်တန်တယ်လို့ iF က ယူဆခဲ့တယ်ဆိုတာတော့ သံသယရှိစရာလိုမယ်မထင်ပါဘူး။

Photo Credit: CarNewsChina

Weltmeister ကတော့ Product နဲ့ Automobiles/Vehicles Segments အပိုင်းမှာ ဆုရရှိခဲ့တာဖြစ်ပြီး အဆိုပါဆုက M7 လျှပ်စစ် Sedan ကားက ရရှိခဲ့တာပါ။ iF ကတော့ Vitalligence လို့ခေါ်တဲ့ Design Concept ကို အထူးမှတ်ချက်ပြုထားပြီး အဆိုပါ စာလုံးက Vital ဆိုတဲ့ Future-Proof Hardware နဲ့ Intelligent ဆိုတဲ့ Autonomous Driving Systems တွေကို ပေါင်းစပ်ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် M7 ရဲ့ ကားပုံစံကိုလည်း နှစ်ခြိုက်သလို Intelligent Systems က ယာဉ်မောင်းနဲ့ကားကို တစ်သား ထဲ ဖြစ်စေဖို့ ကူညီပေးနိုင်ပုံကို ထောက်ပြထားပါတယ်။ Weltmeister M7 ကတော့ တရုတ်ဈေးကွက် အတွင်း ယခုနှစ်အတွင်းမှာ ဝင်ရောက်လာမှာ ဖြစ်ပြီး မတူညီတဲ့ ဆင်ဆာ ၃၂ ခု၊ NVIDIA Orin Chips ၃ ခုနဲ့ စုစုပေါင်း စွမ်းအင် 1016 TOPS ရရှိနိုင်မှာပါ။ အခြားသော Features တွေကတော့ စွမ်းအင်သုံးစွဲမှု သက်သာခြင်းနဲ့ NEDC စံနှုန်းအရ Range ၇၀၀ ကီလိုမီတာအထိ မောင်းနှင် နိုင်မယ်လို့ သိရတာပဲ ဖြစ်ပါ တယ်။

Ref: CarNewsChina