NIO ကတော့ Nreal Technology Limited နဲ့ ပူးပေါင်း ဒီဇိုင်းဖန်တီး ထုတ်လုပ်ထားတဲ့ NIO Air AR Glasses ကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။ အကန့်အသတ်နဲ့သာ ထုတ်လုပ်ထားတဲ့ အဆိုပါ Air AR Glasses တွေကို NIO Life အွန်လိုင်းစတိုးမှာ အမှာစာတင်သွင်းနိုင်ပြီဖြစ်ပြီး ပထမဆုံးမှာယူသူတွေကို Discount အနေနဲ့ ဒေါ်လာ ၃၃၀ ကျသင့်သွားမှာဖြစ်ကာ စက်တင်ဘာလနှောင်းပိုင်းမှာ ဖြန့်ချီပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

NIO Air AR Glasses ကို အသုံးပြုသူတွေအနေနဲ့ ကားအတွင်းမှာ 3D ရုပ်ရှင်တွေကို ကြည့်ရှုနေရသလို ခံစားစေရမှာဖြစ်ပြီး လက်မ ၁၃၀ ရှိတဲ့ ကြီးမားတဲ့ HD Screen နဲ့ 256-Color Ambient Lighting ၊ Dolby Atmos ၊ 7.1.4 Stereo စနစ်တွေကို ခံစားရမှာပါ။ ဒါ့အပြင် အဆိုပါ မျက်မှန်တွေက 1080P 3D Display နဲ့ 108% sRGB အရောင်အသွေးတွေကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။  NIO Air AR က တရုတ် နိုင်ငံမှာ ဩဂုတ်လ တုန်းက စတင်ရောင်းချခဲ့တဲ့ Nreal Air နဲ့ ဈေးနှုန်းတွေနဲ့ မကွာသလို Nreal က ကားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပထမဆုံးအကြိမ်ပူးပေါင်း ထုတ်လုပ်ခဲ့တာလဲ ဖြစ်ပါတယ်။ Nreal Air နဲ့ NIO Air AR တို့က ဆင်တူတယ်ဆိုပေမယ့်လို့ NIW Air AR မျက်မှန်တွေက ကားအတွင်းအသုံးပြုနိုင်ဖို့ အထူးပြုဖန်တီးထားခဲ့တာပါ။ အဆိုပါ မျက်မှန်တွေက NIO ရဲ့ NT 2.0 Platform အပေါ် အခြေခံ ဖန်တီးထားတဲ့ ကားအားလုံးရဲ့ Audio Systems မှာ အသုံးပြုနိုင်မှာဖြစ်ပေမယ့် NT 1.0 Platform နဲ့ဖန်တီးထားတဲ့ ကားတွေဖြစ်တဲ့ NIO ES6 ၊ EC6 နဲ့ ES8 တွေမှာတော့ ချိတ်ဆက်အသုံးပြုနိုင်အုံးမှာမဟုတ်ပါဘူး။

Photo Credit: CarNewsChina

အသုံးပြုသူတွေအနေနဲ့ မျက်မှန်းတွေကို အသုံးပြုနေစဉ်အချိန်အတွင်း NIO Air Ring ၊ NOMI Voice နဲ့ Special Mobile App ကနေတဆင့် Cockpit နဲ့ AR Functions တွေကို ထိန်းချုပ်သွားနိုင်မှာပါ။ လက်ရှိ အချိန်အထိတော့ 3D ရုပ်ရှင်ပေါင်း ၂၀၀ ကျော် နဲ့ 260 Dolby Atmos ရုပ်ရှင်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး အနာဂတ်မှာတော့ ရုပ်ရှင်တွေ ပိုမိုထည့်သွင်းပေးသွားနိုင်ဖို့ NIO က စီစဉ်နေပါတယ်။ မျက်မှန်ကို မှာယူ ထားတဲ့ NIO ET5 ပိုင်ရှင်တွေအနေနဲ့ ပစ္စည်းကို လက်ခံရရှိတာနဲ့ ချက်ချင်းအသုံးပြုသွားနိုင်မှာဖြစ်ပြီး ET7 နဲ့ ES7 ပိုင်ရှင်တွေကတော့ မိနစ် ၃၀ ခန့်သာ ကြာမြင့်တဲ့ Installation ပြုလုပ်ပေးနိုင်ဖို့ ရက်ချိန်ရယူသွားဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina