ကမ္ဘာကျော် နယူးယောက် မြို့ကြီးထဲမှာတော့ အသံခပ်ကျယ်ကျယ်လောင်လောင်နဲ့ ကားတွေကလည်း ပြ ဿနာ တစ်ရပ်အဖြစ်တော့ ရှိနေပါတယ်။ အခုတော့ အဆိုပါပြဿနာကို ဖြေရှင်းဖို့အတွက် အလိုအလျောက် ကင်မရာ စနစ် တစ်ခုကို စတင် စမ်းသပ်နေပြီ ဖြစ်ပြီး အသံဆူညံတဲ့ ကားတွေကို ထောက်လှမ်းကာ အဆိုပါ ကားပိုင်ရှင်တွေ ဆီကို ကံဆိုးစေမယ့် သတိပေးစာတွေကို ပေးပို့သွားတော့မှာပါ။ အဆိုပါ နမူနာ သတိပေးစာ ရဲ့ ပုံစံကတော့ သက်ဆိုင်ရာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာခဲ့ပြီ ဖြစ်ပြီး အဆိုပါ စာကနေ တစ်ဆင့်လည်း အခု အလိုအလျောက် ကင်မရာ စနစ်ကို နယူးယောက် မြို့ကြီးမှာ ဘယ်လို သုံးသွားမလဲဆိုတာ သိလာရပြီ ဖြစ်ပါ တယ်။ အခု ပို့စ်တစ်ခုမှာ မြင်ရသလောက် ကတော့ အသံကျယ်ကျယ်နဲ့ မောင်းနှင်နေခဲ့တဲ့ BMW M3 ကား ပိုင်ရှင် တစ်ယောက်ဆီကို ပို့ထားတဲ့ သတိပေးစာကို တွေ့ရပြီး အဆိုပါ စာထဲမှာ ဆိုရင်တော့ ဒဏ်ကြေးအ ဖြစ် ၈၇၅ ဒေါ်လာ အထိကို ပေးဆောင်ရမယ်လို့ ဖော်ပြထား တာပါ။
ဒါပေမယ့် အဆိုပါ ကင်မရာစနစ်ရဲ့ အလုပ်လုပ်ပုံ ကတော့ အတော်လေး ရိုးရှင်းပါတယ်။ အသံ ဖမ်းနိုင်မယ့် Decibel Meter ကို ဗျူဟာကျတဲ့ နေရာမျိုးမှာ ဂွင်ကောင်းကောင်းဖမ်းစောင့်တဲ့ အနေနဲ့ တပ်ဆင်ထားတာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ ကင်မရာတွေက တစ်ဆင့် အဆိုပါ ကားရဲ့ ဓာတ်ပုံကို အမိအရ အလိုအလျောက် ရိုက်ယူထားတော့မှာပါ။ မြန်နှုန်းထိန်း ကိရိယာ Speed Camera တွေလိုပဲ ကျန်တဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးကိုတော့ အလို အလျောက် စာပို့စနစ်ကလည်း ပိုင်ရှင်ထံ ရောက်အောင် အကုန် လုပ်သွားတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်လို့ သတိပေးခံရတဲ့ ကားပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့ ကျယ်လောင်တဲ့ အိတ်ဇောသံနဲ့ပတ် သက်ပြီး ဖြေရှင်းချက် ကောင်းကောင်းပေးနိုင်မယ်ဆိုရင်တော့ ဒဏ်ကြေးအစား အိတ်ဇောပိုက်အသံ မကျယ် တော့အောင်ပဲ လဲလှယ်ခွင့်ရမှာပါ။ သာမန် စက်ရုံထုတ်ကတည်းကပါလာတဲ့ အိတ်ဇောသံ ကျယ်ကျယ်ထက် တကူးတက တပ်ဆင်ထားတဲ့ အပိုအိတ်ဇောသမားတွေ အတွက် အနည်းငယ် ခေါင်းခဲစရာကိစ္စ ဖြစ်လာနိုင် ပါတယ်။ တကယ်လို့ ကိုယ့်ကားရဲ့ အိတ်ဇောက ကံကောင်းစွာနဲ့ပဲ အသံအနိမ့် အမြင့်ညှိလို့ ရတယ်ဆိုရင် တော့ ယာဉ်ကြော ပိတ်ဆို့မှု ပိုများတဲ့ နေရာ တွေအထူးသဖြင့် ကင်မရာ အတော်များများ ရှိတတ်တဲ့ နေရာ တွေ ရောက်အောင် အသံကို အတိုး ဆုံးထားထားပြီး ဉာဏ်ရှိသလို သုံးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုစနစ်ကို သဘောမကျတဲ့ နယူးယောက် မြို့သူမြို့သားတွေ ရှိတယ် ဆိုရင်တော့ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေကို ချပြကာ ကန့်ကွက်ပိုင်ခွင့် ရှိနေပါသေးတယ်။ အဆိုပါ စနစ်တစ်ခုလုံးကိုတော့လာမယ့် ဇွန်လ ၃၀ ရက်နေ့ ရောက်မှသာ ပြန်လည်စဉ်းစား သုံးသပ်မှာ ဖြစ်ပါတယ်။ အဆိုပါ အချိန်မတိုင်ခင်အထိမှာတော့ အခု စမ်းသပ် ဆဲကာလမှာလည်း သာမန်အားဖြင့် တိတ်ဆိတ်နေမယ့် ကားအတော် များများကိုပဲ မြင်တွေ့ရဖို့ ရှိပါလိမ့် မယ်။
Ref: motor 1.com