နိုင်ငံတကာ ကားလောကထဲမှာတော့ Zuffenhausen ဆိုတဲ့ Tuning Part ထုတ်လုပ်ပေးတဲ့ ဆီကနေ မကြာသေးမီ တုန်းကပဲ Android Auto စနစ်နဲ့ရော Apple CarPlay နဲ့ပါ အတူတူ တွဲအလုပ်လုပ်နိုင်တဲ့ Infotainment စနစ်တွေကို ကားဟောင်းတွေအတွက် ပြန်ဖန်တီးပေးခဲ့ ဖူးပါတယ်။ အခုဆိုရင်တော့ အလားတူ အပြင်အဆင်မျိုးကို Porsche Classic Communication Management  Plus ဆိုတဲ့ ဆန်းသစ်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၀၀ ခုနှစ် လောက်က Classic Porsche ကားတွေကို ခေတ်ပေါ် Infotainment စနစ်သစ်တွေ တပ်ဆင်ပေးနိုင် တော့မှာပါ။ အဆိုပါ PCCM Plus ဆိုတဲ့ စနစ်ထဲမှာတော့ ၂၀၀၅ ကနေ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ Sixth-Gen 911 ကား များ ၊ 987 Gen Boxster နဲ့ Cayman ကားတွေအပြင် ၂၀၀၃ ကနေ ၂၀၀၈ အတွင်း ထုတ်လုပ်ထားတဲ့ ပထမဆုံး မျိုးဆက် Cayenne ကားတွေအထိ ပါဝင်လာမှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း Gadget တစ်ခုချင်းစီကိုလည်း Porsche ဘက်ကနေ ချပြလာခဲ့ပါပြီ။

Photo Credit: AllAutoExperts

အခု စနစ်သစ်ကတော့ ကားဟောင်းတွေမှာ ပါထားတဲ့ နဂိုစနစ်တွေနေရာမှာ ဘာမှပြောင်းစရာမလိုပဲ တိုက်ရိုက်ကို အစားထိုးပစ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် နဂိုရှိပြီးသား စပီကာတွေ ၊ Amplifier နဲ့ အင်တာနာတွေကိုတော့ နဂို နေရာတွေ မပျက်ယွင်းစေအောင် ဖန်တီးပေးဦးမှာပါ။ ဒါ့အပြင် Instrument Cluster ရဲ့ လမ်းညွှန်ပိုင်း Display ကိုလည်း ဆက်ထားချင်သေးရင် ထားလို့ရဦးမယ့် ရွေးချယ်စရာ တစ်ရပ်ကို ထည့်ပေးထားမှာ ဖြစ်ပါတယ်။ အခု စနစ်သစ် မှာတော့ ၇ လက်မ အရွယ် Screen လည်းပါဝင်လာခဲ့ပြီး ဥရောပရဲ့ ဒီဂျစ်တယ် ရေဒီယိုလိုင်းတွေ အတွက် ကိုလည်း DAB+ စနစ်ကို ထည့်ပေးလာပါ တယ်။ ဒါတင်မကသေးပဲ SiriusXM ဆိုတဲ့ ဂြိုလ်တု ရေဒီယို ဝန်ဆောင်မှုကြောင့်လည်း မြောက်အမေရိက ဈေးကွက်ထဲက ကားတွေကိုပါ အလုပ်ဖြစ်စေဦးမှာပါ။

Photo Credit: AllAutoExperts

လမ်းညွှန် စနစ်အတွက် ဆိုရင်လည်း 2D အနေနဲ့ရော 3D စနစ် နဲ့ မြေပုံတွေကိုပါ ထည့်ပေးလာမှာဖြစ်ပြီး နောက်ထပ် မြေပုံ Software ပိုင်းတွေ တိုးတက်လာဖို့ပါ Porsche ဘက်က စီစဉ်ထားပါတယ်။ Boxster ၊ Cayman နဲ့ 911 ကားရဲ့ တစ်ချို့သော Trim တွေမှာဆိုရင် ပိုင်ရှင်တွေဟာ Setting တွေကိုပါ လိုသလို ချိန်ညှိဖို့ရလာဦးမှာပါ။ ခေတ်ပေါ် ကားတွေမှာလိုပဲ အဲကွန်းပုံစံ ၊ မီး အနေအထားနဲ့ ၊ တံခါး လော့ခ် ချတာတွေ ၊ လေကာမှန်သုတ် Wiper အနေအထား စတာတွေ အထိကို အလိုအလျောက် မှတ်သားပေးထားနိုင်တဲ့ အထိ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အဆိုပါ PCCM Plus စနစ်ကိုတော့ ဂျာမနီ ဈေးကွက်ထဲ € 1,520.37 နဲ့ စတင်ရောင်းချမှာဖြစ်ပြီး မြေပုံလမ်းညွှန် စနစ်ကိုတော့ ကျသင့်ငွေအပို ထပ်ဆောင်းပေးကာ ဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: AllAutoExperts