Infiniti တို့ကတော့ လာမယ့် ၂၀၂၅ အရောက်မှာ သူတို့ရဲ့ Crossover ကားအသစ်တစ်စီး ထုတ်ပြလာဖို့ ရှိတယ်လို့ Automotive News ကလာတဲ့ သတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Infiniti ကုမ္ပဏီ နဲ့ အရောင်း ကိုယ်စားလှယ်တွေအကြား တွေ့ဆုံဆွေးနွေး ကြရမှာ QX 50 နဲ့ QX 60 တို့ အကြား နောက်ထပ် Crossover ကား တစ်စီး ထွက်ပေါ်လာဦးမယ်လို့ ကတိပြုခဲ့ပြီး QX 60 ကားရဲ့ Platform အတိုင်း ထုတ်လုပ်လာလိမ့်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ QX 50 ရဲ့ Platform ပေါ်မှာ တည်ဆောက်ထားတဲ့ QX 55 ဆိုတဲ့ Crossover Coupe ကို မြင်ထားရပြီး ဖြစ်တာကြောင့် အခုလည်း QX 55 လိုမျိုး ထိုင်ခုံ နှစ်တန်းစာ ကားတစ်စီး ဖြစ်လာနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။ ဒီကားကတော့ Mercedes-Benz GLE-Class နဲ့ Lexus RX ရဲ့ ထိုင်ခုံ ၂ တန်းပါ ကားတွေကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ဖြစ်လာမှာ ဖြစ်ပါ တယ်။ လက်ရှိ မှာတော့ အဆိုပါ ကား ၂ စီးမှာ ပုံမှန်အားဖြင့် ရောင်းအား အတော်လေး ကောင်းတဲ့ ကားတွေ ပဲ ဖြစ်ပါတယ်။ အခု Infiniti Lineup ရဲ့ Two-Row Crossover အသစ်ကတော့ ပုံမှန်ထက်စာရင် ပိုပြီး အသုံးတည့်တဲ့ QX 8QX ကားကောင်းတစ်စီးဘက်ကို ပိုဖြစ်လာနိုင်ပါတယ်။ လက်ရှိ မှာတော့ QX 50 နဲ့ QX 60 တို့ အပြင် QX 55 နဲ့ QX 80 Body-On-Frame SUV တွေကို ထုတ်လုပ် ပေးနေတာပါ။ လက်ရှိ Lineup ထဲမှာတော့ သက်တမ်းရလာတဲ့ ကားတွေ အနေနဲ့ Q 50 Sedan နဲ့ Q 60 Coupe တွေပဲ ကျန်ပါ တော့တယ်။
အခု ကားတင် မဟုတ်သေးပဲ နောက်ထပ် စိတ်ဝင်စားစရာ ကားတစ်စီးကတော့ Infiniti ရဲ့ ပထမဆုံးသော လျှပ်စစ် ကားဖြစ်လာမယ့် QX 80 Redesigned Version ပဲ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကိုတော့ Nissan ရဲ့ စက်ရုံတစ်ရုံ ဖြစ်တဲ့ မစ္စစ္စပီ ဒေသက Canton စက်ရုံမှာ လာမယ့် ၂၀၂၅ အရောက် မှာ စတင် ထုတ်လုပ်မှာ ဖြစ်တယ်လို့ တရားဝင် ပြောကြားထားပြီးပါပြီ။ ဒါကြောင့် အဆိုပါ စက်ရုံမှာပဲ Nissan ရဲ့ လျှပ်စစ် ကားနဲ့ အတူတူ တွဲဖက် ထုတ်လုပ်လာတာ မျိုး ဖြစ်နိုင်ပါတယ်။ အဆိုပါ ကား ၂ မျိုး လုံးရဲ့ Teaser တွေကို မြင်ထား ရသလောက် ကတော့ High-Riding Sedan တွေနဲ့ Crossover Coupe တွေပဲ ဖြစ်ပါ တယ်။ Infiniti တော့ သူတို့ အနေနဲ့ လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ် ကား သီးသန့်ထုတ်လုပ်မယ့် ကုမ္ပဏီ ဖြစ်လာတော့မယ်လို့ တရားဝင်ကြေညာထားပြီးတာကြောင့် အခုပြောပြထားတဲ့ Crossover အသစ် မှာလည်း အနည်းဆုံးတော့ လျှပ်စစ်ကား မဟုတ်သေးရင်တော့ Hybrid နဲ့တော့ ဖြစ်လာနိုင် ပါတယ်။ ဒါ့အပြင် ပိုပြီးဖြစ်နိုင်ချေရှိတာကတော့ ယခင်ကလည်း Nissan ရဲ့ e-Power Hybrid စနစ်ကိုသုံးဖို့ အတွက် ဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သိရတာကြောင့်ပဲ ဖြစ်ပါတယ်။
Ref: MotorAuthority