Hyundai ကတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ အတူ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Veloster N ၊ Elantra N နဲ့ Kona N တို့လိုမျိုး N-Line ကားအသစ်တွေကို ချပြထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီး မြန်ဆန်စရာလည်း မလိုပဲ သာမန် N-Line ရဲ့ Sport အရသာကိုပဲ ခံစားချင် သူတွေအတွက် ဆိုရင်တော့ Tucson ၊ Sonata နဲ့ Elantra N-Line ကားသစ်တွေ ရှိပါသေးတယ်။ N Model တွေလိုမျိုးပဲ နောက်ထပ် i30N Hatchback ဆိုတဲ့ ကား တစ်မျိုးလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် အခု နောက်ဆုံး မြင်လာရတဲ့ N-Line Model အသစ်ကတော့ 2022 Hyundai Creta N-Line ကားပဲဖြစ်ပါတယ်။ Hyundai Creta ပေါ်မှာ အခြေခံ ဖန်တီးထားတဲ့ အဆိုပါ ကားကိုတော့ N-Line Crossover ကားခပ်သေး သေး အနေနဲ့ မြင်လာရတာ ဖြစ်ပြီး အမေရိက ဈေးကွက်ထဲက 2022 Hyundai Venue နဲ့တောင် ခပ်ဆင် ဆင် တူနေပါသေးတယ်။ အဆိုပါ Creta N-Line ကားသစ်ကိုတော့ ဘရာဇီး ၊ အိန္ဒိယနဲ့ တရုတ် ဈေးကွက် တွေထဲမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ပထမဆုံး အခု ကားသစ်မှာ ထူးခြားတာကတော့ N-Line ဆိုတဲ့ အတိုင်း Sports အရသာ လေးတွေ ပိုပါ လာတဲ့ အမိုက်စား ပုံစံကြောင့် Venue ကားနဲ့တူတယ် ဆိုပေမယ့် ပိုတော့ကြည့်ကောင်း နေပါတယ်။ အထူး သဖြင့် Parametric Jewel Pattern ပုံစံလေးတွေကို Tucson မှာအတိုင်း အနက်ရောင် ဘန်ဘာတွေနဲ့ Skid Plate တွေနဲ့ တွဲဖက်ထည့်ပေးထား ပါတယ်။ N-Line အရသာ အသစ်တွေ အနေနဲ့ ဆိုရင်တော့ ၁၇ လက်မ အရွယ်ဘီးတွေ ၊ အရှေ့ နဲ့ အနောက်ဘက်က Fascia ဒီဇိုင်းအသစ်တွေနဲ့ အိတ်ဇော နှစ်ခုတွဲတွေ မြင်ရမှာပါ။ ဒါ့အပြင် သိသာစေတဲ့ N-Line ဆိုတဲ့ တံဆိပ်လေးလည်း ထုံးစံအတိုင်း ပါဝင် ပါသေးတယ်။ ဒါပေမယ့်လည်း ဝမ်းနည်းစရာကောင်းတာ တစ်ခု ကတော့ N-Line ကားတွေထဲ စွမ်းဆောင်ရည်ထပ်ပြီး အဆင့်မမြှင့်တင်ထားတဲ့ N ကား ဖြစ်နေတာပါပဲ။ ဝယ်ယူလို သူတွေ အနေနဲ့ကတော့ 1.0 Liter Turbocharged Three-Cylinder T-GDI Engine ကို ရွေးချယ်နိုင်ပြီး 120 hp ပဲ စွမ်းဆောင်နိုင်မှာ ဖြစ် ကာ 138 hp ပမာဏအထိ လိုချင်တယ်ဆိုရင်တော့ 1.4 Liter Four-Cylinder Engine ကိုမှ Seven-Speed Dual Clutch Transmission ဂီယာစနစ်နဲ့ တွဲရွေးရမှာ ဖြစ်ပါတယ်။ တစ်ချို့သော ဈေးကွက် တွေထဲမှာ တော့ အခုကားသစ်ကိုပဲ Naturally Aspirated 2.0 Liter Four-Pot Engine အမျိုး အစားနဲ့ လည်း ရနိုင်မယ်လို့ သိရပြီး နမူနာ ကြည့်ရရင်တော့ အဆိုပါ အင်ဂျင်သုံးထားတဲ့ Venue ကားမှာဆိုရင် 121 hp ရှိတာ တွေ့ရမှာပါ။

Photo Credit: CARBUZZ

ဒီဇိုင်းပိုင်း အပြောင်းအလဲတွေ ကတော့ ကားရဲ့ အတွင်းရော အပြင်မှာပါ ပါလာတာ ဖြစ်ပြီး Cabin ပိုင်းတွေ မှာတော့ အနက်ရောင် ထိုင်ခုံတွေကိုမှ N Logo လေးတွေနဲ့ ဖန်တီးထားပါတယ်။ Stitch လိုင်းလေးတွေ ကလည်း အနီရောင် လေးတွေ ဖြစ်နေမယ့်အပြင် Sport ဆန်တဲ့ စတီယာတိုင်နဲ့ ဂီယာ တွေကိုလည်း မြင်ရ မှာပါ။ စွမ်းဆောင်ရည်ပိုင်းအရ အရမ်းကြီး ကောင်းတာမျိုး မဟုတ်ပေမယ့်လည်း Venue ထက်တော့ ပိုကောင်းတဲ့ နေရာတွေလည်း အများကြီး ရှိလာတဲ့ ကားပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပိုကြီးလာတဲ့ Infotainment Touchscreen တွေ ၊ Panoramic Sunroof နဲ့ ပိုကောင်းတဲ့ ကိုယ်ထည်တွေက သိသာနေ တာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ပိုကြီးတဲ့ ၇ ယောက် စီး Grand Creta မျိုးကွဲလည်း ရှိသေးပြီး နောက်ထပ်မျိုးဆက်သစ် Venue ကားသစ်ဆိုရင်လည်း အခု Creta ကားကို ပြန်ပြီး မှီငြမ်းပေးလာနိုင်ပါ တယ်။

Ref: carbuzz.com