ကမ္ဘာပေါ်က ဘယ်နေရာမျိုးမှာပဲ ဖြစ်ဖြစ် Ferrari Roma လို ကားမျိုးကိုသာ စီးသွားလိုက်မယ် ဆိုရင်တော့ V8 အင်ဂျင် တပ် အလန်းစား ကားတစ်စီး အနေနဲ့ လူတကာရဲ့ အာရုံစိုက်ခြင်းကိုခံရမှာ အသေအချာပါပဲ။ ချမ်းသာကြွယ်ဝခြင်းရဲ့ အမှတ်သညာလို ဖြစ်နေတဲ့ ကားတစ်စီး ကြောင့် ဘယ်ကိုပဲသွားသွား ထင်းနေတော့မှာပါ။ ဒါပေမယ့်လည်း လူချမ်းသာတွေချည်း စုနေတဲ့ မိုနာကိုလို နေရာမျိုးမှာ ဆိုရင်တော့ ဒီကားက သာမန်လောက်ဖြစ်သွားနိုင်ပြီး Ferrari F 40 လို ကားမျိုးကို ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် တစ်ယောက်လောက်က ‌မြို့လယ်ခေါင် မှာ မောင်းပြသွားရင်တောင် သိပ်ပြီး မထူးဆန်းတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးမှာ ချမ်းသာကြွယ်ဝမှုကို ကြွားဝါ ချင်တယ် ဆိုရင်တော့ ဒီထက်ပိုထူးခြားဆန်းသစ်တာ တစ်ခုခုရှိမှရပါတော့မယ်။ ဒီလိုမျိုးအတွက် ဆိုရင်တော့ အဆိုပါ စူပါကားတွေ အတိုင်း စူပါကားတွေ ထက်ကို အများကြီးပို ဆွဲဆောင်မှုရှိနေတဲ့ Naval Yachts LXT 88 Superyacht ရွက်လှေကြီး ကတော့ အဆင့်သင့် ဖြစ်နေ စေမှာ အသေအချာ ပါပဲ။ ၈၈ ပေ အရှည် ရှိတဲ့ အဆိုပါ ရွက်လှေကြီး ကတော့ ကြည့်လိုက်တာနဲ့တင် ခေါင်းအစ ခြေအဆုံးတကယ်ကို ကြည့်ကောင်းလှတဲ့ ချမ်းသာ ကြွယ်ဝမှု ပြယုဂ်တစ်ခုလို ဖြစ်နေပါတယ်။ အထူးသဖြင့် ဒီဇိုင်းပိုင်းက လုံးဝ ထင်ရှားကောင်းမွန်နေတာ ဖြစ်ပြီး ဒါကလည်း ကမ္ဘာပေါ်က အကောင်းဆုံး စူပါကားတွေ တည်ဆောက်ပုံကို နမူနာယူကာ ဖန်တီးထားလို့ပါပဲ။

Photo Credit: CARBUZZ

အခု Naval Yachts ရွက်လှေ တည်ဆောက်ရေး ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Baris Dinc ကတော့ အခု ရွက်‌လှေ ကို ဖန်တီးဖြစ်တာက ရွက်လှေဝယ်ယူမယ့် သူရဲ့ စူပါကားတွေအပေါ် ရူးသွပ်မှုကြောင့် ဖြစ်တယ်လို့ Boat International ကို ပြောကြားထားပါတယ်။ အဆိုပါ LXT 88 ရွက်လှေကြီးရဲ့ ဘေးဘက်ကို ကြည့်လိုက်တာနဲ့ တင်  ခပ်နိမ့်နိမ့် ကိုယ်ထည်နဲ့ Supercar တွေရဲ့မှန်‌ တွေလိုမျိုး ပုံစံကို စတင်မြင် ရမှာ ဖြစ်ပြီး ဘီးတွေလို အချိုးကျကျ ထည့်ပေးထားတဲ့ လိုင်းတွေကလည်း ရွက်လှေရဲ့ အရှည်ကို ပိုပြီး ကြွကြွရွရွ ရှိလာစေခဲ့သလိုပါပဲ။ စူပါကားနဲ့ လုံးဝ မတူနိုင်တာ ဆိုလို့ ရွက်လှေကြီးရဲ့ အရှေ့ဘက် Jacuzzi နေရာပဲ ရှိပါလိမ့်မယ်။ အခုလိုမျိုး ထူးခြားဆန်းပြားတဲ့ ဒီဇိုင်း ပိုင်း ကြောင့်လည်း ရွက်လှေကြီးက သာမန်ထက်စာရင် ပိုပြီး ရေပေါ် ပေါ်နေနိုင်တဲ့ စွမ်းဆောင်ရည် ရထား သလိုလမ်းမထက်က Supercar တွေလိုပဲ ပိုပြီး ကြွကြွရွရွ ရှိလို့ နေပါတယ်။ Sport ဆန်တဲ့ အရသာတွေ ထပ်ရနိုင်ဖို့ အတွက် အနက်ရောင် ကာဗွန်ဖိုက်ဘာ အမှတ်အသား တွေနဲ့ Bridge တို့က အကောင်းဆုံး ပံ့ပိုး ပေးထားပါသေးတယ်။ နောက်ဆုံး တစ်ချက် ကြည့်ကောင်းနေတာကတော့ ရွက်လှေအတွက် ရွေးချယ်ထားတဲ့ လိမ္မော်ရောင် တောက်တောက်ပဲ ဖြစ်ကာ ဒီအရောင်ကြောင့်ပဲ ရေထဲမှာ ထင်းနေတဲ့ အရသာကို ပေးစွမ်းထားနိုင်တာပါ။

Photo Credit: CARBUZZ

အီတလီရဲ့အလန်းစား စူပါကားတွေလိုပဲ အခု ရွက်လှေကြီးကိုလည်း Twin MTU 1600 V 12 ဆိုတဲ့ အင်ဂျင် အကောင်းဆုံးကိုပဲ သုံးကာ ဖန်တီးထားသလို စွမ်းဆောင်ရည်ကလည်း ရေမိုင် တစ်နာရီ ကို ၄၈ မိုင် အထိ ရှိနေမှာပါ။ ရွက်လှေရဲ့ အလေးချိန် ကလည်း 100,000 ပေါင် လောက်အထိ လေးတာကြောင့် အခု စွမ်းဆောင်ရည်က ‌အလေးချိန် နဲ့ ယှဉ်ရင် ရေထဲမှာ သွားရတဲ့ အခါ ‌အတော်‌လေး စွမ်းဆောင် နိုင်တယ် လို့ ဆိုနိုင်ပြီး အတွင်းခန်း Cabin ပုံရိပ် တွေကို တော့ မမြင် ရသေးတာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး စူပါကား ပုံစံ ရွက်လှေတွေကို ယခင်က လည်း မြင်တွေ့ ခဲ့ကြရဖူး ပေမယ့် ဒီတစ်ခုကတော့ အတော်လေး ထူးခြားတဲ့ အထဲ ပါနေတာအမှန်ပါ။ တစ်ခြားသော ထင်ရှားတဲ့ ဇိမ်ခံ ရွက်လှေကြီးတွေ ထဲမှာ ဆိုရင်တော့ 4,000 hp အထိရှိတဲ့ Tecnomar Lamborghini 63 ဆိုရင်လည်း စွမ်းဆောင်ရည် ရော ဒီဇိုင်းပိုင်းပါ အလန်းစား အရည်အသွေးကို ပြထားနိုင်တာပါ။ ဒါ့အပြင် Bugatti ရဲ့ အဆင့်မြင့် ဇိမ်ခံ ရွက်လှေကြီးဟာဆိုရင်လည်း LXT 88 ထက်ကို ပိုပြီး လှပ တယ်လို့တောင် ဆိုနိုင်ပါသေးတယ်။ Naval Yachts ကတော့ အခု ရွက်လှေကြီးရဲ့ ဈေးနှုန်းကို ဖော်ပြထားခြင်း မရှိသေးပေမယ့် သေချာတာကတော့ ဒေါ်လာ သန်းပေါင်းများစွာ ရှိနေမယ်ဆိုတာ ငြင်းလို့ မရနိုင်တာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com