လက်ရှိ အချိန်မှာတော့ ကမ္ဘာတစ်ဝန်းက နာမည်ကြီး ကားကုမ္ပဏီတွေ အပါအဝင် အတော်များများ ကတော့ လျှပ်စစ်စွမ်းအင်သုံး ကားတွေ အဖြစ် မယုံနိုင်လောက်စရာ လျှင်မြန်တဲ့နှုန်းနဲ့ စတင်ကူးပြောင်းနေပြီဖြစ်ပြီး ချက်ချင်း မသိသာ နိုင်သေးပေမယ့် အခု ဆယ်စုနှစ်အကုန် လောက်မှာတော့ စတင် အကျိုးသက်ရောက် လာတော့မှာပါ။ လာမယ့် ၂၀၃၅ အရောက်မှာဆိုရင် GM အနေနဲ့ လျှပ်စစ်ကားတွေချည်း ရောင်းချတော့မှာ ဖြစ်ကာ ၊ GMC Hummer နဲ့ Chevy Silverado EV တို့ကလည်း အခုအစပဲရှိပါသေးတယ်။ နှစ်ပေါင်းများ စွာကတည်း က လျှပ်စစ်ကားနဲ့ ပတ်သက်လို့ ပညာရှင်တွေနဲ့ ဝေဖန်သူတွေက အသုံးပြုဖို့ ထောက်ပြလာနေကြတာ ဖြစ်ပြီး အထူးသဖြင့် အမေရိက ရဲ့ အခြားသောလောင်စာတွေ သုံးစွဲနေတာကို ရပ်တန့်ပြီး လျှပ်စစ်ကားတွေအဖြစ် ကူးပြောင်းဖို့ စီစဉ်နေတာပါ။ ဒါပေမယ့် အခုတစ်ခါ လျှပ်စစ် ကားဘက်ထရီတွေအတွက် လိုအပ်မယ့် Lithium နဲ့ Cobalt တွေကို တူးဖော်ရာမှာ လည်း အမေရိကရဲ့ တစ်ချို့သော လုံခြုံရေး အပိုင်းတွေ မှာ သတိထားစရာ ဖြစ်လာနေပြန်ပါတယ်။ GM ရဲ့ EV1 အတွက် ဘက်ထရီတွေ အမြောက်အများ ထောက်ပံ့ပေးနိုင်ခဲ့သူ Bob Galyen ကတော့ ဘက်ထရီတွေနဲ့ ပတ်သက်ပြီး CNN Business ကို ပြောကြားရင်း စိတ်ပူစရာတစ်ချို့ ရှိနေတယ်ဆိုတာကိုပါ ဖော်ထုတ်ခဲ့ပါတယ်။
တရုတ်ရဲ့ ကမ္ဘာပေါ်က အကြီးဆုံး Lithium-Ion battery ထုတ်လုပ်ရေး စက်ရုံ CATL မှာ အလုပ်လုပ်နေတဲ့ Galyen ကတော့ လျှပ်စစ် ကားဘက်ထရီ တွေနဲ့ ပတ်သက်ပြီး စွမ်းအင်ထုတ်ယူ သုံးစွဲတာတွေမှာ အမေရိကရဲ့ အစစ အရာရာ အဆင်သင့်ဆိုတဲ့ သဘောမျိုးကို နည်း နည်းတော့ စိတ်ပူမိတယ်လို့ ဆိုထားတာပါ။ Galyen က တကယ် တော့ သူတို့မှာ ကုန်ကြမ်းတွေအပြင် ထုတ်လုပ်နိုင်တဲ့ အင်အားလည်း လုံလုံလောက်လောက် ရှိမနေဘူးလို့ ဆိုထား ပြီး တကယ်လို့သာ တစ်ခြားပြိုင်ဘက် နိုင်ငံတစ်နိုင်ငံနဲ့ စစ်ဖြစ်လာခဲ့ရင် စစ်ဘက်ကို ထောက် ပံ့ပေးနိုင်ဖို့ရာ ဘက်ထရီတွေ မရှိတော့ဘူးလို့ ဆိုထားတာပါ။ သူ့ရဲ့ ပြောကြားချက်ထဲက နိုင်ငံကတော့ တရုတ် ဖြစ်ဖို့များပြီး လက်ရှိ မှာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက် ဖြစ်လာနေကာ ကမ္ဘာ့ Lithium အပိုင်းမှာလည်း ၆၀ ရာခိုင်နှုန်းအထိ စိုးမိုး ထားနိုင်ပြီး Cobalt အပိုင်းမှာ လည်း ၈၀ ရာခိုင်နှုန်း အထိကို ရှိနေတာပါ။ ဒီအနေအထားကတော့ စီးပွားရေး အရရော လုံခြုံရေးအရပါ အမေရိကန်အတွက် အတော်လေး သတိထား ရမယ့် အခြေအနေဖြစ်ပြီး လတ်တလောမှာ ရေတိုဖြေရှင်းချက်လေး တစ်ခုတောင် မရှိသေးဘူးလို့ သိရပါတယ်။
အမေရိကန် သမ္မတ ဘိုင်ဒန်ရဲ့ လာမယ့် ၂၀၃၀ မှာ လျှပ်စစ်ကားတွေချည်း ၅၀ % ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်က ကောင်းမွန်ပေမယ့် လည်း နိုင်ငံအတွက် လုံခြုံရေးပိုင်း စိုးရိမ်စရာဖြစ်နေပြီလို့ Galyen ကထောက်ပြလိုက်တာပါ။ အမေရိကမှာတော့ အခု ရည်မှန်းချက် အောင်မြင်နိုင်ဖို့အတွက် ပြည်တွင်း သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ဘက်ကနေ စွမ်းဆောင်ပေးနိုင်ပေမယ့် ဒီလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် တင်လာလို့ ဖြစ်လာမယ့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးတွေကလည်း တစ်ပတ်ပြန်လည်လာနိုင် ပြန်တာပါ။ ဒီ အချက်တွေကတော့ အမေရိက အဖို့ ရေရှည်ဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ်လာနိုင်ပြီး နိုင်ငံကို လျှပ်စစ်ကားတွေနဲ့ သန့်ရှင်းအောင် လုပ်နိုင်ပေမယ့် တစ်ဖက်မှာ တော့ စဉ်းစားစရာတွေ ပြန်ရှိ လာတော့မှာပါ။ ဒါပေမယ့်လည်း သတင်းကောင်း တစ်ချို့တော့ ရှိနေပါသေးတယ်။ GM ဘက်ကနေ အဆိုပါ လျှပ်စစ်ကားတွေ သုံးရမယ့် သတ္တုကုန်ကြမ်းတွေကို ထောက်ပံ့ ပေးနိုင်မယ်လို့ မနှစ်တုန်းက ကြေညာခဲ့လို့ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု သတ္တုတူးဖော်ရေး လုပ်ငန်းတွေကတော့ ရေရှည် ဖြေရှင်းရဦးမယ့် ပြဿနာတစ်ရပ် ဖြစ်လာနိုင်မယ်လို့ မျှော်ကြည့်မိရတာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com