တေးဂီတ ဆိုတာကတော့ လူသားတိုင်းရဲ့ နေ့စဉ်ဘဝထဲမှာ ကြီးကြီးမားမား အရေးပါတဲ့ နေရာက ပါဝင်နေ တာ ဖြစ်ပြီး စိတ်ခံစားချက်တွေကို တစ်ခဏအတွင်း ကောင်းကောင်း ပြောင်းနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါ တယ်။ တစ်နေ့တာ မှာ ပင်ပန်း နွမ်းနယ်နေသမျှ တွေ ၊ စိတ်ဖိအားတွေ နဲ့ ရုန်းကန်နေရမှု မှန်သ မျှတွေမှာ သီချင်းလေးတစ်ပုဒ်လောက် နားထောင်လိုက်ရုံနဲ့တင် စိတ်ချမ်းသာသွားနိုင်ပါတယ်။ လူသားတိုင်းကို တစ် ဖက် တစ်လမ်းကနေ အဆင်ပြေ နေစေမယ့် ဂီတကတော့ အခုဆိုရင် Kia ရဲ့ အဆိုအရ လျှပ်စစ်ကားတွေမှာ ပါ သိသာတဲ့ အကျိုး သက်ရောက်မှုကို ရှိနေစေတယ်လို့ သိရပါတယ်။ အဆိုပါ တောင်ကိုရီးယား ကုမ္ပဏီရဲ့ အမေရိကန် ကုမ္ပဏီ အခွဲကတော့ ကားထဲမှာ နားထောင်တဲ့ သီချင်းအမျိုးအစားနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ လေ့လာနိုင်မယ့် စစ်တမ်းတစ်ခုကို ကောက်ယူ လိုက်ပါတယ်။ အခု သုတေသန ရလဒ်တွေအရတော့ ကား အတွင်းမှာ နားထောင်တဲ့ သီချင်းတွေရဲ့ အနေအထား ပေါ်မူတည်ပြီး လျှပ်စစ်ကား တစ်စီးရဲ့ Range အပိုင်း မှာ သိသိသာသာ အကျိုး သက်ရောက် နေတယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခု စစ်တမ်းမှာတော့ Kia အနေနဲ့ Range အမြင့်ဆုံး EV6 ကို အသုံးပြုခဲ့တာ ဖြစ်ပြီး အဆိုပါ ကားမှာက Meridian Audio အသံ စနစ်ရဲ့ စပီကာ ၁၄ လုံးပါ အဆင့်မြင့် အသံစနစ်ကို ထည့်သွင်း ထားတာလည်း ဖြစ်ပါတယ်။  အစမ်းသပ် ခံခဲ့တဲ့ သူတွေ အားလုံးကတော့ လျှပ်စစ်ကား သုံးရတဲ့ အတွေ့အကြုံ လုံးဝမရှိကြ သေးသူတွေဖြစ်ပြီး ကြိုတင် သတ်မှတ်ထားတဲ့ ၁၈ မိုင် အကွာအဝေးကို မောင်းနှင်ခိုင်းစေခဲ့တာပါ။ ဒါ့အပြင် အဆိုပါ စမ်းသပ်မှုထဲမှာတော့ ကြိုတင်ရွေးချယ် ထားတဲ့ ခံစားချက် အမျိုးမျိုးပါ သီချင်းတွေနဲ့ နာမည်ကြီး သီချင်းတွေကို ဖွင့်ပေးထားပါသေးတယ်။ အခုလို လေ့လာချက်ကနေ သီချင်း အမျိုးအစားပေါ်မူတည်ပြီး လျှပ်စစ်ကားရဲ့ အားသွင်းထားပြီးရင် မောင်းနှင် နိုင်တဲ့ ပမာဏ Range အပေါ်မှာ သိသိသာသာ အကျိုးသက် ရောက်မှု ရှိတာကို တွေ့လာရပါတယ်။ အဆိုပါ သီချင်းတွေထဲမှာ မှ ဂန္ဓဝင် သီချင်းတွေ ကိုနားထောင်တဲ့ အချိန်မှာ ဆိုရင်ကားရဲ့ Range ပိုင်းကို ပိုပြီး ကောင်းစေတာတွေ့ရပြီး သာမန် ထက် ၄ ဆ လောက်အထိကို စွမ်းအင် ချွေတာနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် အခြားသော သီချင်းအမျိုး အစားတွေထက် ဘီသိုဗင် တို့လို သီချင်းတွေဆိုရင် ပိုပြီးအေးဆေး မောင်းကာ ကားရဲ့ လျှပ်စစ်စွမ်းအင်ကို ချွေတာ နိုင်တဲ့သဘော ဖြစ် ပါတယ်။ တစ်ဖက်မှာတော့ Weekend ရဲ့ Blinding Light တို့လိုမျိုး Tempo အပြည့်နဲ့ ပေါ့ပ် သီချင်းတွေ ကို နားထောင်နေမယ်ဆိုရင် ကားကိုသာမန်ထက်နှစ်ဆလောက်ပိုပြီး စွမ်းအင်ကုန်ကျစေတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု သုတေသန စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ University Of Salford က သိပ္ပံ ၊ အင်ဂျင်နီယာနဲ့ သဘာဝ ပတ် ဝန်းကျင် ပိုင်းဆိုင်ရာ ဆရာဖြစ်သူ Duncan William ကတော့ အခုလိုမျိုး သီချင်းနဲ့ ၂ ရက်တာ လျှပ်စစ် ကား မောင်းတာကို စမ်းသပ် ခဲ့ကြအပြီးမှာ တွေ့ရတာကတော့ လျှပ်စစ်ကားတွေရဲ့ လက်တွေ့ ကမ္ဘာက မောင်းနှင်မှုပုံစံကို ကောင်းကောင်း အကျိုးသက်ရောက်နေတာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရတယ်လို့ဆိုထား ပါတယ်။ ဒါကြောင့် တကယ် လို သင်က လျှပ်စစ်ကားမောင်းနေပြီး အချိန် ကြာကြာလေး ကားကိုမောင်းနှင် နိုင်စေချင်တယ် ဆိုရင်တော့ ဘီသိုဗင်တို့လို တစ်ခြားသော ဂန္ဓဝင် သီချင်း ကောင်းလေးတွေကို ခပ်အေးအေး နားထောင်လိုက်တာ ပိုကောင်း ပါလိမ့်မယ်။ ဒါ့အပြင် ကားရဲ့စွမ်းအင် ဘယ်လောက် ကုန်ကုန်မြန်မြန်ပဲ ရောက်ချင်ပါတယ် ဆိုရင်တော့ Tempo မြင့်လွန်းတဲ့ သီချင်းတွေနဲ့ ခပ်မြူးမြူးသာ နားထောင်ရင်း သတိ ထား မောင်းနှင်ကြရမှာ ဖြစ်ပါတယ်။

Ref: motor 1.com