Morgan ရဲ့ Plus Four နဲ့ Plus Six ဆိုတဲ့ ကား ၂ မျိုးကို ကြည့်လိုက်မယ် ဆိုရင်တော့ ဒီဘက်ခေတ်အမြင်နဲ့ဆို အတော်လေးကို ထူးထူးခြားခြား ဖြစ်နေနိုင်တာ တွေ့ရပါတယ်။ အဓိက ကတော့ အပြင်ပိုင်းက ခေတ်ဟောင်း ဒီဇိုင်း အပြင်အဆင်တွေကြောင့် ဖြစ်ပြီး ပိုထူးခြားတာကတော့ အတွင်းပိုင်းက တကယ့်ကို နည်းပညာမြင့် Sports ကား တစ်စီး ဖြစ်နေတာပါပဲ။

Photo Credit: AllAutoExperts

ဒါပေမယ့် အခုလို ထူးခြားဒီဇိုင်းနဲ့ Sport ကား တစ်မျိုးမှာ အဓိက လိုအပ်တဲ့ Electronic Stability Control စနစ်ကို တော့ ယခင်ကကားတွေမှာ မထည့်ပေးနိုင်ခဲ့ သေးပါဘူး။ အခုဆိုရင်တော့ လာမယ့် ဇန်နဝါရီ ၂၀၂၃ လောက်ကစပြီး အဆိုပါ Plus Four နဲ့ Plus Six ကားသစ် တွေမှာ ESC စနစ်ကို တစ်ပါတည်း ထည့်ပေးထားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပဲ ပိုပြီး အသုံးတည့်မယ့် ကားရဲ့ အသက်ကယ် လေအိတ်စနစ်တွေနဲ့ အခြားသော လုပ်ဆောင်ချက် အသစ်တွေကိုလည်း ထည့်သွင်းပေးလာပါတယ်။ အခုလို အသစ်ထပ်မံ ထည့်ပေးထားတာ တွေအထဲ ပိုအရေးကြီးတာကတော့ AP Racing ဆီက ယူဆောင် ထည့်သွင်းထားတဲ့ စွမ်းဆောင်ရည်မြင့် ဘရိတ် တွေပါပဲ။ အသစ် ပါဝင်လာမယ့် ESC စနစ် ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ Eight-Speed BMW Automatic ဂီယာတို့ ပေါင်းစပ်မှုကြောင့်လည်း အခုကားကို Driving Mode အမျိုးမျိုးအပေါ် မူတည်ပြီး စိတ်ကြိုက်မောင်းနှင် နိုင်ပါလိမ့်မယ်။

Photo Credit: AllAutoExperts

Morgan ကတော့ အခုကားကို စက်ပိုင်းဆိုင်ရာတွေပဲ အဆင့်မြှင့်ပေးလိုက်တာမဟုတ်ပဲ ကားအတွင်းခန်းကိုပါ သတ္တု အသစ်တွေ၊ Wood Finish လေးတွေနဲ့  Sennheiser အသံစနစ်တို့ပါ ထပ်ဖြည့်ပေးထားပါသေး တယ်။ ဒါ့အပြင် ထိုင်ခုံတွေ အကုန်လုံးကိုလည်း ယခင်ကထက်ပိုပြီး ဇိမ်ခံလို့ ကောင်းမယ့် သက်တောင့်သက်သာ အပြင် အဆင်တွေအဖြစ် ထပ်ပြင်ဆင်ပေးထားပြီး ယူကေမှာ ဆိုရင်တော့ အခု Plus Four ကို ၇၁,၈၃၀ ပေါင် ၊  Plus Six ကို ၉၀,၃၉၀ ပေါင်နဲ့ ရနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts