Toyota Supra ကားတွေကိုမှ ရူးသွပ် ကြတဲ့သူတွေ ဘယ် Supra အမျိုးအစားက အကောင်းဆုံးလဲလို့ မေးကြည့်ရင် တော့ Mk4 ဆိုတဲ့ အဖြေကို အများစုဆီက ရပါလိမ့်မယ်။ ဒါကြောင့် ကားကနောက်ပိုင်း Tuners တွေလက်ထဲ အရောက်လည်း အတော်ကို နာမည်ကျော်တဲ့ ကားဖြစ်ပြီး ကားစိတ်ဝင်စားသူတွေရဲ့ လက်ထဲမှာလည်း တကယ်ကို အရူးအမူး ဖြစ်ခဲ့ကြကာ ဟော်လိဝုဒ် အကျော်အမော်တွေ ဆီမှာလည်း အကောင်းဆုံး အဆောင်အယောင် တစ်ခုလို ရှိခဲ့ ကြပါတယ်။ ဒါကိုမှ အခု Supra ကားတစ်စီးထဲမှာ သမိုင်း တစ်လျှောက် အကောင်းဆုံး အင်ဂျင်ကောင်း တစ်မျိုးဖြစ်တဲ့ 2JZ Inline-Six Engine ကို ထည့်ထားတာ ဖြစ်ကာ အခုလို ကောင်းပြီးသာ ကားကိုမှ အလန်းစား အင်ဂျင်နဲ့ ပေါင်းစပ် လိုက်တဲ့ အခါမှာတော့ အတော် လေးကို အပျံစား ဖြစ်သွားတဲ့ စွမ်းဆောင်ရည် ၂ ဆ လောက်ကို ပြသလိုက် နိုင်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါကားကိုဒတ်ခ်ျကုမ္ပဏီ တစ်ခုဖြစ်တဲ့ Stipt Polish Point က ပြန်လည် Tuning လုပ်ကာ ဖန်တီး ပေးထားခဲ့တာ ဖြစ်ပြီး 1994 ခုနှစ်ထုတ် Toyota Supra ကို အခြေခံထားတာပါ။

Photo Credit: motor 1.com

အဆိုပါ Supra ရဲ့ ပုံစံကိုတော့ သူ့ရဲ့ နဂိုပုံစံ အတိုင်း ဖြစ်အောင် သေချာပြန်လည် ပြင်ဆင်ထားပြီး အသေး စိတ် အပိုင်းတွေကအစ မူလ Showroom ထဲကအတိုင်း ဖြစ်အောင် ပြန်လုပ်ပေးထားပါတယ်။ အင်ဂျင်ပိုင်း မှာတော့ Supra ကို တစ်ဖန်ပြန်ပြီး ခေတ်မှီမှီ အသက်သွင်းနိုင်စေဖို့ လုပ်ပေးလိုက်သလို မြင်ရပါတယ်။ Twin-Turbo 3.0 Liter Inline- Six Engine ကို ပြန်သုံးပြီး အခုကားကို ဆန်းသစ်ထားကာ 325 hp နဲ့ 325 lb-ft Torque အထိ စွမ်းဆောင်နိုင်မယ် လို့လည်း သိရပါတယ်။ ဂီယာပိုင်းမှာလည်း Six-Speed Manual Gearbox ဒါမှမဟုတ် 4-Speed Automatic ဂီယာ တွေ အဖြစ် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်တွေ အတွက် စီစဉ်ထားတဲ့ အဆိုပါကားရဲ့ အမြင့်ဆုံး မြန်နှုန်း ကတော့ တစ်နာရီကို ၁၅၅ မိုင် အထိပါ။

Photo Credit: motor 1.com

ဒါပေမယ့် ထူးခြားတာ တစ်ခုကတော့ အခုကားကို Tuning သေချာလုပ်ပြီး ဂျာမနီ ရဲ့ မြန်နှုန်းကန့်သတ် မထားတဲ့ ကမ္ဘာကျော် Autobahn လမ်းမကြီးထက်မှာ စမ်းသပ်ရာမှာတော့ တစ်နာရီကို ၁၆၅ မိုင် အထိ စံချိန်ကောင်းရခဲ့တာပဲ ဖြစ်ပါတယ်။ သက်တမ်းရင့် ကားဟောင်းတစ်စီးကို အခုလို ပြန်လည် ဆန်းသစ်လိုက် ရုံနဲ့ ဒီလောက်အထိ မောင်းလို့ ရလိုက်နိုင်တာကတော့ တကယ်ကို အံ့အားသင့်ဖွယ် ရလဒ်ပါပဲ။

Ref: motor 1.com