လက်ရှိ ရုရှား – ယူကရိန်းအရေးကြောင့် သက်ရောက်မှုတွေများစွာ ရှိနေကြတဲ့အထဲမှာ ကားလောကကြီး တစ်ခု လုံးလည်း ပါဝင်နေပါတယ်။ ကျူးကျော်စစ် စတင်ခဲ့ကတည်းက ကားထုတ်လုပ်ရေး Brand အတော် များများက ရှရှားမှာ ကားထုတ်လုပ်ရေးတွေကို ဆက်မလုပ်ဖို့ ၊ ခေတ္တ ရပ်တန့်ဖို့တွေ ဆုံးဖြတ်ခဲ့ကြတာပါ။ ပထမဆုံး အနေနဲ့ ခေတ္တ ရပ်နားခဲ့ကြတဲ့ ကားကုမ္ပဏီတွေ အနေနဲ့ကတော့ Ford ၊ Jaguar Land Rover နဲ့ Volvo တို့ ဖြစ်ကြပြီး အခုဆိုရင် တော့ ဂျပန်အခြေစိုက် နာမည်ကြီး ကားကုမ္ပဏီ Mitsubishi တို့ကလည်း အခုစာရင်းထဲကို ပါဝင်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီ ကနေ ရုရှား နိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့ Kaluga ကား ထုတ်လုပ်ရေး စက်ရုံကို တစ်စုံတစ်ရာ သတင်း မထုတ်ပြန်မချင်း ပိတ်ထားမယ်လို့ ကြေညာထား လိုက်ပါပြီ။ ဒါ့အပြင် ရုရှားနိုင်ငံထဲကို ကားအသစ်တွေနဲ့ ကားအပို ပစ္စည်းတွေ တင်ပို့တာလည်း ရပ်တန့်ထားလိုက်ပြီ ဖြစ်ပြီး ကုန်သွယ်ရေး အခက်အခဲတွေကြောင့် အခုလို ဆုံးဖြတ် ရတာ ဖြစ်တယ်လို့တော့ အကြောင်းပြချက် ပေးထားပါတယ်။

Photo Credit: motor 1.com

တစ်ခြား အကြောင်းပြချက် တစ်စုံတစ်ရာကိုတော့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပဲ ပုံမှန်အား ဖြင့်တော့ အဆိုပါ စက်ရုံကနေ ရုရှားဈေးကွက် အတွက် Pajero Sport Midsize SUV ကားတွေကို ထုတ် လုပ်ပေးနေတာပါ။ အဆိုပါ ကားကိုတော့ အခြားသော ဈေးကွက်တွေထဲမှာ Montero Sport ကားအဖြစ် လူသိများကြပါတယ်။ ဒါ့အပြင် စုပေါင်း ကုမ္ပဏီကြီး Stellantis ရဲ့ အဓိက ကားတစ်ချို့ ထုတ်လုပ်ရာစက်ရုံ လည်း ဖြစ်ပြီး Peugeot Traveller ၊ Opel Combo နဲ့ Citroen Berlingo တို့လို စီးပွားဖြစ် အရွယ်အစား အလယ်အလတ်ရှိ Van ကားတွေကိုလည်း ထုတ်လုပ် နေကြတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိတော့ အခု စက်ရုံပိတ်သိမ်းထားမှုကို Stellantis ဘက်က ဘာတစ်ခုမှ မပြောကြားထား သေးပဲ Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာတွေရယ် ၊ အခြားသော ကုန်ကြမ်းပစ္စည်း ဝင်ရောက် နိုင်မယ့် လမ်းကြောင်း တွေ ခက်ခဲမှုရှိနိုင်တာတွေရယ်ကြောင့် ယာယီရပ်နားထားတာ ဖြစ်နိုင်ပါတယ်လို့ တော့လည်း Stellantis ဘက်က အသံ ကြားထားရပြန်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု Mitsubishi ရဲ့ ကြေညာချက် မတိုင်ခင် ကတည်းက ကုမ္ပဏီဘက်ကနေ ရုရှား ဈေးကွက်ထဲ ကားအသစ်တွေ တင်ပို့ရောင်းချတာကို ရပ်တန့်ထား ပြီးသားပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Mitsubishi ကတော့ လက်ရှိမှာထုတ်လုပ်မှုတွေကို သေချာပေါက်ဆိုင်းငံ့ထားတာဖြစ်ပြီး လုံးဝ ထွက်ခွါသွား တဲ့ အဆင့်လို့တော့ ပြောလို့မရသေးပါဘူး။ ဒီ အခြေအနေတွေက မရေရာသေးတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး လက်ရှိ အခြေအနေတွေနဲ့ Semiconductor Chip ပြား ပြတ်လပ်မှုအပေါ်တို့မှာ အများကြီး မူတည်နေပါ တယ်။ ဘာပဲ ပြောပြော ကုန်သွယ်ရေး နဲ့ စီးပွားရေး ပိတ်ဆို့ မှုတွေကတော့ ရုရှားရဲ့ ပြည်တွင်း ကားထုတ် လုပ်ရေးတွေကို ဆိုးဆိုး ရွားရွားပဲ ထိခိုက်စေနိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်လလောက် တုန်းကပဲ Lada ရဲ့ ကားထုတ်လုပ်မှုတွေလည်း ကုန်ကြမ်း မရနိုင်တာကြောင့် ရပ်တန့် လိုက်ရပါပြီ။ Automotive News Europe သတင်း ရဲ့ ဖော်ပြချက်အရ ဆိုရင်လည်း ရုရှား ဈေးကွက်ထဲက ကားသစ် ရောင်းအားတွေဟာ ၆၃ ရာခိုင်နှုန်း အထိကို ကျဆင်းသွားခဲ့ပြီလို့သိရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com