ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်းက Mitsubishi ကုမ္ပဏီရဲ့ တရားဝင် အတည်ပြု ပြောကြားချက် အရတော့ သူတို့ရဲ့ Mitsubishi Ralliart Performance Division ကားတွေဟာ လာမယ့် ၂၀၂၃ အရောက်မှာ အမေရိက ကားဈေးကွက် အတွင်းကို ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကားတွေဖြစ်တဲ့ Outlander ၊ Outlander PHEV ၊ Eclipse Cross ၊ Outlander Sport နဲ့ Mirage တို့ အပါအဝင်ကား အတော်များများကို အခုလိုမျိုး Ralliart Version ကားတွေအဖြစ် Limited Edition ထားကာ သီးသန့်ထုတ်လုပ် ပေးဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Ralliart Version တွေကတော့ အခု တစ်ခေါက်မှာ ဒီဇိုင်းပိုင်းကိုသာ ပိုပြီး အလေးထားပြောင်းလဲ ထားတာမျိုးလည်း ပိုဖြစ်လာ နိုင်ပါတယ်။ Ralliart Version ကားတွေဟာ ဆိုရင်များသော အားဖြင့် ကိုယ်ထည်တောင့်တင်းတာတွေ ၊ Graphics လှပတာတွေ နဲ့ အခြားသော လမ်းကြမ်းမောင်း Rally-Inspire ဖြစ်တဲ့ အပြင်အဆင်တွေနဲ့ နာမည်ကျော်တာလည်း ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒါကြောင့် အခု ကားသစ်တွေမှာလည်း ဒီအပြင်အဆင်တွေအတိုင်း ရလာမှာဖြစ်ကာ အထူးသဖြင့် အဖြူရောင် Diamond အရောင်နဲ့ အနက်ကောင် အမိုးတွေပါလာဖို့ ရှိတယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် ကားသစ် တွေမှာ စွမ်းဆောင်ရည်ပိုင်းက အစတိုးတက်လာဖို့ ရှိမရှိ ဆိုတာကိုတော့ အတည်မပြု ပေးထားသေးပါဘူး။ အဆိုပါ ကားသစ် တွေကတော့ Outlander PHEV နဲ့ Eclipse Cross Ralliart Concept ကားတွေ ပုံစံအတိုင်း အနီးစပ်ဆုံး ဖြစ်လာနိုင်ပြီး အဆိုပါကားတွေကို တော့ ၂၀၂၂ တိုကျို ကားပြပွဲကြီးမှာ ချပြခဲ့ဖူးတာ ဖြစ်ပါတယ်။ အဆိုပါ ပွဲက ကားတွေတုန်း ကလည်း အမြင်ပိုင်းဆိုင်ရာသာ ပြောင်းလဲခဲ့တာ ဖြစ်ပြီး စက်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ထားတာ မျိုးတွေတော့ မတွေ့ခဲ့ရ သေးပါဘူး။

Photo Credit: MotorAuthority

၁၉၈၀ ခုနှစ်တွေ ဝန်းကျင်ကတည်းကစတင်ခဲ့တဲ့ Ralliart ကတော့ Mitsubishi ရဲ့ Motorsports ကား အစီအစဉ်အမျိုးမျိုးအတွက် တာဝန်ယူပြင်ဆင်ပေးရတာလည်းဖြစ်ပါတယ်။ Mitsubishi ရဲ့ အဆိုပါပြိုင်ကား အစီအစဉ် တွေထဲမှာ ဆိုရင်လည်း Daker Rally နဲ့ World Rally Championship တို့လို ပြိုင်ပွဲတွေဝင်မယ့် ကားတွေအထိ ပြင်ဆင်ပေးခဲ့ရတာပါ။ Mitsubishi အနေနဲ့ အခုလိုမျိုး Ralliart ဆိုတဲ့ နာမည်ကို ပြိုင်ကားတွေတင် မကပဲ နောက်ပိုင်းမှာ သာမန်လမ်းမထက်က ကားတွေအတွက်ပါ ဖန်တီးပေးလာခဲ့တာ ဖြစ်ပြီး Lancer Ralliart တို့ဆို ပိုပြီး နာမည် ရခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ အရောက်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနဲ့ အတူ Mitsubishi လည်း Ralliart ကို ခေတ္တ ရပ်နားခဲ့ရပြီး Division ကို လုံးဝခွဲထုတ်လိုက်တာမျိုး မဟုတ်ပေမယ့် အဆင့်တော့ နိမ့်ပြီး အလုပ် တွေလည်း လျှော့ချခဲ့ရတာပါ။ အဆိုပါ အချိန် တုန်းက လုပ်ငန်းကိုအပြီးမနားပဲ ရသလောက်ထိန်းထားနိုင်ခဲ့လို့ပဲ အခု လိုမျိုး Ralliart တစ်‌ကျော့ပြန်လာနိုင်ဖို့ အခွင့်သာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက အတည်ပြု ချက် အရ‌ဆိုရင်တော့ ဈေးကွက် အများအပြားမှာ ရောင်းချနေဆဲ Triton Pickup Truck ရဲ့ Ralliart Version Concept နဲ့ အတူ တစ်ကျော့ပြန်လာ ခဲ့တာပါ။ အဆိုပါ အချိန်တုန်းကတော့ Mitsubishi CEO ဖြစ်သူ Takao Kate အနေနဲ့ Ralliart ကို ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေပါ ထည့်သွင်းပြုပြင်ပြီး ပြိုင်ကားလောကအတွက် တစ်ကျော့ ပြန်လာ ဖို့ ကြိုးစားသင့်ပြီလို့လည်း ဆိုသွားခဲ့သေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority