Mitsubishi အနေနဲ့ D:5 Delica ဆိုတဲ့ ကားလေးရဲ့ Facelifted Version ရုပ်ထွက်အသစ်နဲ့ ကားသစ်ကို ၂၀၁၈ ကတည်းက နောက်ဆုံး မိတ်ဆက်ခဲ့တာဖြစ်လို့ အချိန်အတော် ကြာရှိခဲ့ပြီးပါပြီ။ Mitsubishi ရဲ့ Dynamic Shield လို့ အမည်ရတဲ့ ဒီဇိုင်းအသစ်ကိုသုံးထားတဲ့ ကားမျက်နှာစာပုံစံသစ်နဲ့အတူ AWC Four-Wheel Drive စနစ်တို့နဲ့ ပေါ်ထွက်ခဲ့တဲ့ အဆိုပါ လမ်းကြမ်းပိုင်းရ လူအများဆံ့ ကားလေးကတော့ လူကြိုက် များစရာ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် နောက်ပိုင်းမှာ ဂျပန် ပြည်တွင်း ဈေးကွက်တင်မကပဲ ပြင်ပဈေးကွက်တွေ အထိပါ ဝယ်လိုအား တွေရှိလာခဲ့တာပါ။ ဒါ့အပြင် အခုအချိန်ထိလည်း အဆိုပါ ကားလေးကတော့ အမေရိကလို ကားဈေးကွက် မျိုးတွေမှာပါ ရွေးလို့ကောင်းတဲ့ ကားတစ်မျိုးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ညာမောင်းတွေချည်းပဲ သီးသန့်ဖြစ်တဲ့ တစ်ချို့သော ဈေးကွက်တွေ ဥပမာထိုင်းလို ဈေးကွက်တွေ အထိ တင်ပို့တာက ရှိတော့ရှိပေမယ့် အတော်လေး ရှားလာတာ ကြာတောင့် ဂျပန်ပြည်တွင်းမှာကိုပဲ ထုတ်လုပ်မှု နည်းလာတာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

Photo Credit: motor 1.com

တစ်ဖက်မှာတော့ ဘယ်မောင်းတွေချည်းပဲဖြစ်တဲ့ အမေရိကဈေးကွက်လို ဈေးကွက်တွေအထဲ ထိကိုရော တရားဝင် ရောက်လာ နိုင်ဦးမလား ဆိုတာက မေးခွန်းတစ်ခု ဖြစ်လာ ပြန်ပါတယ်။ အဆိုပါ မေးခွန်းအတွက် အဖြေတစ်ခုကိုတော့ 2022 Asia Cross Country Rally ပွဲမှာ Mitsubishi ရဲ့ Executive Vice President ဖြစ်သူ Takanobu Suzuki က အဖြေပေးနိုင်ခဲ့ပါတယ်။ ၎င်းကတော့ အဆိုပါ ကားတွေဟာ ညာမောင်း သီးသန့်လာတာ ဖြစ်ပေမယ့်လည်း လူများများဆံ့တဲ့ ကားပုံစံကို သဘောကျတဲ့ ဈေးကွက်တွေ ဆီကိုလည်း အကန့်အသတ်မရှိ စဉ်းစားပေးလာ နိုင်ပါတယ်လို့ ဖြေကြားပေးလာခဲ့တာပါ။

Photo Credit: motor 1.com

ဒါပေမယ့် ညာမောင်းဖြစ်တဲ့ ထိုင်းလိုဈေးကွက်ကိုတောင် အကန့်အသတ်နဲ့ပဲ ရှားရှားပါးပါး ရောက်ရှိတာတွေ့ရပြီး ဖိလစ်ပိုင်လို ကားဈေးကွက်မှာဆိုရင် ရတောင် မရနိုင်တာကြောင့် အခြားသော မောင်းနှင်ပုံခြင်းမတူ တဲ့ ဈေးကွက်တွေ ဆီဆိုတာ ပြောရခက် ခဲ နေသေးတယ်လို့လည်း ၎င်းက ဖြေကြားထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကြိုက်များလာကြတဲ့ SUV ကားတစ်စီးဖြစ်တာ ကြောင့် နိုင်ငံတကာ SUV ကားဈေးကွက်တွေ ကို လေ့လာပြီး ဖြစ်နိုင်ချေတွေကို ထည့်တွက်သွားဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Mitsubishi ကလည်း SUV နဲ့ Pickup Segment ကားအပိုင်းတွေကို ပိုအာရုံစိုက်နေပြီးလာမယ့် နှစ်တွေ အတွင်းမှာ တင်ပဲ Pickup ကားတစ်မျိုးနဲ့ SUV ကားသစ် ၂ မျိုးကို မိတ်ဆက်လာမှာပါ။ အဆိုပါ SUV ၂ မျိုးထဲက တစ်မျိုး ကတော့ Mitsubishi XFC Concept အဖြစ်  လူသိများထားပြီး လာမယ့်နှစ် အနည်းငယ် လောက်မှာ တင်ပဲ ဈေးကွက်ထဲ မိတ်ဆက် ပေးလာနိုင်ပါတယ်။

Ref: motor 1.com